စက်တင်ဘာ ၁၈ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2023-09-18

တနင်္ဂနွေ - ဒီတစ်နေ့လုံးမှာ စိတ်ရှုပ်စရာ၊ မွန်းကြပ်စရာတွေ ပေါ်လာတတ်တယ်။ ဘာသာရေး၊ အလှူအတန်းနဲ့ ကုသိုလ်ရေးကိစ္စတွေ လုပ်ခွင့် ရတတ်တယ်။ မိတ်ကောင်းဆွေကောင်း၊ ဆရာကောင်းတွေနဲ့ ဆုံရတတ်တယ်။ ဒါပေမယ့် အိမ်ပူအိမ်ဆူတာလေးတွေလည်း ဖြစ်တတ်တယ်။ အလုပ်တွေ တော်တော်နဲ့ အဆင်မပြေတာမျိုးပါ ဖြစ်တတ်ပြီး ငွေလည်း ကျပ်တတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပြဿာနလေးတွေ ကြုံရတတ်တယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ပေါင်မုန့်ယိုသုတ် ကပ်လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၁၅ နဲ့ ၂၇ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က အနီနဲ့ အဝါဖျော့ရောင်တွေ ဖြစ်တယ်။

သင့်

တနင်္လာ - လုပ်ချင်တာလေးတွေ စီစဉ်ပြီးကာမှ နောက်ကျတာတွေ၊ နှောင့်နှေးတာတွေ ဖြစ်ပြီး အစီအစဉ်တွေ လွဲချော်တတ်တယ်။ အကြံအစည်တွေကလည်း ဖြစ်မလာတတ်လို့ ကြုံသလိုပဲ စခန်းသွားရလိမ့်မယ်။ ဒီနေ့မှာ လုပ်ငန်းကိုင်ငန်းတွေက အတိုက်အခိုက်တွေ များတတ်တယ်။ ကိုယ့်ကို ယှဉ်ပြိုင်တာ၊ ပြဿနာ ရှာတာတွေကို ရင်ဆိုင်ရတတ်တယ်။ ခရီးကိစ္စတွေ ပျက်တတ်တယ်။ မေတ္တာရေးကံ အကောင်းအဆိုး ယှဉ်တွဲနေတတ်တယ်။ ဒီနေ့ မနက် ၁၀ နဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ လမ်းဘေးခွေးတွေကို အစာကျွေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၁၃ နဲ့ ၃၃ အပူး ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က အနီရင့်နဲ့ အနီဖျော့တွေ ဖြစ်တယ်။

ညံ့

အင်္ဂါ - တစ်နေ့လုံးမှာ စိတ်က ဘာမဆို ရင်ဆိုင်ချင်စိတ်တွေ ပြင်းပြလာတတ်တယ်။ ဘာကိုမှ မကြောက်ဘဲနဲ့ စွန့်စားလိုစိတ်တွေ ဖြစ်ပေါ်တတ်တယ်။ လုပ်ရဲကိုင်ရဲခံရဲ ဖြစ်နေမယ်။ အလုပ်အကိုင်တွေ ကောင်းပြီး ငွေလည်း ဝင်ကိန်း ရှိတယ်။ ငွေကြေးစီးပွားလုပ်ငန်းကိစ္စအတွက် အားစိုက်ရကျိုး နပ်မယ်။ ဒါပေမယ့် အရင်ပြဿနာတွေ၊ အမှုဟောင်းတွေ ပြန်ရှင်းရတာမျိုး ဖြစ်တတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပျော်ရွှင်စရာတွေ ဖြစ်မယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဇီးဖျော်ရည် ကပ်လှူပေးရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က စိမ်းနုရောင်နဲ့ အဝါရင့် ဖြစ်ပြီး ၃၃ အပူးနဲ့ ၃၈ က အကျိုးပေးဂဏန်း ဖြစ်တယ်။

ကောင်း


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူး - အတူနေသူတွေ၊ မိသားစုချင်းတွေကြား အဆင်မပြေမှုလေးတွေ ဖြစ်တတ်ပေမယ့် တစ်နေ့တာလုံးမှာ ကိုယ်လုပ်ကိုင်တာတွေက လမ်းကြောင်းတည့်ပြီး အောင်မြင်လွယ်တတ်တယ်။ အလုပ်အကိုင်မှာ စိတ်ပူရတာ၊ ကြောင့်ကျရတာတွေ ရှိပေမယ့် ရလဒ်ကောင်းတွေ ဖန်တီးနိုင်မယ်။ ငွေကြေးအရလည်း ကံကောင်းတတ်တယ်။ ကြီးကဲသူတွေနဲ့တော့ ကတောက်ကဆ များတတ်တယ်။ ချစ်မေတ္တာရေးမှာ ကံအားနည်းတတ်တဲ့နေ့ ဖြစ်တယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ လက်ဖက်ထမင်း ကပ်လှူရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က စိမ်းဝါနဲ့ အဝါနုရောင် ဖြစ်ပြီး ၄၅ နဲ့ ၃၅ က အကျိုးပေးဂဏန်းတွေပဲ ဖြစ်တယ်။

ကောင်း

ရာဟု - အဝေးကနေ အကျိုးစီးပွားကိစ္စတွေ ပေါ်ပေါက်လာတတ်တယ်။ ဒီနေ့မှာ သူတပါးကို အားကိုးတာထက် ကိုယ့်အားကိုယ်ကိုးတာ ကောင်းလိမ့်မယ်။ အများနဲ့ ပတ်သက်လာရင် အဆင်မပြေတာတွေပဲ ပိုများလိမ့်မယ်။ လုပ်စရာရှိတာ ကိုယ်တိုင်သာ လုပ်တာ ပိုကောင်းမယ်။ အလုပ်ရော ငွေကြေးကံပါ အကောင်းဘက် ရှိနေမယ်။ အရင် ကြိုးစားထားတာတွေပါ အကောင်အထည် ပေါ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ကံညံ့မယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အုန်းရည် ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၈၈ နဲ့ ၈၅ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က အညိုရောင်နဲ့ ဝါညိုရောင်တွေ ဖြစ်တယ်။

ကောင်း

ကြာသပတေး - ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းမယ့်နေ့ ဖြစ်တယ်။ အကြံအစည်၊ ရည်ရွယ်ချက်တွေလည်း ပေါက်မြောက်အောင်မြင်လွယ်မယ်။ လုပ်ကိုင်ကြိုးစားထားတာတွေ ဖြစ်မြောက်လာတတ်တယ်။ ဘာသာရေး လုပ်နေသူဆို ပိုထူးခြားတတ်တယ်။ မိတ်ဆွေ၊ ဆရာသမားတွေဆီက အကူအညီ ရမယ်။ အလုပ်အကိုင်တွေနဲ့ ငွေကြေးပိုင်းမှာ အထစ်အငေါ့ ဖြစ်ပြီးမှ အဆင်ပြေတတ်တယ်။ မေတ္တာရေးမှာ နားလည်မှုတွေ ရရှိတတ်တယ်။ ဒီနေ့ မွန်းလွဲ ၁၂ ခွဲနဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ သံဃာတစ်ပါးကို ဝထ္ထုငွေ ကပ်လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၉ နဲ့ ၅၅ အပူး ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က အဝါရောင်တစ်မျိုးတည်း ဖြစ်တယ်။

ကောင်း

သောကြာ - ကျန်းမာရေးပိုင်း မကောင်းတာ (သို့) နေရထိုင်ရတာ မအီမသာ ဖြစ်တာတွေ ခံစားရတတ်တဲ့နေ့မျိုး ဖြစ်တယ်။ ယာယီ ဖျားနာတာ၊ အစားအသောက် မမှန်တာ၊ ဆေးမှား၊ အစားမှားတာတွေ သတိထားရမယ်။ တစ်နေ့လုံးမှာ ရည်ရွယ်လုပ်ကိုင်သမျှ အဆင်မပြေတာတွေ များပြီး အလုပ်မှာလည်း တခါတည်း မပြီးနိုင်လို့ ထပ်တလဲလဲ ပြန်လုပ်ပေးရတတ်တယ်။ ငွေဝင်ခါနီး နောက်ကျမယ်။ ချစ်မှုရေးရာကံတော့ ကောင်းလိမ့်မယ်။ ဒီနေ့ ညနေ ၅ နဲ့ ၆ ကြား ကံကောင်းချိန် ဖြစ်တယ်။ တောင်းရမ်းသူတွေကို ဟင်းလှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၃၃ အပူးနဲ့ ၃၄ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က ကတ္တီပါရောင်တစ်မျိုးပဲ ဖြစ်တယ်။

ညံ့

စနေ - လူငယ်လူရွယ်တွေအဖို့ မေတ္တာရေးမှာ မကျေလည်မှုတွေ များတတ်တယ်။ ချစ်သူ၊ လက်တွဲဖော်ကြောင့် စိတ်ညစ်စရာတွေ များမယ်။ လိုအင်ဆန္ဒ မပြည့်ဘဲ စိတ်ပျက်ရတတ်တယ်။ တစ်နေ့တာ အလုပ်တွေကတော့ ပုံမှန်ထက် အဆင်ပြေမယ်။ ငွေရလမ်းလေးတွေ ပေါ်လာတတ်တယ်။ ကျန်းမာရေးတော့ အားနည်းတတ်တယ်။ စိတ်တွေ ထွေပြားပြီး အာရုံနောက်ရတာ များမယ်။ ဟိုဟာလုပ်ရမလို၊ ဒါပဲလုပ်ရမလိုနဲ့ မဆုံးဖြတ်နိုင် ဖြစ်မယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ လက်ဖက်ရည် ကပ်လှူရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က အဝါရင့်ရောင်တစ်မျိုးပဲ ဖြစ်ပြီး ၁၅ နဲ့ ၄၅ က အကျိုးပေးဂဏန်းတွေ ဖြစ်တယ်။

သင့်

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..