
လက္ခဏာပညာရပ်မှ ချမ်းသာခြင်းအတွက် ထူးခြားသော ငွေကြေးဆိုင်ရာ တြိဂံအမှတ်အသား အကြောင်းကို တင်ပြလိုပါတယ်။ ဒီအမှတ်အသားပါရင် သင်ဟာ ချမ်းသာကြီးသူ၊ လက်နှင့် ငွေမပြတ်သူအဖြစ် ထင်ရှားကျော်ကြားသူဖြစ်နိုင်ပါတယ်။ ဒါကြောင့်အလွန်အရေးကြီးတဲ့ ချမ်းသာခြင်းဆိုင်ရာ လက်ဖဝါးပေါ်မှာတြိဂံအမှတ်အသားအကြောင်းကို တင်ပြလိုက်ရပါတယ်။
နှလုံးလမ်းကြောင်းပေါ်မှာ တြိဂံပါနေခဲ့ရင် ထိုလက္ခဏာရှင်အများစုဟာ ငွေကြေးကံကောင်းတတ်ကြပြီး မိမိချစ်သူ၊ အိမ်ထောင်ဘက်ရဲ့ အကျိုးကျေးဇူးကို ရရှိခံစားရတတ်ပါလိမ့်မယ်။
အိမ်ထောင်ဘက်ကြောင့် ငွေဝင်များပြီး ငွေကြေးကံကောင်းတတ်ကြပါတယ်။ ချစ်ခြင်းမေတ္တာ တရားကြောင့် အိမ်ထောင်ဘက်နှင့် အဆင်ပြေပြေနေထိုင်နေရပြီး ချမ်းချမ်းသာသာနေထိုင်ရမယ့် လက္ခဏာပိုင်ရှင်ဖြစ်ပါတယ်။
မိမိအိမ်ထောင်ဘက်ရဲ့ အကျိုးကျေးဇူးများ ခံစားရတတ်ပြီး ဘဝတွင် ငွေကြေးအစုလိုက်ရခြင်း၊ လုပ်အားစိုက်ထုတ်ရသလောက် အကျိုးပေးကောင်းပြီး ၊လုပ်သမျှအောင်မြင်သော ကုန်သွယ်စီးပွားရေး သမားဖြစ်ခြင်း၊ အလွန်အောင်မြင်လာပြီး လက်ဖျားငွေသီးနေတတ်သူဖြစ်ပါတယ်။
အဲဒီလိုတြိဂံပါရှိတဲ့သူဟာ အလွန်ဘဲ ငွေရွှင်တဲ့သူဖြစ်တယ်။ သူက ကိုယ်ပိုင်လုပ်ငန်းလည်း လုပ်ဖြစ်တတ်သလို ဝန်ထမ်းလည်းဖြစ်တတ်ပါတယ်။ ဒါပေမယ့် သူလုပ်ကိုင်ရတဲ့ အလုပ်ပေါ်ကနေ အလွန်အဆင်ပြေပြီး ငွေအလွန်ဝင်တဲ့သူဖြစ်ပါတယ်။ ရာထူးကြီးကြီးတွေ၊ ညွှန်ကြားရေးမှူး၊ (C-E-O) ရာထူးမျိုးတွေ ဖြစ်ပြီး အလွန်ချမ်းသာလာတာမျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီတြိဂံ အမှတ်အသားဟာ ငွေကြေးအတွက် ကောင်းတဲ့ အမှတ်အသားတစ်ခုဖြစ်ပါတယ်။
ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။#lotaya_horoscope