
လူတိုင်းလူတိုင်းဟာ စားဝတ်နေရေးအတွက် ဖြတ်သန်းကြတဲ့အခါမှာ စီးပွားလာဘ်လာဘများ ရှာကြရပါတယ်။ မိမိတို့လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ တချို့ဆိုရင် သောကတွေနဲ့များပြီး လုပ်ရကိုင်ရတဲ့ ကိစ္စတွေမှာ အဆင်မပြေမှုတွေများ သောကဗျာပါဒများပြီး စားဝတ်နေရေးအတွက် အဆင်မပြေမှုတွေ ရှိတတ်ပါတယ်။
ဘဝအတွက် ဖြတ်သန်းတဲ့အခါမှာ စီးပွားလာဘ်လာဘတွေက မိမိတို့ စားဝတ်နေရေးအတွက် ရှာကြံပြီး နေထိုင်ရတဲ့အခါမှာ တစ်ဖက်တလှမ်းကနေပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မိမိလုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ မှန်မှန်ကန်ကန်နဲ့ ပုံမှန်လေး လုပ်ကိုင်ဆောင်ရွက်နိုင်အောင် လုပ်ကိုင်ရမယ့် ယတြာဖြစ်တဲ့ (တနည်းအားဖြင့်) ကုသိုလ်ကောင်းမှုဖြစ်တဲ့ ရွတ်ဖတ်ရမယ့် ပုတီးစိပ်ရမယ့် ဂါထာဖြစ်ပါတယ်။
နမော (၅) မျိုး စီးပွားတိုးဆိုတဲ့ နမောတဿကို (၅) မျိုးခွဲပြီးတော့ ရွတ်ဖတ်ပွားများတဲ့ အစီအစဉ်ဘဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို လုပ်တဲ့အခါမှာ ဂါထာတွေ အထူးဘဲ ကျက်နေစရာ မလိုသလို ဒီဂါထာကို မရလို့ စိတ်ပူစရာမရှိပါဘူး။ ဒါက လူတိုင်းရပြီးသားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လွယ်လွယ်ကူကူနဲ့ အမြဲတမ်း ပွားများမယ်ဆိုရင် မိမိအတွက် ကြီးမားတဲ့ အခွင့်အရေးတွေ ဘဝမှာ အေးအေးချမ်းချမ်းနဲ့ စီးပွားလာဘ်လာဘများ ရရှိစေမှာ ဖြစ်ပါတယ်။
မြတ်စွာဘုရားလက်ထက်တော်မှာ ကလေးလေး တစ်ယောက်ဟာ နမောဗုဒ္ဓဿ တစ်ခုကိုဘဲ အဓိကအားဖြင့် သူက အမြဲတမ်း ရွတ်ဆိုပါတယ်။ အဲလိုရွတ်ဆိုတဲ့အတွက် ဘီလူးစားမယ့်ဘေးက လွတ်ကင်းမယ့်အပြင်ကို ဘဝမှာ ချမ်းသာမှုတွေ ၊ အောင်မြင်မှုတွေ ၊ တိုးတက်မှုတွေ ရသွားပါတယ်။
ကိုယ်က အမြဲတမ်း ထုံပြီးတော့ ဒီအပေါ်မှာ အသံနေအထား မှန်မှန်ကန်ကန် ရွတ်ဖတ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုရွတ်ဖတ်တဲ့အခါမှာ လိုချင်တဲ့စိတ်နဲ့ ရွတ်ဖတ်ရင်တော့ မရပါဘူး။ ဒီဂါထာကို ကိုယ်က ကျင့်ကြံပွားများမယ် ၊ အမြဲတမ်းထုံမွှမ်းပြီးတော့ ဆောင်ရွက်မယ်ဆိုရင်တော့ ထူးထူးခြားခြား ဘဝမှာ အောင်မြင်မှုတွေ ၊ တိုးတက်မှုတွေကို ရမှာ ဖြစ်ပါတယ်။
