သြဂုတ် ၂၈ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2023-08-28

တနင်္ဂနွေ - တစ်နေ့တာလုံးမှာ ရည်ရွယ်တာတွေ မလုပ်ဖြစ်ဘဲ မျှော်လင့်မထားတာတွေချည်း ကြုံရတတ်တယ်။ တစ်နေ့လုံး စိတ်နဲ့လူနဲ့ မကပ်ဘဲ ဖြစ်နေမယ်။ ဟိုဟာလုပ်ရလို၊ ဒါပဲ လုပ်ရမလိုနဲ့ စိတ်နှစ်ခွ ဖြစ်နေရလိမ့်မယ်။ အသွားအလာ များပြီး ဂဏှာမငြိမ် ဖြစ်နေတတ်တယ်။ အိမ်သူအိမ်သားတွေနဲ့ စကားများရတတ်ပြီး ပြင်ပလူ မိတ်ဆွေတွေနဲ့တော့ အဆင်ပြေမယ်။ အလုပ်စီးပွားကံ သင့်တယ်။ နှလုံးသားရေးမှာ နားလည်မှု လွဲတတ်တယ်။ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ မုန့်ဟင်းခါး၊ ပဲကြော်နဲ့ ကပ်လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၁၂ နဲ့ ၁၅ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က အဖြူဖျော့နဲ့ အဝါနုရောင်ပဲ ဖြစ်တယ်။

သင့်

တနင်္လာ - ကိုယ်စိတ်နှစ်ပါး မအီမလည်နဲ့ နေရထိုင်ရတာ စိတ်ကျဉ်းကျပ်သလို ခံစားရတတ်တယ်။ တစ်နေ့တာ လုပ်ဆောင်စရာတွေကို အစီအစဉ်ကျကျ လုပ်သွားနိုင်ပေမယ့် အားမလိုအားမရတွေ ဖြစ်တတ်တယ်။ အလုပ်နဲ့ ငွေကြေးကံ အားနည်းတတ်လို့ အတော်လေး ကြိုးစားနိုင်မှ သူများနဲ့တန်းတူ လိုက်နိုင်မယ်။ တော်တော်နဲ့ ငွေ မဝင်တာ၊ အလုပ်တွေ မပြီးတာမျိုး ကြုံရမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အဆင်မပြေမှုတွေ များနိုင်တယ်။ ဒီနေ့ မနက် ၉ နဲ့ ၉ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ပေါင်မုန့်ကြက်ဥကြော် ဘုရားမှာ ကပ်လှူရမယ်။ ဒီနေ့မှာ အကျိုးပေးဂဏန်းက ၂၆ နဲ့ ၂၉ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က နို့နှစ်ရောင်၊ ပန်းနုရောင်တွေ ဖြစ်တယ်။

သင့်

အင်္ဂါ - ငွေကြေးအကျိုးစီးပွား (သို့) အလုပ်ကိစ္စတွေအတွက် ကြိုးစားပမ်းစား လုပ်ကိုင်ရတတ်တဲ့နေ့ ဖြစ်တယ်။ ငွေအတွက် စကားများရတာ၊ အလုပ်မှာ ငြင်းခုံရတာတွေ ဖြစ်တတ်တယ်။ ကိုယ့်ကို မဟုတ်မမှန် စွပ်စွဲတာနဲ့ အတိုက်အခိုက် လုပ်တာတွေလည်း ကြုံရတတ်တယ်။ မိသားစုထဲမှာ သတင်းကောင်း ကြားရတာမျိုး ရှိမယ်။ မိတ်ကောင်းဆွေကောင်း ကူညီစောင့်ရှောက်မယ်။ မေတ္တာရေးမှာတော့ အကောင်းအဆိုး ဒွန်တွဲနေလိမ့်မယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ စက်ပစ္စည်းအပျက်တွေ ရှိရင် စွန့်ထုတ်ပစ်လိုက်ရမယ်။ အကျိုးပေးဂဏန်းက ၂၄ နဲ့ ၄၈ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အစိမ်းရင့်နဲ့ အဝါရင့်တွေ ဖြစ်တယ်။

ညံ့


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူး - ဒီနေ့မှာ မကြာခဏ စိတ်အနှောင့်အယှက်ဖြစ်စရာ၊ ဒေါသထွက်စရာတွေ ကြုံရတတ်ပေမယ့် အလုပ်နဲ့ ငွေကြေးပိုင်းမှာတော့ အတော်အသင့် ကံကောင်းတတ်တယ်။ တစ်နေ့လုံးမှာ လုပ်စရာကိုင်စရာတွေ များနေပြီး လူရောစိတ်ပါ မအားလပ်နိုင်အောင် ဖြစ်တတ်တယ်။ ငယ်သူတွေနဲ့ စကားများတတ်ပြီး ကိုယ့်ကို ရန်လုပ်တာ၊ အတိုက်အခိုက် လုပ်တာတွေလည်း ကြုံတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အဆင်ပြေနေမယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ လိမ္မော်ရည် ကပ်လှူပေးရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က စိမ်းဝါရောင်နဲ့ အဝါဖျော့ ဖြစ်ပြီး အကျိုးပေးဂဏန်းက ၄၅ နဲ့ ၄၂ တွေ ဖြစ်တယ်။

သင့်

ရာဟု - မထင်မှတ်တဲ့ ကံကောင်းခြင်းတွေ ကြုံရတတ်တဲ့နေ့ ဖြစ်တယ်။ ကြံစည်လုပ်ကိုင်အားထုတ်တာတွေ အောင်မြင်တာ များမယ်။ တစ်နေ့တာအတွင်း အလုပ်ကိစ္စ၊ ငွေကြေးပိုင်းတွေမှာ စိတ်တိုင်းကျ ဖြစ်လာနိုင်တယ်။ သူများကိစ္စအတွက် စိတ်ပူပန်ရတာလေးတွေတော့ ရှိမယ်။ ကျန်းမာရေး နည်းနည်း အားနည်းသွားတတ်တယ်။ ရောဂါဝေဒနာအခံရှိရင် ဂရုစိုက်သင့်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ပျော်ရွှင်စရာတွေ ဖြစ်လာမယ်။ ဒီနေ့ နေ့ခင်း ၂ ခွဲနဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ရေ ၈ ခွက် သပ္ပါယ်ပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၈၉ နဲ့ ၂၉ ဖြစ်တယ်။ ကံကောင်းစေမယ့်အရောင်က အဝါတောက်တောက်ပဲ ဖြစ်တယ်။

သင့်

ကြာသပတေး - အလုပ်စီးပွားကံ ပွင့်လန်းမယ်။ ငွေရေးကြေးရေးမှာ ကိုယ်လိုချင်တဲ့အနေအထားမျိုး ရရှိမယ်။ ကိုယ့်ကို ဦးစားပေးတာ၊ မျက်နှာသာပေးတာတွေလည်း ကြုံရတတ်တယ်။ လုပ်ပိုင်ခွင့်တွေ ပိုရလာတတ်တယ်။ အကြီးအကဲ၊ ဆရာသမားတွေက ကူညီမစလာမယ်။ မပြောပလောက်တဲ့ ရန်အတိုက်အခံလေးတော့ ရှိမယ်။ အလုပ်သစ်အကိုင်သစ်တွေ စတင်ရင် ကောင်းတယ်။ မေတ္တာရေးမှာ ကံအားနည်းပြီး စိတ်ညစ်စရာ ပေါ်မယ်။ မွန်းလွဲ ၁၂ ခွဲနဲ့ ၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ပေါင်မုန့်သကြားဆမ်း လှူရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က အဝါနဲ့ ခရမ်းနုရောင် ဖြစ်ပြီး ၅၅ နဲ့ ၅၆ က အကျိုးပေးဂဏန်းတွေပဲ ဖြစ်တယ်။

ကောင်း

သောကြာ - အခက်အခဲတွေ ကြားက အောင်မြင်မှုတွေ၊ စိတ်ချမ်းသာစရာတွေလည်း ကြုံရမယ့်နေ့ ဖြစ်တယ်။ လိုချင်တာလေးတွေ၊ လက်ဆောင်လေးတွေ၊ အစားအသောက်တွေ ဝင်လာတတ်တယ်။ အပျော်အပါးကိစ္စတွေ သွားလာစရာတွေလည်း ပေါ်လာလိမ့်မယ်။ အလုပ်ကိစ္စ၊ ငွေကြေးကိစ္စမှာတော့ အထစ်အငေါ့တွေ ဖြစ်ပြီးမှသာ အဆင်ပြေသွားတတ်တယ်။ အကြီးအကဲနဲ့ အငြင်းအခုံ ဖြစ်ရတတ်တယ်။ နှလုံးသားရေးမှာ ပူပန်စရာ ဖြစ်မယ်။ ဒီနေ့ ညနေ ၅ နဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ရှောက်သီးသုပ် ကပ်လှူရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က ပန်းရောင်၊ အဖြူရောင် ဖြစ်ပြီး ၆၆ အပူးနဲ့ ၄၆ က အကျိုးပေးဂဏန်း ဖြစ်တယ်။

ကောင်း

စနေ - အလုပ်အကိုင်နဲ့ ငွေရေးကြေးရေးပိုင်းမှာ စိတ်ရှုပ်စရာတွေ၊ အဆင်မပြေမှုတွေ ပေါ်ပေါက်လာနိုင်တယ်။ ဘာပဲလုပ်လုပ် တစ်ခါထက် ပိုလုပ်ရတတ်ပြီး စိတ်သောကတွေလည်း များရတတ်တယ်။ အပူလောင်တာတွေ၊ ဓာတ်လိုက်တာတွေ ဖြစ်တတ်လို့ သတိထားရမယ်။ အပူသောက ကြုံနေရသူတွေကြောင့် ကိုယ်ပါ ရောပြီးတော့ စိတ်ညစ်ရတတ်တယ်။ အလုပ်တွေ မရေမရာ ဖြစ်နေမယ်။ မေတ္တာရေးကိစ္စမှာတော့ အဆင်ပြေမှု ရလိမ့်မယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ သန့်ရှင်းရေးသမားတွေကို စားစရာ ပေးကမ်းရမယ်။ အကျိုးပေးဂဏန်းက ၁၈ နဲ့ ၁၄ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က အစိမ်းရင့်နဲ့ ဝါညိုရောင်တွေ ဖြစ်တယ်။

ညံ့

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..