
တနင်္ဂနွေ - ဒီနေ့မှာ အကြံအစည်၊ ရည်ရွယ်ချက်တွေ ပျက်တာ၊ လုပ်ချင်တာတွေ လုပ်ခွင့်မရတာမျိုး ဖြစ်မယ်။ ကျန်းမာရေးလည်း ကျဆင်းတတ်ပြီး နေထိုင်မကောင်း၊ ဖျားနာတာတွေ ဖြစ်တတ်တယ်။ ရောဂါဟောင်းတွေနဲ့ အနာဟောင်းတွေ ပြန်ပေါ်တတ်တယ်။ အလုပ်နဲ့ ပတ်သက်လို့ စိတ်ပင်ပန်းလူပင်ပန်းမှု များမယ်။ ပင်ပန်းပြီးမှ သိပ်အရာမထင်ဘဲ ဖြစ်မယ်။ မိတ်ဆွေတွေနဲ့ အချင်းများတတ်တယ်။ မေတ္တာရေးမှာ စိတ်ရှုပ်စရာ ဖြစ်လာမယ်။ ဒီနေ့ မနက် ၉ ခွဲနဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ တောင်းရမ်းစားသောက်သူတွေကို စားစရာ လှူရမယ်။ အကျိုးပေးဂဏန်းက ၁၂ နဲ့ ၇၂ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က အဖြူတောက်တောက်သာ ဖြစ်တယ်။
ညံ့
တနင်္လာ - အလုပ်အကိုင်၊ ငွေကြေးကိစ္စအတွက် အားစိုက်ရတတ်တဲ့နေ့ ဖြစ်တယ်။ လုပ်ငန်းစီးပွားကံဇာတာ အကောင်းဘက်မှာ ရှိမယ်။ လုပ်ကိုင်ရကျိုးနပ်တာ၊ အခွင့်အလမ်းသစ်တွေ ပေါ်လာတာမျိုး ကြုံမယ်။ ဒါပေမယ့် စိတ်မောလူမောရတာတွေ များမယ်။ ကိုယ့်ကိစ္စထက် သူများကိစ္စမှာ အချိန်ကုန်လူပန်းရတာမျိုးတွေ ဖြစ်မယ်။ ကြီးကဲသူနဲ့ မသင့်မမြတ် ဖြစ်တတ်တယ်။ ငွေတော့ ဝင်လိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေး ကံကောင်းမယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ စမူဆာနဲ့ ကော်ဖီ ကပ်လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၂၃ နဲ့ ၃၉ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က အဖြူနဲ့ အနီရင့်ရောင်တွေပဲ ဖြစ်တယ်။
သင့်
အင်္ဂါ - စပ်တူရှယ်ယာအလုပ်တွေက အကျိုးပေးမယ့်နေ့ ဖြစ်တယ်။ အများနဲ့ ပေါင်းစပ်လုပ်ကိုင်တဲ့ စီးပွားရေးမှာ ထူးခြားတဲ့ အောင်မြင်မှုတွေ ရတတ်တယ်။ ကိုယ်ပိုင်လုပ်ငန်းဆိုရင်လည်း တိုးတက်ဖြစ်ထွန်းမှုတွေ မြင်တွေ့ရပြီး လုပ်ချင်ဖြစ်ချင်တဲ့ အနေအထားမျိုးကို ဖန်တီးလာနိုင်မယ်။ ငွေကြေးကံ ပွင့်လန်းမယ့်နေ့ ဖြစ်တယ်။ ရှာလို့ဖွေလို့ ကောင်းနေမယ်။ ဒါပေမယ့် မိသားစုထဲမှာ စိတ်ဝမ်းကွဲစရာတွေ၊ နှလုံးသားရေးမှာ ကံခေရတာတွေ ဖြစ်နေမယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အမွှေးနံ့သာ ၃ တိုင် ပူဇော်ရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က နီညိုနဲ့ အစိမ်းနုရောင် ဖြစ်ပြီး အကျိုးပေးဂဏန်းက ၃၃ နဲ့ ၃၄ တွေပဲ ဖြစ်တယ်။
ကောင်း
MPT IPTV သို့သွားရန်နှိပ်ပါ
ဗုဒ္ဓဟူး - ကိုယ့်ဖာသာ နေသာသလို နေတတ်ပြီး စိတ်ပျော်ရာကို ကြံဖန်ရှာမိမယ့်နေ့ ဖြစ်တယ်။ အပျော်အပါး၊ အသွားအလာတွေဘက် အာရုံရောက်နေတတ်ပြီး အဆက်အသွယ်တွေကို မျှော်နေမိတတ်တယ်။ အလုပ်ကိစ္စ၊ ငွေကြေးကိစ္စမှာ အဆင်ပြေသလို ကြည့်လုပ်ရတတ်ပြီး အလုပ်မကောင်းတာ၊ ဝင်ငွေနည်းတာမျိုး ကြုံလိမ့်မယ်။ အများနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ အထင်အမြင် လွဲခံရတတ်တယ်။ ချစ်ရေးချစ်ရာကိစ္စမှာ သောက များရမယ်။ နေ့ခင်း ၁ နဲ့ ၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ လက်ဖက်ထမင်းနဲ့ ဘုရားကို ဆွမ်းကပ်ရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က အစိမ်းရင့်နဲ့ အဖြူဖျော့ ဖြစ်ပြီး ၄၅ နဲ့ ၄၉ က အကျိုးပေးဂဏန်းတွေ ဖြစ်တယ်။
