သင့်ကံကြမ္မာ သိနိုင်မယ့် လက်ကောက်ဝတ်က လမ်းကြောင်းများ
lotaya.mpt.com.mm
|
2023-10-05

လက်ဝါးပြင်က လမ်းကြောင်းတွေလိုပဲ လက်ကောက်ဝတ်က လမ်းကြောင်းလေးတွေကနေလည်း သင့်ရဲ့ ကံကြမ္မာကို ကောင်းကောင်း သိနိုင်ပါတယ်။ ကံကြမ္မာ တစ်စိတ်တစ်ပိုင်းကို ကျွန်တော် တို့တွေ အခုပဲ ကြည့်လိုက်ရအောင်။ ပုံမှန် ဆိုရင်တော့ သာမန်လူတစ်ယောက် မှာ လက်ကောက်ဝတ် မှာ လမ်းကြောင်း ၂ ကြောင်း သို့မဟုတ် လမ်းကြောင်း ၃ ကြောင်းရှိတတ်ပါတယ်။ ထိုလမ်းကြောင်းတွေကတော့….

လမ်းကြောင်း ၁

အပေါ်ဆုံးလမ်းကြောင်းက လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ပြပါတယ်။ လမ်းကြောင်းထင်ရှားပြီး တစ်ဆက်တည်းရှိမယ်ဆိုရင် ကျန်းမာရေးအရမ်းကောင်းတယ်ဆိုတာကို ပြပါတယ်။

လမ်းကြောင်းက တကယ်လို့ မှိန်းဖျော့နေမယ်၊ အပြတ်တွေများနေမယ် ဆိုရင်တော့ ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံကို ပြောင်းပြီးတော့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်တယ် ဆိုတာကို ပြပါတယ်။

လမ်းကြောင်း ၂

ဒုတိယမြောက် လမ်းကြောင်းက ပျော်ရွှင်မှု နဲ့ အောင်မြင်မှုကို ပြပါတယ်။ ပထမ လမ်းကြောင်းလိုပဲ ဒီလမ်းကြောင်းကလည်း ထင်းပြီး ဖြောင့်တန်းနေမယ်ဆိုရင် အောင်မြင်တွေ ပျော်ရွှင်မှုတွေ ရမယ်

စည်းစိမ်၊ဥစ္စာတွေရမယ် ဆိုတာကို ပြပါတယ်။ တကယ်လို့ ဒီလမ်းကြောင်းညံ့တယ် ဆိုရင် ငွေကြေးအခက်အခဲ အမြဲကြုံရတတ်တယ် ဆိုတာကို ပြပါတယ်။


လမ်းကြောင်း ၃

လူတိုင်းနီးပါးမှာ လမ်းကြောင်း ၂ ကြောင်းပုံမှန် ရှိတတ်ပေမယ့် လမ်းကြောင်း ၃ကြောင်း ရှိတဲ့ သူတွေလည်း ရှိပါတယ်။ တတိယလမ်းကြောင်း ရှိတဲ့သူတွေက အရမ်းခိုင်မာ အားကောင်းတဲ့စိတ်ဓာတ်ရှိပြီး….

လူအများကတောင် ကြောကရွံ့ရတဲ့ အစွမ်းရှိပါတယ်။ တကယ်လို့ လမ်းကြောင်း က ထင်ရှားလေ ပိုပြီးတော့ အင်အားကောင်းလေပဲ ဖြစ်ပါတယ်။

လမ်းကြောင်း ၄

ဒီလမ်းကြောင်းကတော့ အလွန် ကိုတွေ့ရခဲ့တဲ့ လမ်းကြောင်းဖြစ်ပြီး သက်တမ်း နဲ့ လည်းဆိုင်ပါတယ်။ ဒီလမ်းကြောင်းသာ တကယ်လို့ ရှားရှားပါးပါးရှိပြီဆိုရင် အသက် အရမ်းရှည်ပြီး သားသမီးကံလည်း ကောင်းပါတယ်။

အခြားသော ထူးခြားအမှတ်အသားများကို သေချာစစ်ဆေးပြီး ဘယ်အသက်အရွယ်မှာ ဘယ်လိုအခြေအနေတွေ ဖြစ်နိုင်တယ်ဆိုတာကို ပိုမိုသိရ မှာ ဖြစ်ပါတယ်။

ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..