အိုဇာတာကောင်းသော လက္ခဏာလမ်းကြောင်းများ
lotaya.mpt.com.mm
|
2023-10-24

လက်ဖဝါးတွင် ကျွနုပ်ပြထားသောနေရာမှာ တြိဂံပုံသဏ္ဍာန်လေးပါလာရင် (ပုံ-၁) လက္ခဏာရှင်ဟာ အရာရာတွင်ခေါင်းဆောင်စိတ်ပီသခြင်၊း ရောက်တဲ့နေရာတွင် သူတစ်ပါးလက်အောက်ခံ လုပ်ငန်းများကို ရေရှည်မလုပ်ကိုင်ရတတ်ပါ။ အရာရာတွင် ဖြတ်ထိုးဉာဏ်ကောင်းခြင်း အတတ်လွယ်တတ်ခြင်း အများသူငါနှင့်ယှဉ်ရင် အပေါင်းအသင်းလက်အောက်ငယ်သားများ ကြည်ညိုလေးစားခြင်းကိုခံရခြင်း ရောက်တဲ့နေရာတွင် ထင်ရှားကျော်ကြားတတ်၍ လူလတ်ပိုင်းမှစတင်ကာ ဘဝရဲ့ဥစ္စာကြွယ်ဝချမ်းသာမှုကို ရရှိမယ့်သူ ဖြစ်ပါတယ်။

ချမ်းသာပြီးရင်လည်း မိမိပိုင်ဆိုင်ထားသော ပစ္စည်းဥစ္စာများပျက်စီးမလွယ်တတ်ပါ။  အသက်ကြီးပိုင်းတွင် အလှူဒါနကိုစဉ်ဆက်မပြတ်လုပ်ကိုင်ရတတ် လက္ခဏာရှင်ဖြစ်ပါတယ်။ အသက်ကြီးပိုင်းတွင် ထီဆုကြီးများပေါက်တတ်ကာ ရုတ်တရက်ချမ်းသာမူကို ရရှိကာ အိုဇာတာ ထူးခြား ကောင်းမွန်စွာ နေရတတ်ပါတယ်။

အသက်လမ်းအဆုံးမှ ငွေအိပ်ပုံစံ ငါးကြင်းမြီးလှလှလေးဟာ (ပုံ-၂) အိုဇာတာအလွန်ကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။ ဘဝတစ်လျှောက် ငွေကံကောင်းတတ်သည် စုမိသည် မစုမိသည်က အခြားသောအမှတ်အသားများနှင့်လဲသက်ဆိုင်ပါတယ်။ ကိုယ်ပိုင်လုပ်အားနှင့်ရသည့်ကံ ပိုအားသန်ပြီး ထီကံ အမွေရကံကဲ့သို့ ငွေအလွယ်ရကံတော့ အားနည်းတတ်လေတဲ့ လက္ခဏာဖြစ်ပါတယ်။

ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..