အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျန်းမာရေး စတဲ့ကိစ္စအဖြာဖြာမှာ ထိရောက်တဲ့ အောင်မြင်စေတဲ့ ယတြာ
lotaya.mpt.com.mm
|
2023-10-13

လူတိုင်းလူတိုင်းဟာ လစဉ်လစဉ် မိမိတို့ရဲ့ အရေးကိစ္စအမျိုးမျိုးကို လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ အများအားဖြင့် ပြေပြေလည်လည်နဲ့ ဆောင်ရွက်နိုင်တဲ့သူတွေ ရှိသလို တစ်ချို့ကျတော့လည်းဘဲ အခက်အခဲ အကျဉ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်ပြီးတော့ ဖြေရှင်းနေကြရပါတယ်။ လူမှုဘဝတွေ ဖြေရှင်းတဲ့အခါမှာ (အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး) ကိစ္စ စသဖြင့် လောကမှာ မိမိတို့လုပ်ကိုင်ဆောင်ရွက်တဲ့အခါ အခက်အခဲအမျိုးမျိုးကြုံတွေ့တဲ့အခါမှာ အခက်အခဲတွေ ပြေပျောက်ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးချမ်းစွာ ဖြတ်သန်းနိုင်ဖို့အတွက် ဒီအစီအစဉ်လေးကို အဓိကအားဖြင့် တင်ပြပေးခြင်းဖြစ်ပါတယ်။

ဒီလမှာတော့ အထူးသဖြင့် ၁၈.၁၀.၂၀၂၃ ကနေပြီးတော့ ၁၆.၁၁.၂၀၂၃ အထိ ၁လအတွင်းမှာ အောင်မြေအနေနဲ့ကတော့ ဥပ္ပါတသန္တိ ဘုရား အောင်မြေဖြစ်ပါတယ်။ ဥပ္ပါတသန္တိ ဘုရားသည် အောင်မြေဖြစ်တဲ့အတွက် ရည်မှန်းပြီးတော့ ဆွမ်းလှူရမှာ ဖြစ်ပါတယ်။ လှူရမယ့် ဆွမ်းကတော့ ပူတင်းဆွမ်းကို မြောက်အရပ်ကို မျက်နှာမူပြီးတော့ ကပ်လှူရမှာ ဖြစ်ပါတယ်။ ဥပ္ပါတသန္တိစေတီတော်ကို  မသွားနိုင်တဲ့သူတွေကတော့ ပုံတော်ကိုပူဇော်ပြီး ကပ်လှူရမှာ ဖြစ်ပါတယ်။ ပုံတော်လည်း မရှိဘူး ၊ ဘုရားသို့ သွားလည်းမသွားနိုင်ဘူးဆိုပါက မြောက်အရပ်မျက်နှာမူပြီး ဥပ္ပါတသန္တိ စေတီတော်ကို ရည်မှန်းပြီးတော့မှ ပူတင်းဆွမ်းကပ်ရမှာ ဖြစ်ပါတယ်။ ပူတင်းဆွမ်းကပ်ပြီးတော့မှ ပထဝီဇယ မန္တာန်ကို ရွတ်ပွားပြီး လိုရာဆုတောင်းရမှာ ဖြစ်ပါတယ်။

ပထဝီဇယ မန္တာန်ဂါထာကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

ပထဝီဇယ မန္တာန်ဂါထာတော်

၁။ ပထဝီ ဇယံ သဗ္ဗံ ၊ အနေက အန္တရာယိကံ။

ဇယံ ပစ္စေကဗုဒ္ဓါ စ ၊ ဇယံ ပရိ မဟေသယော။

၂။ ဇယံ ဟရော ဟရိဒေဝေါ ၊ ဇယံ ဗြဟ္မာ ဓတရဋ္ဌော။

ဇယံ နာဂေါ စ ဝိရူဠော ၊ ဝိရုပက္ခော စ စန္ဒိမာ။

၃။ ဝိဣန္ဒော ဝေနေယျော စ ၊ ကုဝေရော ဝရုဏော ပိစ။

အဂ္ဂိ ဝါရဏော ပဇ္ဇုန္နော ၊ ကုမာရော စတုပါလကော။

၄။ အဋ္ဌာရသ မဟာဒေဝါ ၊ သုခီတာ စ ပသိဒ္ဓိယော။

အသီတိ မဟာသာဝကာ ၊ သဗ္ဗံ ဇယံ ဒဒန္တု မေ။

၅။ ဇေယျာ ဓမ္မော စ သံဃော စ ၊ ဒသဗလော စ ဇေယျကော။

ဧတေန သစ္စဝဇ္ဇေန ၊ ဇေယျာ သုခီ ဘဝန္တု မေ။

၆။ နရာ ဒေဝါ စ ဗြဟ္မာနော ၊ ယက္ခာ နာဂါ စ ဂရုဠာ။

တေပိ ဒိသွာ ပိယာ မယံှ ၊ ပုတ္တံ မမေ၀ သိနေဟာ။

၇။ ဗုဒ္ဓါ ပစ္စေကဗုဒ္ဓါ စ ၊ အရဟာ အဂ္ဂသာဝကာ။

သမ္ဗေ ကရောန္တု မေ မေတ္တံ ၊ သဗ္ဗေ တိဋ္ဌန္တု မတ္ထကေ။

၈။ တေသံ မေတ္တာနုဘာဝေန ၊ သဗ္ဗေ ရောဂါ သုသီတလာ။

သဗ္ဗေ ဘယာ ဝိနဿန္တု ၊ သဗ္ဗေ နဿန္တု ပဒ္ဒဝါ။

၉။ ဣမသ္မိံ စက္ကဝါဠေ စ ၊ ဗဟူ အနန္တ ပါဏိနော။

အနန္တ စက္ကဝါဠေ စ ၊ ဗဟူ အနန္တ ပါဏိနော။

၁၀။ ဣမေ သတ္တာ အဝေရာ စ ၊ အညမညံ ပိယာ ဟောန္တု။

ဣမေ သတ္တာ အဝေရာ စ ၊ အညမညံ သုခါ ဟောန္တု။

၁၁။ နေရယိကာ တိရစ္ဆာနာ ၊ ပေတာ အသုရကာ ယမာ။

ဣမေ သဗ္ဗေ ယထာ သတ္တာ ၊ ဒုက္ခာ မုစ္စန္တု တတ္တကာ။

၁၂။ ဒသကောဋိ ဒကဇာ စ ၊ ထ လဇာ နဝကောဋိယော။

သံသေဒဇောပပါတိကာ ၊ ဒီဃာယုကာ ဘဝန္တုတေ။

၁၃။ ဥဒ္ဓံ ယာ၀ ဘဝဂ္ဂါ စ ၊ အဓော ယာ၀ အဝီစိတော။

သမန္တာ စက္ကဝါဠောသု ၊ ယေ သတ္တာ ပထဝီစရာ။

၁၄။ အဗျာပဇ္ဇာ နိဝေရာ စ ၊ နိဒ္ဒုက္ခာ စ နုပ္ပဒ္ဒဝါ။

သဗ္ဗေ သတ္တာ အဝေရာ စ ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။

ပထဝီဇယံမန္တံ နိဋ္ဌိတံ။

အဲဒီတော့ နေ့စဉ် ပူတင်းဆွမ်း ကပ်ပြီး ဒီဂါထာတော်ကို ရွတ်ဖတ်ပူဇော်ပြီးပါက လိုရာဆုကို တောင်းရမှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ ပညာရေး စတဲ့အရေးကိစ္စတွေမှာ အဖက်ဖက်ကနေပြီးတော့ အနှောင့်အယှက်တွေ အခက်အခဲတွေ အန္တရာယ်တွေ ကင်းငြိမ်းပြီးတော့ လိုရာဆန္ဒတွေ ပြည့်ဝပြီး ပြေပြေလည်လည်နဲ့ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို နေ့စဉ်နေ့စဉ် ပြုလုပ်သွားမယ်ဆိုရင် ၁ လလုံးလုံးမှာ မိမိတို့ရဲ့ အရေးကိစ္စအားလုံး လောကီကိစ္စအ၀၀တွေ အဆင်ပြေပြီး တိုးတက်အောင်မြင်မှုတွေ ၊ ချမ်းသာမှုတွေကို ရရှိမှာ ဖြစ်ပါတယ်။

အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ ခင်ဗျာ့။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..