
လတိုင်းလတိုင်းမှာ လူတိုင်းလူတိုင်းဟာ အကြောင်းပြချက်တစ်ခုခုကြောင့် ခရီးသွားတာပဲဖြစ်ဖြစ် ၊ အပျော်အပါးခရီးသွားတာပဲဖြစ်ဖြစ် ခရီးသွားရင် သတိထားပြီးတော့ မိမိတို့ လုပ်ကိုင်မှသာလျှင် အန္တာရာယ်ကင်းပြီးတော့ လိုရာပန်းတိုင်ကို ရောက်မှာဖြစ်ပါတယ်။
ခရီးသွားတဲ့အခါမှာ အမှတ်တမဲ့အနေနဲ့ ပြီးပြီးရော သွားတဲ့အခါမှာကတော့ မိမိအတွက် အဆင်မပြေ တတ်ပါဘူး။ အန္တာရာယ်တွေလည်း ရှိတတ်ပါတယ်။ လိုရာပန်းတိုင်ကို မရောက်ဘဲနဲ့လည်း ဖြစ်တတ်ပါတယ်။
ခရီးသွားတဲ့အခါမှာ အရေးကြီးတာဖြစ်တဲ့အတွက် ခရီးသွားတာနဲ့ပတ်သက်ပြီး တင်ပြပေးခြင်းဖြစ်ပါတယ်။ ခရီးသွားတဲ့အခါမှာ မိမိရဲ့အကြံအစည်တွေအောင်မြင်အောင် ၊ ကိုယ်ရဲ့ရည်မှန်းချက် ပန်းတိုင်တွေ ရောက်အောင်ကတော့ ခရီးသွားရင် ရွတ်ရမယ့် ဂါထာကို (၇)ခေါက် အမြဲတမ်းရွတ်ပေးရမှာ ဖြစ်ပါတယ်။
ဂါထာလေးကတော့
" ကတာ မေ ရက်ခာ၊
ကတံ မေ ပရိတ်တံ။
ပဋိက်ကမန်တု ဘူတာနိ၊
သောဟံ နမော ဘဂဝတော။
နာမော သတ်တန်နံ သမ်မာသမ်ဗုဒ်ဓါ နံ"” ဆိုပြီးတော့ ရွတ်ပေးရမှာ ဖြစ်ပါတယ်။ ဒီဂါထာလေးကို မဖြစ်မနေရွတ်ပြီးသွားလို့ချင်ရင် အန္တရာယ်လည်းကင်းသလို မိမိတို့ရဲ့ လိုရာပန်းတိုင်ကိုလည်း ရောက်မှာ ဖြစ်ပါတယ်။
နောက်တစ်ခုကလည်းဘဲ ခရီးသွားတဲ့အခါမှာ အန္တရာယ်တွေလုံး၀ မဖြစ်အောင် အထူးသီးသန့်ရွတ်ရမယ့် ဂါထာကတော့ “ သမ္ဗုဒ္ဓေ” ဂါထာဘဲ ဖြစ်ပါတယ်။ လှေစီးတာတို့ ၊ လှည်းစီးတာတို့ ၊ လေယာဉ်စီးတာတို့ ၊ ရထားစီးတာတို့ဆိုရင် မဖြစ်မနေ “ သမ္ဗုဒ္ဓေ” ဂါထာကို (၈) ခေါက်ရွတ်ပေးရပါမယ်။
ကိုယ်က ရထားပေါ်ရောက်ပြီး စပြီး မထွက်ခင်မှာဘဲ ဖြစ်ဖြစ် ၊ ကားပေါ်ရောက်ပြီး စပြီး မထွက်ခင်မှာဘဲဖြစ်ဖြစ် ၊ လေယာဉ်ပေါ်ရောက်လို့ မထွက်ခင်မှာဘဲဖြစ်ဖြစ် မထွက်ခင်လေးမှာ ဂါထာကို ရွတ်ရမှာဖြစ်ပါတယ်။
ပွင့်တော်မူပြီးတော့ မြတ်စွာဘုရားတွေကို (ဂုဏ်တော်) ရည်မှန်းပြီးတော့ ကြည်ညိုပြီးတော့ မိမိစိတ်ထဲ နှလုံးသားထဲကနေပြီး စိတ်ထဲကနေ ရှိခိုးပြီးတော့ ပါးစပ်ကနေရွတ်ရမှာဖြစ်ပါတယ်။
အဲဒါကတော့ -
သမ်ဗုဒ်ဓေ အဌဝီသဉ်စ ၊ ဒါှဒသဉ်စ သဟူကေ။
ပဉ္စဿတ သဟဿာနိ ၊ နမာမိ သိရသာမဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ ၊ အနန္တာ နိဗ္ဗုတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ ၊ အာဒရေန နမာမဟံ။
နမက္ကာရာ နုဘာဝေန ၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ ၊ ဝိနဿန္တု ၊ အသေသတော ဆိုတဲ့ဂါထာကို (၈) ခေါက်ရွတ်ရမှာ ဖြစ်ပါတယ်။
သမ္ဗုဒ္ဓေဂါထာရဲ့ အဓိပ္ပာယ်ကလည်း ပွင့်တော်မူပြီးတဲ့ မြတ်စွာဘုရားတွေကို (ဂုဏ်တော်) ရည်မှန်းပြီးတော့ ရင်ထဲနှလုံးသားထဲကနေပြီးတော့ ရှိခိုးရမှာ ဖြစ်ပါတယ်။ အဲလိုရှစ်ခိုးပြီး (၈)ခေါက်ရွတ်ပြီးတော့မှ သွားမယ်ဆိုလို့ချင်ရင် မိမိတို့ အန္တာရာယ်တွေလည်း ကင်းမယ်။ အနှောင့်အယှက်တွေလည်း ကင်းမယ်။ လိုရာပန်းတိုင်ကိုလည်း ရောက်မှာဖြစ်ပါတယ်။
အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။
ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope