စက်တင်ဘာ ၂၂ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2023-09-22

တနင်္ဂနွေ - ဒီနေ့မှာ အသွားအလာတွေ များပြီး မရောက်ဖူးတဲ့နေရာတွေ ရောက်တတ်တယ်။ အိမ်မှာ မကပ်ဘဲ သွားချင်လာချင်စိတ်တွေ များနေမယ်။ ဘာလုပ်လုပ် တခါတည်း ပြီးမသွားဘဲ အခါခါ ပြန်လှည့်လုပ်ရလိမ့်မယ်။ တစ်နေ့တာ အစီအစဉ်တွေလည်း လွဲချော်သွားတတ်တယ်။ အလုပ်အကိုင်၊ ငွေကြေးကံလေးတော့ သင့်တယ်။ လုပ်ကိုင်ကြိုးစားလို့ အဆင်ပြေမယ်။ မိတ်ဆွေတွေ အကျိုးပြုမယ်။ မေတ္တာရေးမှာ နားလည်မှု လွဲတတ်တယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ပေါင်မုန့်သကြားဆမ်း လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၅၆ နဲ့ ၁၅ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က အဝါရောင်နဲ့ ပန်းနုရောင်တွေ ဖြစ်တယ်။

သင့်

တနင်္လာ - မိသားစု၊ အိမ်တွင်းရေးနဲ့ ပတ်သက်လို့ စိတ်ညစ်စရာလေးတွေ ဖြစ်တတ်ပေမယ့် ဒီတစ်နေ့တာမှာ အများအားဖြင့် စိတ်ရောလူပါ ရွှင်လန်းရတတ်တယ်။ အိုးအိမ်မြေယာနဲ့ ဆိုင်ခန်းကိစ္စတွေ ပြောဆိုစရာများ ရှိရင် ဒီနေ့မှာ ကြိုးစားကြည့်နိုင်တယ်။ အလုပ်ကိစ္စ၊ ငွေကြေးကိစ္စတွေမှာတော့ အကောင်းအဆိုးတွေ ယှဉ်တွဲနေမယ်။ ဘယ်နေရာမှာမဆို အတိုက်အခံလေးတွေ ရှိတတ်တယ်။ ချစ်ရေးချစ်ရာကိစ္စမှာ အဆင်မပြေမှု ဖြစ်တတ်တယ်။ ဒီနေ့ မွန်းလွဲ ၁၂ ခွဲနဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သရက်သီး ကပ်လှူပေးရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၂၆ နဲ့ ၉၆ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က နို့နှစ်ရောင်နဲ့ အပြာရောင်တွေ ဖြစ်တယ်။

သင့်

အင်္ဂါ - ဒီနေ့မှာ ကိုယ့်စိတ်ကို အလိုမလိုက်မိဖို့ သတိထားရမယ်။ စိတ်နောက်ကိုယ်ပါတွေများ လျှောက်လုပ်ရင် ပြဿနာ ကြီးငယ်မရွေး ဖြစ်သွားတတ်တယ်။ ဒေါသထွက်လွယ်တတ်လို့ ရန်များတာ၊ ခိုက်ရန် ဖြစ်တာတွေပါ ရှိလာနိုင်တယ်။ အလုပ်အကိုင်ကိစ္စမှာ ပူပန်စရာတွေ များပြီး လုပ်ငန်းခွင်မှာပါ စကားများရတာတွေ ဖြစ်မယ်။ ငွေဝင်ခါနီး စိတ်ပူရတတ်တယ်။ မိတ်ဆွေတွေကတော့ ကူညီပေးမယ်။ နှလုံးသားရေးမှာ အတွေး လွန်နေမယ်။ ဒီနေ့ ညနေ ၅ နဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ မသန်စွမ်းသူကို စားစရာတစ်ခုခု လှူရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က အစိမ်းရင့်နဲ့ အဝါရင့် ဖြစ်ပြီး ၄၈ နဲ့ ၁၈ က အကျိုးပေးဂဏန်းတွေပဲ ဖြစ်တယ်။

ညံ့


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူး- အလုပ်တွေ အဆင်ပြေပြေ လုပ်နိုင်မယ့်နေ့ ဖြစ်ပေမယ့် စိတ်ပင်ပန်း၊ လူပင်ပန်းရတာတွေ များနေမယ်။ အောက်လူတွေ၊ ငယ်သူတွေကြောင့်လည်း ကိုယ့်မှာ ဒုက္ခ များတတ်တယ်။ သူများကိစ္စတွေကြောင့် ပူပန်ရတာ၊ အလုပ်များရတာတွေ ဖြစ်တတ်တယ်။ ငွေကြေးကံလေးတော့ အသင့်အတင့် ကောင်းနိုင်တယ်။ အလုပ်ကိစ္စမှာ အခက်အခဲကြားက အဆင်ပြေသွားတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကံကောင်းမယ့်နေ့ ဖြစ်တယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ လက်ဖက်ရည်နဲ့ ပေါင်မုန့် ကပ်လှူပေးရမယ်။ အကျိုးပေးဂဏန်းက ၄၅ နဲ့ ၂၉ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်တွေက အဖြူဆွတ်ဆွတ်နဲ့ အဝါ ဖြစ်တယ်။

သင့်

ရာဟု - တစ်နေ့လုံးမှာ စိတ်ကူးပေါက်ရာတွေ လျှောက်လုပ်ဖြစ်မယ်။ လုပ်လိုက်တာတွေကလည်း လမ်းကြောင်း တည့်ပြီး အဆင်ပြေသွားတတ်တယ်။ ဒါပေမယ့် ဒီနေ့မှာ နာမည်ပျက်ရတာ၊ အားနာရ၊ မျက်နှာပူရတာတွေပါ ဖြစ်တတ်လို့ လူအများနဲ့ ဆက်ဆံရာမှာ သတိပြုရမယ်။ အလုပ်နဲ့ ငွေကြေးကံလေးတော့ ကောင်းမွန်နိုင်တယ်။ ငွေဝင်ပေမယ့် အဖတ်မတင်ဘဲ အကုန်အကျ အရမ်း များမယ်။ မေတ္တာရေးကိစ္စမှာ စိတ်ချမ်းသာစရာ ဖြစ်မယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ကြား ကံကောင်းတတ်တယ်။ ဘုရားမှာ ပဲထမင်းဆွမ်း ကပ်လှူပေးရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က အစိမ်းရင့်နဲ့ အညိုရောင် ဖြစ်ပြီး ၈၂ နဲ့ ၈၉ က အကျိုးပေးဂဏန်းတွေ ဖြစ်တယ်။

သင့်

ကြာသပတေး - တစ်နေ့တာအတွင်း စိတ်ရှုပ်စရာလေးတွေ ဖြစ်တတ်ပေမယ့် ကိစ္စအတော်များများမှာ ကိုယ့်ရဲ့ အလိုကျအတိုင်း ဖြစ်လာတတ်တယ်။ အလုပ်အကိုင်၊ ငွေကြေးကံဇာတာ ထူးခြားကောင်းမွန်လာတတ်တယ်။ လုပ်ကိုင်ကြိုးစားထားတာတွေလည်း အောင်မြင်တတ်တယ်။ ဒါပေမယ့် အတိုက်အခိုက်တွေနဲ့ ကြုံရတတ်ပြီး စိတ်ညစ်ပြီးမှသာ အဆင်ပြေသွားတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စကားများရတာတွေ ဖြစ်မယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ပန်းသီး ၅ စိတ် ကပ်လှူရမယ်။ တစ်နေ့တာ အကျိုးပေးဂဏန်းက ၅၅ အပူးနဲ့ ၅၆ ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က အဝါတောက်တောက် ဖြစ်တယ်။

ကောင်း

သောကြာ - ဒီနေ့မှာ ကိုယ်မျှော်လင့်သလိုတွေ ဖြစ်မလာတတ်ပေမယ့် ဖြစ်လာတာတွေကပဲ ကျေနပ်စရာတွေ ကောင်းနေလိမ့်မယ်။ ပျော်စရာတွေ ကြုံရတတ်သလို သတင်းကောင်းတွေလည်း ကြားသိရတတ်တယ်။ ဒီနေ့ အလုပ်နဲ့ ငွေကြေးကိစ္စတွေမှာတော့ အတော်လေး ခက်ခက်ခဲခဲ ပြောဆိုယူရလိမ့်မယ်။ အဆင်မပြေတော့ဘူးလို့ ထင်ထားရာက ပြေလည်သွားနိုင်တယ်။ ကြီးကဲသူနဲ့ စကားများတတ်တယ်။ နှလုံးသားရေးမှာ စိတ်ညစ်ရမယ်။ ဒီနေ့ မနက် ၉ နဲ့ ၉ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သီးစုံဟင်းနဲ့ ဆွမ်းကပ်လှူရမယ်။ တစ်နေ့တာ ကံကောင်းစေမယ့်အရောင်က ပန်းရောင်နဲ့ ခရမ်းရောင် ဖြစ်ပြီး ၅၇ နဲ့ ၆၆ အပူးက အကျိုးပေးဂဏန်း ဖြစ်တယ်။

သင့်

စနေ - စိတ်နှလုံး မသာမယာတွေ ဖြစ်ရတတ်ပြီး တစ်နေ့လုံးမှာ ကိုယ့်အပူရော သူများအပူပါ ခံစားရလိမ့်မယ်။ အလုပ်အကိုင်၊ အကြံအစည်တွေက ထင်ထားသလို မဖြစ်ဘဲ လွဲချော်တတ်ပြီး ထပ်တလဲလဲ ပြန်ကြိုးစားရတာ၊ မသေချာမရေရာတာတွေ ဖြစ်နေတတ်တယ်။ ငွေဝင်ပေမယ့် မမြဲဘဲ အကုန်အကျတွေ စွတ်များလာနိုင်တယ်။ ခိုက်ရန်၊ ပြဿနာတွေကို ရှောင်ရမယ့်နေ့ ဖြစ်ပြီး အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ သာယာမှု ရတတ်တယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ပဲမုန့်နဲ့ လက်ဖက်ရည် ကပ်လှူရမယ်။ ဒီနေ့မှာ အကျိုးပေးဂဏန်းက ၅၅ နဲ့ ၄၄ အပူးတွေချည်း ဖြစ်ပြီး ကံကောင်းစေမယ့်အရောင်က အစိမ်းနဲ့ အဝါ ဖြစ်တယ်။

ညံ့

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..