သြဂုတ် ၂၆ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2023-08-26

တနင်္ဂနွေ - အလုပ်အကိုင်နဲ့ ပတ်သက်လို့ အခွင့်ကောင်းတွေ ပေါ်လာတတ်တယ်။ ကိုယ်လုပ်နေတာတွေလည်း အောင်မြင်မှု ရလိမ့်မယ်။ အလုပ်သစ်၊ နယ်ပယ်သစ်တွေ စတင်လို့ ကောင်းတယ်။ အခွင့်အရေးတွေ လက်ထဲ ရောက်လာမယ်။ လူကြီးသူမတွေ၊ အာဏာပိုင်တွေဆီက အကူအညီတွေ ရတတ်တယ်။ အစိုးရနဲ့ ဆက်စပ်တဲ့ လုပ်ငန်းဆောင်တာတွေ အလွယ်ပြီးမြောက်မယ်။ ငွေဝင်ကိန်း ရှိတယ်။ မေတ္တာရေးကတော့ ကံခေတတ်တယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အလင်းတိုင် ၉ တိုင် ပူဇော်ရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က အဖြူဖျော့နဲ့ လိမ္မော်ရောင် ဖြစ်ပြီး ၁၂ နဲ့ ၁၉ က အကျိုးပေးဂဏန်း ဖြစ်တယ်။

ကောင်း

တနင်္လာ - အကောင်းနဲ့ အဆိုးတွေ ရောထွေးနေတတ်တဲ့နေ့ ဖြစ်တယ်။ မရောက်ဖူးတာတွေ ရောက်တတ်သလို မကြုံဖူးတာတွေလည်း ကြုံရတတ်တယ်။ မမျှော်လင့်ဘဲ ခရီးတွေလည်း ပေါ်လာတတ်တယ်။ နိုင်ငံရပ်ခြားတွေနဲ့ ပတ်သက်တဲ့ကိစ္စမှာ အဆင်ပြေကိန်း ရှိတယ်။ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ၊ ငွေကြေးကိစ္စတွေတော့ အခက်တွေ့နိုင်တယ်။ ငွေအထွက် များတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဆူဆူပူပူတွေ ဖြစ်နေမယ်။ ဒီနေ့ မနက် ၈ ခွဲနဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ကျောက်ကျော ကပ်လှူရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က အဖြူနဲ့ မိုးပြာရောင် ဖြစ်ပြီး ၂၀ နဲ့ ၇၉ က အကျိုးပေးဂဏန်းတွေပဲ ဖြစ်တယ်။

သင့်

အင်္ဂါ - ဒီနေ့မှာ မိမိကိုယ်တိုင်က စိတ်အလိုလိုက်လွယ်၊ ဒေါသထွက်လွယ်တတ်လို့ တစ်ခုခုဆိုရင် စိတ်လျှော့ သည်းခံလိုက်တာ ကောင်းမယ်။ အလကားနေရင်း စွပ်စွဲခံရတာ၊ ပြစ်တင်ဝေဖန်ခံရတာမျိုး ကြုံတတ်တယ်။ အလုပ်တွေကလည်း တစ်နေ့လုံး သိပ်အဆင်ပြေတာမျိုး မရှိဘဲ ခက်ခဲရတာ၊ ရုန်းကန်ရတာလေးတွေ ဖြစ်မယ်။မိတ်ဆွေရင်းချာတွေနဲ့ စကားများရတတ်တယ်။ ချစ်ရေးချစ်ရာကံတော့ ကောင်းမယ်။ စန်းပွင့်နေတတ်တယ်။ ဒီနေ့ မွန်းလွဲ ၁၂ ခွဲနဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ မသန်စွမ်းသူကို စားစရာ ကူညီရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၇၄ နဲ့ ၇၈ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က စိမ်းဖျော့နဲ့ နက်ပြာရောင်တွေ ဖြစ်တယ်။

ညံ့


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူး - မိတ်ဆွေတွေ၊ ပတ်ဝန်းကျင်ကောင်းတွေရဲ့ကူညီစောင့်ရှောက်မှု ရမယ်။ ကိုယ်တိုင်က အတွေးများပြီး အာရုံ မရ ဖြစ်နေလို့ ဘာလုပ်လုပ် နှစ်ခါပြန် လုပ်ရတာ၊ တခါတည်းနဲ့ လက်စမသတ်နိုင်တာတွေ များနေမယ်။ ဟိုဟာကောင်းနိုး၊ ဒီဟာကောင်းနိုးနဲ့ မပြတ်မသားတွေ ဖြစ်လိမ့်မယ်။ အလုပ်တွေ ကောင်းမလိုနဲ့ မရေမရာတွေ ဖြစ်မယ်။ တစ်ခုခုဆို မိတ်ဆွေတွေနဲ့ တိုင်ပင်လုပ်ရမယ်။ မေတ္တာရေးမှာတော့ အချင်းချင်း နားလည်မှု လွဲမယ်။ ဒီနေ့ ညနေ ၅ နဲ့ ၆ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဗယာကြော် ၄ ခု ကပ်လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၂၉ နဲ့ ၅၉ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က နို့နှစ်ရောင်၊ အဝါဖျော့ရောင် ဖြစ်တယ်။

သင့်

ရာဟု - ဒီတစ်နေ့လုံး ဘာလုပ်လုပ် စိတ်တိုင်းမကျစရာတွေ များမယ်။ ကိုယ်တိုင်ကလည်း ဘာကိုမှ ပီပီပြင်ပြင် မဆုံးဖြတ်နိုင်ဘဲ စိတ်တွေ ဝေဝါးနေတတ်တယ်။ အလုပ်အကိုင်လေး ကောင်းချင်ပေမယ့် ကိုယ်တိုင်က စိတ်ပါ လက်ပါ မရှိဘဲ ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် လုပ်ငန်းစီးပွားကိစ္စမှာ သူ့အရှိန်နဲ့သူ ဆက်ပြီး အဆင်ပြေလိမ့်မယ်။ ငွေကြေးပိုင်းမှာ ဝင်သလောက် ပြန်ထွက်လွယ်မယ်။ စိတ်ညစ်ရလိမ့်မယ်။ အချစ်ရေးမှာ အဖုအထစ် များမယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ပေါင်မုန့်အုန်းနို့ဆမ်း ကပ်လှူပေးရမယ်။ အကျိုးပေးဂဏန်းက ၂၈ နဲ့ ၈၉ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က အဖြူနဲ့ စိမ်းဝါရောင်တွေပဲ ဖြစ်တယ်။

သင့်

ကြာသပတေး - ငွေရေးကြေးရေး ဖြစ်စေ၊ လက်ဆောင်ပစ္စည်းဖြစ်စေ ဝင်လာတတ်တဲ့နေ့ ဖြစ်တယ်။ ဒီလိုနေ့မှာ စိတ်လက်ကြည်လင်ပြီး လုပ်ကိုင်ကြံစည်တာတွေလည်း ဖြစ်မြောက်တာ များမယ်။ ဒါပေမယ့် အလုပ်ကိစ္စတွေ အထစ်အငေါ့ များတတ်ပြီး လုပ်ငန်းလည်ပတ်မှု မမှန်ဘဲ ဖြစ်တတ်တယ်။ အများနဲ့သက်ဆိုင်တဲ့အလုပ်တွေမှာ သတိထားဖို့ လိုမယ်။ အိမ်ပူအိမ်ဆူတာလည်း ဖြစ်တတ်တယ်။ မေတ္တာရေးမှာလည်း စကားများရတတ်တယ်။ ဒီနေ့ မနက် ၁၁ ခွဲနဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ကော်ပြန့် ၅ ခု ကပ်လှူရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က ဝါညိုရောင်နဲ့ ငွေရောင် ဖြစ်ပြီး အကျိုးပေးဂဏန်းက ၅၅ နဲ့ ၂၅ တွေပဲ ဖြစ်တယ်။

သင့်

သောကြာ - ဒီနေ့မှာ စိတ်ရောကိုယ်ပါ မွန်းကြပ်ရတာတွေ ဖြစ်မယ်။ အလကားနေရင်း စိတ်ဓာတ်ကျလွယ်တာ၊ စိတ်ထဲ ထိုင်းမှိုင်းလေးလံတာတွေ ခံစားရတတ်တယ်။ တစ်နေ့တာ အလုပ်တွေကလည်း အနှောင့်အယှက်တွေ များပြီး စိတ်တိုင်းမကျစရာတွေ များမယ်။ ငွေကြေးကိစ္စအတွက် အခြေအတင် ဖြစ်ရတတ်တယ်။ အသွားအလ အလည်အပတ်တွေ သတိထားရမယ်။ အစားမှားတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အာရုံများရမယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ နွမ်းပါးတဲ့ကလေးတွေကို သကြားလုံးလေးတွေ ဝေရမယ်။ အကျိုးပေးဂဏန်းက ၇၈ နဲ့ ၀၄ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အစိမ်းနဲ့ အညိုရောင် ဖြစ်တယ်။

ညံ့

စနေ - ဒီနေ့မှာ စိတ်မောလူမောစရာလေးတွေ ရှိတတ်ပေမယ့် လုပ်ငန်းစီးပွား၊ ငွေကြေးကိစ္စတွေမှာ ကံဇာတာ တက်နေမယ်။ လုပ်သာကိုင်သာ ရှိပြီး အခွင့်အရေးတွေလည်း လက်ထဲ ရောက်လာလိမ့်မယ်။ အကြီးအကဲတွေ သြဇာအာဏာရှိသူတွေက ကူညီပံ့ပိုးလာတတ်တယ်။ ဒါပေမယ့် ဒီနေ့မှာ ရန်များတာ၊ အတိုက်အခိုက် ရှိတာမျိုး ကြုံတတ်တယ်။ စိတ်ရှုပ်ရတာတွေတော့ ရှိမယ်။ ချစ်ရေးချစ်ရာကံလေး ကောင်းနေပြီး စန်းပွင့်နေတတ်တယ်။ မနက် ၉ ခွဲနဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ သက်ကြီးရွယ်အိုကို ဆေးဝါး လှူပေးရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က ရွှေရောင်နဲ့ အဝါရောင် ဖြစ်ပြီး အကျိုးပေးဂဏန်းက ၁၁ နဲ့ ၇၇ အပူး ဖြစ်တယ်။

ကောင်း

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..