သင့်
ရာဟု - လုပ်ချင်တာလေးတွေ အတော်များများ လုပ်ဖြစ်ကိုင်ဖြစ်လိမ့်မယ်။ အလုပ်မှာ လက်ရှိအလုပ်တွေထက် အရင် လုပ်ဖူးတဲ့၊ အစောပိုင်းက ကြိုးစားထားတဲ့ အလုပ်တွေက အခြေအနေ ပြန်ပေးလာမယ်။ စီးပွားရေးထက် ပညာရေး၊ လေ့လာရေးပိုင်းမှာ ပိုကောင်းနိုင်တယ်။ ငွေကြေးစီးပွားကံ ထူးခြားတယ်။ ရပေါက်ရလမ်းအသစ်တွေ ပေါ်ပေါက်လာနိုင်တယ်။ ကျန်းမာရေးတော့ နည်းနည်း ညံ့နိုင်တယ်။ မေတ္တာရေးမှာ ကတောက်ကဆ များမယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ရွှေရင်အေး ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၈၈ နဲ့ ၉၈ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က အနက်နဲ့ ကော်ဖီရောင်တွေ ဖြစ်တယ်။
သင့်
ကြာသပတေး - ဒီတစ်နေ့တာလုံးမှာ ကောင်းတစ်ခါ၊ ညံ့တစ်လှည့်နဲ့ ဖြတ်သန်းရတတ်တယ်။ ပျော်စရာတွေရော စိတ်ညစ်စရာတွေပါ ရောထွေး ကြုံရလိမ့်မယ်။ သူများပြဿနာတွေထဲ ကြားဝင်ပါမိလို့ စိတ်ရှုပ်ရတာ ဖြစ်မယ်။ ကိုယ့်ကို အထင်လွဲတာ၊ တစ်မျိုးမြင်တာလည်း ခံရတတ်တယ်။ နေရေးထိုင်ရေးကိစ္စမှာ အဆင်မပြေမှု ဖြစ်ပြီး အိုးအိမ်နေရာအတွက် စိတ်ပင်ပန်းရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အကူအညီတွေ ရမယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ကြား ကံကောင်းချိန် ဖြစ်တယ်။ လမ်းဘေးခွေးတွေကို ပေါင်မုန့် ကျွေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၂ နဲ့ ၉၉ အပူး ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က နို့နှစ်ရောင်တစ်မျိုးတည်း ဖြစ်တယ်။
သင့်
သောကြာ - ကိုယ်တိုင်က ဘာပြဿနာမှ သိပ်မရှိပေမယ့် အိမ်တွင်းရေး၊ ဆွေမျိုးသားချင်းရေးနဲ့ ပတ်သက်လို့ စိတ်ညစ်စရာတွေ ခံစားရတတ်တယ်။ အိမ်ပူအိမ်ဆူတာ၊ သံယောဇဉ်တွေကြောင့် စိတ်ညစ်ရတာမျိုး ဖြစ်မယ်။ တစ်နေ့တာလုံးမှာ အသွားအလာကိစ္စတွေ များပြီး အိမ်မှာ မကပ်ဘဲ ဖြစ်နေမယ်။ ဟိုသွားဒီသွားတွေ များမယ်။ ဘာလုပ်လုပ် တခါတည်းမပြီးဘဲ ကြန့်ကြာမယ်။ ငွေကြေးကံ သင့်တယ်။ မေတ္တာရေးမှာ စိတ်ခုစရာ ဖြစ်မယ်။ ဒီနေ့ မနက် ၁၁ ခွဲနဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ သီလရှင်တွေကို ဆွမ်းဆန်လောင်းရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က ကတ္တီပါရောင်တစ်မျိုးပဲ ဖြစ်ပြီး ၃၃ အပူးနဲ့ ၄၈ က အကျိုးပေးဂဏန်း ဖြစ်တယ်။
သင့်
စနေ - မိတ်ဆွေအသိုင်းအဝိုင်းရဲ့အကျိုးကို ခံစားရမယ်။ အဆက်အသွယ်ဟောင်း၊ အဆက်အသွယ်သစ်တွေက ကူညီပေးလာမယ်။ သတင်းကောင်းတွေလည်း ကြားသိရတတ်တယ်။ တစ်နေ့လုံးမှာ အေးရာအေးကြောင်းလို ဖြစ်နေပြီး ခေါင်းရှုပ်စရာတွေ မခံနိုင်ဘဲ ဖြစ်နေမယ်။ အလုပ်တွေတော့ အားစိုက်ရပြီး ငွေကြေးကံလည်း သိပ် မကောင်းဘဲ ဖြစ်နေမယ်။ ဒေါသထွက်စရာလေးတွေ ရှိမယ်။ ချစ်ရေးချစ်ရာကံလည်း အားနည်းနေတတ်တယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သောက်တော်ရေ ကပ်လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၇၀ နဲ့ ၇၄ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က အနက်နဲ့ စိမ်းပြာရောင်တွေ ဖြစ်တယ်။
သင့်
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope