
တနင်္ဂနွေ - ဘယ်ကိစ္စမဆို ကိုယ်လုပ်လိုက်တိုင်း အဆင်မပြေဘဲ ဖြစ်နေမယ်။ အထက်လူကြီးတွေ၊ ကိုယ့်ထက် သြဇာအာဏာကြီးသူတွေနဲ့ အငြင်းပွားရတာမျိုး ဖြစ်တတ်တယ်။ တစ်နေ့လုံးမှာ စိတ်ညစ်စရာတွေ များတတ်ပြီး ပူပန်ကြောင့်ကျရတာတွေ ဖြစ်နေမယ်။ အလုပ်တွေကလည်း တာဝန်ပိတာ၊ ဖိအားများတာမျိုး ဖြစ်နေလိမ့်မယ်။ ငွေဝင်ခါနီးမှ ကြန့်ကြာနှောင့်နှေးတတ်တယ်။ မေတ္တာရေးမှာတော့ ကံကောင်းမယ်။ စိတ်ချမ်းသာမှု ရလာမယ်။ ဒီနေ့ ညနေ ၅ နဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဖခင် (သို့) ကြီးကဲသူကို စားချင်တာလေး ကျွေးရမယ်။ အကျိုးပေးဂဏန်းက ၅၆ နဲ့ ၂၆ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က အပြာရောင်၊ အဝါရောင်တွေ ဖြစ်တယ်။
ညံ့
တနင်္လာ - ပျော်စရာရွှင်စရာကိစ္စတွေ ဖြစ်ပေါ်လာတတ်တယ်။ ကိုယ်ကို ချစ်ခင်အလေးထားလို့ ကိုယ်ကိစ္စတွေပါ အောင်မြင်အဆင်ပြေဖို့ လွယ်ကူမယ်။ အိမ်မှာ မကပ်ဘဲ အသွားအလာတွေ၊ ခရီးယာယီတွေ ပေါ်လာလိမ့်မယ်။ ကိုယ်နဲ့မဆိုင်တာတွေမှာ ဝင်မပါဖို့ သတိပြုရမယ်။ မဟုတ်ရင် သူများပြဿနာက အပူကူးစက်မယ်။ အလုပ်နဲ့ ငွေကြေးပိုင်းမှာ အတော်အသင့် အဆင်ပြေမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ တလွဲတချော်တွေ ဖြစ်နေမယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ မိခင် (သို့) အဒေါ်ကို စားချင်တာ ကျွေးရမယ်။ ဒီနေ့မှာ အကျိုးပေးဂဏန်းက ၂၂ နဲ့ ၂၃ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အဖြူနဲ့ ပန်းရောင်တွေပဲ ဖြစ်တယ်။
ကောင်း
အင်္ဂါ - တစ်နေ့တာအတွင်း အလုပ်နဲ့ ပတ်သက်လို့ အကြံအစည်တွေ ပျက်တတ်တယ်။ ရည်ရွယ်ထားတာတွေနဲ့ ဖြစ်လာတာတွေက တစ်ခြားစီ ကြုံရလိမ့်မယ်။ ဒါပေမယ့် ရပ်ဝေးကနေဖြစ်စေ၊ လူမျိုးခြားကနေ ဖြစ်စေ ကိုယ့်ကို အကျိုးပြု ကူညီလိမ့်မယ်။ အလုပ်အကိုင်၊ စီးပွားရေးမှာ အတော်လေး ရုန်းကန်ရတာ၊ ငွေရဖို့ စောင့်ပေးရတာမျိုး ဖြစ်နေမယ်။ ကျန်းမာရေး ချူချာတတ်တယ်။ မေတ္တာရေးမှာ ရှုပ်ထွေးမှု ဖြစ်တတ်ပြီး အာရုံများနေရလိမ့်မယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ နှင်းဆီတစ်ပွင့် (ဆူးချွေပြီး) ကပ်လှူပေးရမယ်။ အကျိုးပေးဂဏန်းက ၃၃ နဲ့ ၇၇ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်ကတော့ အနီရင့်နဲ့ နက်ပြာတွေ ဖြစ်တယ်။
သင့်
MPT IPTV သို့သွားရန်နှိပ်ပါ
ဗုဒ္ဓဟူး - တစ်နေ့လုံး ဘာလုပ်လုပ် အဆင်မပြေတာတွေ ဖြစ်နေမယ်။ ကြံစည်လုပ်ကိုင်သမျှတွေက အလုပ်မဖြစ် မအောင်မြင်ဘဲ ဒီတိုင်းပစ်ထားရတတ်တယ်။ အလုပ်အကိုင်၊ စီးပွားကံ အားနည်းနိုင်တယ်။ ငွေအပေးအယူတွေ သတိထား လုပ်ရမယ်။ လုပ်ငန်းခွင်မှာလည်း အနှောင့်အယှက် များတတ်တယ်။ ငွေဝင်ခါနီး စိတ်ညစ်စရာတွေ ဖြစ်ပေါ်တတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စန်းပွင့်ပြီး အရှုပ်အရှင်း ဖြစ်တတ်တယ်။ အပျော်များမယ်။ ဒီနေ့ မနက် ၉ နဲ့ ၁၀ ကြား ကံကောင်းချိန် ဖြစ်တယ်။ နွမ်းပါးသူတွေကို အချိုရည် လှူပေးရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က အဝါနဲ့ အဖြူဆွတ်ဆွတ် ဖြစ်ပြီး အကျိုးပေးဂဏန်းက ၂၅ နဲ့ ၉၅ ပဲ ဖြစ်တယ်။
ညံ့
ရာဟု - ဒီနေ့မှာ လူရောစိတ်ပါ ညိုးနွမ်းစရာတွေ မြင်ရကြုံရတတ်တယ်။ စိတ်ဖိစီးစရာကိစ္စတွေလည်း ကြုံရမယ်။ အလုပ်မှာ အနှောင့်အယှက်တွေကြားက လုပ်နေရတတ်တယ်။ အလုပ်မှာ မပျော်ဘဲ အဆင်ပြေသလို ဖန်တီးပြီး လည်ပတ်နေရမယ်။ ငွေရေးကြေးရေးမှာ စိတ်ရှုပ်ရတာတွေ များမယ်။ အပြောအဆိုအငြင်းအခုံတွေ ဖြစ်နေမယ်။ ကိုယ့်ကိစ္စကိုယ်မလုပ်ရဘဲ သူများကိစ္စ၊သူများတာဝန်တွေ ယူရတတ်တယ်။ နှလုံးသားရေးမှာ ကံကောင်းမယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားစေတီ၊ ဘုန်းကြီးကျောင်းမှာ သန့်ရှင်းပေးရမယ်။ အကျိုးပေးဂဏန်းက ၅၅ နဲ့ ၆၆ အပူး ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က အဝါဖျော့နဲ့ အပြာတွေ ဖြစ်တယ်။
ညံ့
ကြာသပတေး - ကျန်းမာရေးရော ကိုယ်ရေးကိုယ်တာကိစ္စမှာပါ စိတ်ထဲ မရှင်းမလင်းတွေ ဖြစ်မယ်။ ဒီနေ့မှာက ဘာပဲလုပ်လုပ် အနှောင့်အသွား မလွတ်တာတွေ များမယ်။ ကိုယ့်ကို အတိုက်အခံ လုပ်တာ၊ ရန်ပြုတာတွေနဲ့ ရင်ဆိုင်ရတတ်တယ်။ လူမှုရေးကိစ္စတွေလည်း များတတ်တယ်။ အလုပ်အကိုင်၊ စီးပွားရေးမှာ ကြိုးစားလေလေ အကျိုးရှိလေလေ ဖြစ်မယ်။ ငွေဝင်လမ်းကြောင်းတစ်ခုမက ပေါ်မယ်။ မေတ္တာရေးမှာ စိတ်ချမ်းသာရလိမ့်မယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ပန်းသီးဖျော်ရည် ကပ်လှူရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က အနီရင့်နဲ့ ပန်းရောင်တွေ ဖြစ်ပြီး အကျိုးပေးဂဏန်းက ၂၃ နဲ့ ၂၅ တွေ ဖြစ်တယ်။
သင့်
သောကြာ - မလုပ်ဖူးတာတွေ လုပ်ရတတ်ပြီး မကြုံဖူးတာတွေလည်း ကြုံရတတ်တယ်။ အလုပ်အကိုင်ကိစ္စတွေ၊ ငွေကြေးကိစ္စတွေမှာ စိတ်ညစ်ခံသလောက် အကျိုးအမြတ် ရတတ်တယ်။ ကိုယ့်ကို နေရာပေး၊ အခွင့်အရေးတွေ ပေးတာမျိုးလည်း ကြုံရတတ်တယ်။ လူတွေက ကိုယ်လုပ်တာတွေကို အသိအမှတ်ပြုလာကြမယ်။ ငွေဝင်ပေမဲ့ ပြန်ကုန်လွယ်တတ်တယ်။ အိမ်တွင်းရေး ပြဿနာ ဖြစ်တတ်တယ်။ နှလုံးသားရေးမှာ စိတ်ညစ်စရာ များမယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ နန်းကြီးသုပ် ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၆၇ နဲ့ ၃၆ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က ရောင်စုံကွက်နဲ့ အနီရင့် ဖြစ်တယ်။
သင့်
စနေ - ကံစမ်းဉာဏ်စမ်းကိစ္စတွေမှာ အောင်မြင်တတ်တယ်။ ဒါပေမယ့် အလကားနေရင်း သူများက အမြင်ကပ်၊ အမုန်းပွားတာတွေ ခံရတတ်တယ်။ ကိုယ်ချစ်ရသူတွေနဲ့ ပတ်သက်လို့ စိတ်မကောင်းစရာတွေ ခံစားရလိမ့်မယ်။ အလုပ်မှာ ပျက်ကွက်လိုက်၊ ပြန်ကြိုးစားလိုက်နဲ့ သောကတွေ များရတတ်တယ်။ ငွေဝင်ပေမယ့် လက်ထဲမမြဲဘဲ ပြန်ကုန်လွယ်လိမ့်မယ်။ အိမ်တွင်းရေးအပူတွေ များတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးလည်း ပူပန်ရမယ်။ ဒီနေ့ မွန်းလွဲ ၁၂ ခွဲနဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ နွားနို့တစ်ခွက် ကပ်လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၇၇ နဲ့ ၀၅ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အနက်နဲ့ ဝါကျင့်ကျင့် ဖြစ်တယ်။
သင့်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope