ဘယ်ဘက်နှုတ်ခမ်းအပေါ်၌ မှဲ့ပါရှိသူများ၏ ဘဝကံကြမ္မာ
lotaya.mpt.com.mm
|
2023-08-28

(က)     အမျိုးသားများမှာ ထိုကဲ့သို့ မှဲ့ပါရှိပါက ထိုမှဲ့ပိုင်ရှင် အမျိုးသားများမှာ အကျိုးသိပ်မရှိသော စကားကို အပြောများတတ်သည်။ ပျော်ပျော်နေတတ်သည်။ အလုပ်အကိုင်မှာတော့ အပေါင်းအသင်းများပြီး မိတ်ကောင်း ဆွေကောင်းတို့၏ ထောက်ပံ့ကူညီမှုရရှိြပီး အဆင်ပြေတတ်သည်။ အောင်မြင်မှုရရှိတတ်သည်။ အသက်ရှည်တတ် ပါသည်။

(ခ)       အမျိုးသမီးများမှာတော့ ဘယ်ဘက်နှုတ်ခမ်းအပေါ်ဘက်၌ မှဲ့ပါရှိပါက ထိုမှဲ့ပိုင်ရှင်အမျိုးသမီးသည် ဉာဏ် ပညာမြင့်မားသူဖြစ်သည်။ အပြောအဆိုလိမ္မာပါးနပ်သည်။ အလုပ်အကိုင်များကို အောင်မြင်အောင် လုပ်နိုင်စွမ်းရှိ တတ်သည်။ လူချစ်လူခင်များတတ်သည်။ မိတ်ဆွေများ၏ အကူအညီရရှိတတ်သည်။ စီးပွားရေးမှာ သူတစ်ပါး ထက်သာလွန်အောင် လုပ်ကိုင်နိုင်စွမ်းရှိတတ်သည်။ အိမ်ထောင်ရေးမှာ မိမိစိတ်ကြိုက်ရွေးချယ်တတ်သည်။ မိမိက ဩဇာညောင်းတတ်ပါသည်။

မှတ်ချက်။         ။ မှဲ့နှင့်ပတ်သက်၍ သတိပြုရမည့်အချက်များရှိပါသည်။ မှဲ့ပါတိုင်း ကောင်းခြင်း

  ဆိုးခြင်းကို ကျိန်းသေ ပြော၍မရပါ။ ဘယ်လိုမှဲ့လည်းဆိုတာ ကြည့်ရပါမည်။

၁။        မှဲ့အဖြူ

            မှဲ့ဖြူဖြစ်ပါက အလယ်အလတ်သာ ကောင်းကျိုးဆိုးကျိုးပေးတတ်သည်ဟုမှတ်ယူရပါမည်။

၂။         မှဲ့အနီ

            မှဲ့နီသည် ကောင်းသည့်နေရာမှာဆိုလျှင် ထူးထူးကဲကဲ ကောင်းကျိုးပေးတတ်ပါသည်။ မကောင်း ကျိုးပေးသည့်နေရာဆိုပါက အနည်းငယ်မျှသာ မကောင်းကျိုးပေးတတ်ပါသည်။

၃။        မှဲ့အညို

            မှဲ့အညို၏ သဘောတရားမှာတော့ သစ္စာသမာဓိရှိခြင်း၊ သနားကြင်နာတတ်ခြင်း၊ ကူညီတတ်ခြင်း သဘောရှိပါသည်။

၄။        မှဲ့အနက်

            မှဲ့အနက်ကတော့ မကောင်းကျိုးကို များစွာ ပေးတတ်ပါသည်။ ကောင်းကျိုးပေးသောနေရာ၌ ဖြစ်က နည်းနည်းပဲပေးတတ်ပါသည်။

၅။        မှဲ့အဝါ

မှဲ့အဝါကတော့ စိတ်ကူးယဉ်အဆင့်မျှသာဖြစ်တတ်သည်။ ထိုမှဲ့ရှိသူများ အနုပညာအလုပ်လုပ်သူ ဖြစ်က အောင်မြင်တတ်ပါသည်။ အနုပညာကို ဝါသနာပါတတ်ပါသည်။

၆။        မှဲ့အစိမ်း

            မှဲ့အစိမ်းကတော့ မွန်မြတ်သော မှဲ့တစ်မျိုးပဲဖြစ်ပါသည်။ ထိုမှဲ့စိမ်းသည် ပုဂ္ဂိုလ်ထူးများ၌သာ တွေ့ရတတ်ပါသည်။ ပါရမီထူးသော ပုဂိ္ဂုလ်များ၌သာ ပါလေ့ရှိတတ်ပါသည်။

၇။        မှဲ့ရှင်

            မှဲ့အရှင်ကတော့ အရောင်အသွေးအဓိကမဟုတ်ပါ။ မှဲ့ရှင်ပါပါက ဘာအရောင်ပဲပါပါ ကောင်းကျိုး ကို ထူးကဲ့စွာ ပေးတတ်ပါသည်။ အနည်းငယ်နေရာလည်း ရွှေ့တတ်ပါသည်။ ဘုန်းတန်ခိုးကြီးကဲသူများ၌ သာ တွေ့ရတတ်ပါသည်။ ပျောက်ကွယ်သွားခြင်းမျိုးလည်း ရှိတတ်ပါသည်။

            ထို့ကြောင့် မိမိမှာ အထက်ပါအတိုင်း ဘယ်လိုမှဲ့ပါရင် ဘာဖြစ်မယ်ဆိုတာကို မှဲ့အရောင်အလိုက် ဖြည့်စွက်မှတ်ယူပါမှ ပို၍ မှန်ကန်ပါမည်။ တိကျသော အဖြေလည်း ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ဘယ် နေရာမှာ ပါသည့်မှဲ့ကို တင်ပြသည်ဖြစ်စေ၊ မှဲ့အမျိုးအစားအရ ထပ်မံချိန်ဆယူပါမှ ပို၍ အဟောမှန် မည်သာ ဖြစ်ပါသည်။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

#lotaya_horoscope




Some text some message..