အဲဒီတော့ ဆောင်ရွက်ပုံ ဆောင်ရွက်နည်းတွေကလည်း မခက်ပါဘူး။ လွယ်လွယ်လေးပါဘဲ။ ဘယ်လိုလုပ်ရမလဲ ဆိုလို့ချင်ရင် -
နမောတဿ ကို ပုတီး (၁) လုံးချ ၊ (၃) ပတ်စိပ်ရမယ်
နမောတဿ ဘဂဝတောကို ပုတီး (၁) လုံးချ ၊ (၃) ပတ်စိပ်ရမယ်
နမောတဿ အရဟတော ကို ပုတီး (၁) လုံးချ ၊ (၃) ပတ်စိပ်ရမယ်
နမောတဿ သမ္မာ သမ္ဗုဒ္ဓဿ ကို ပုတီး (၁) လုံးချ ၊ (၃) ပတ်စိပ်ရမယ်
နမောတဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ ဆိုပြီးတော့ အပြည့်အစုံကိုလည်း ပုတီး (၁) လုံးချ (၃) ပတ်စိပ်ရမှာ ဖြစ်ပါတယ်။
နမော (၅) ချက်မှာ - နမောတဿ (၃) ပတ် ၊ နမောတဿ ဘဂဝတော (၃) ပတ် ၊ နမောတဿ အရဟတော (၃) ပတ် ၊ နမောတဿ သမ္မာ သမ္ဗုဒ္ဓဿ (၃) ပတ် ၊ နမောတဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ (၃) ပတ် ကို တစ်နေ့ကို နေ့စဉ်စိပ်ရင် အဆင်ပြေပါလိမ့်မယ်။ ဒီထက်ပိုပြီးတော့ များများစိပ်လေ ကောင်းလေပါ။
ကိုယ်က တတ်နိုင်လို့ တစ်နေ့ကို (၃) ပတ်စီ စိပ်မယ်ဆိုရင်လည်း (၃) ပတ်စီစိပ်ပါ။ ဒီထက်အချိန်ပိုရရင် တစ်မျိူးကို (၉) ပတ် ၊ တစ်မျိုးကို (၂၇) ပတ် လောက်ထိ စိပ်နိုင်တယ်ဆိုရင်လည်း စိပ်ပါ။
အဲဒီတော့ မိမိလုပ်ကိုင်ဆောင်ရွက်တဲ့ကိစ္စတွေမှာ ထူးထူးခြားခြားနဲ့ အောင်မြင်မှာ ဖြစ်ပါတယ်။ အဲလို ပုတီးစိပ်ပြီးတော့ မေတ္တာပို့တာတွေ ၊ အမျှဝေတာတွေ (ဒါမှမဟုတ်) မေတ္တာပွားတာတွေ ၊ မေတ္တသုတ်ရွတ်တာတွေလည်း ဆက်ပြီးတော့ လုပ်ပေးရမှာ ဖြစ်ပါတယ် ပိုပြီးတော့ ထိထိရောက်ရောက်နဲ့ အောင်မြင်မှာ ဖြစ်ပါတယ်။ အကျိုးပေးမှာ ဖြစ်ပါတယ်။
ဒါဆိုရင် ကိုယ်က ဘယ်လုပ်ငန်းဘဲလုပ်လုပ် အားနေတဲ့အချိန်မှာ နမော (၅) မျိုး စီးပွားတိုးဂါထာလေးကို ပုတီးစိပ်ပြီးတော့ မိမိက ကုသိုလ်စိတ်လေးနဲ့ နေမယ်ဆိုရင်တော့ တစ်နေ့ထက်တစ်နေ့ တစထက်တစ အောင်မြင်ကြီးပွား အန္တာရာယ်ကင်းပြီးတော့ စီးပွားလာဘ်လာဘ တိုးပြီး ဘဝမှာ အေးအေးချမ်းချမ်းနဲ့ အဆင်ပြေပြေ သာသာယာယာနဲ့ နေနိုင်မှာဖြစ်ပါတယ်။
အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒ ပြည့်ဝကြပါစေ ခင်ဗျာ့။
ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope