သီတင်းကျွတ်လပြည့် လာဘ်ပွင့်ငွေဝင် အထူးယတြာ အစီအရင်
lotaya.mpt.com.mm
|
2023-10-27

သီတင်းကျွတ်လပြည့်ည လရဲ့စွမ်းအားဟာ အမြင့်ဆုံးအခြေအနေနဲ့လူတွေပေါ်မှာသက်ရောက်မှုတွေ အများကြီးရှိနေပါတယ်….. သီတင်းကျွတ်လပြည့်နေ့ဟာ ကြုံတောင့်ကြုံခဲ နက္ခတ်လဲကောင်းမွန်တဲ့ ရက်ဖြစ်ပါတယ်…. အခု အစီအရင်ဟာ လာဘ်ရွှင်ပြီး ငွေကြေးလာဘ်လာဘ ပေါများစေမယ့် ယတြာဖြစ်ပါတယ်။

သီတင်းကျွတ်လပြည့် နေ့လေး မနက် ၅ နာရီကနေ ၁၁ နာရီအတွင်း မြတ်စွာဘုရားရှင်အား သောက်တော်ရေတခွက် ကပ်လှူပေးပါ။ ပထမဦးစွာလင်ဗန်းတစ်ချပ်ရှာပါ…  လင်ဗန်းထဲကို လက်ဖက် ၉ပုံ ပုံလိုက်ပါ.. လက်ဖက် ၉ပုံကို စက်ဝိုင်းသဏ္ဍာန်ပုံပါ။ ပုံပြီးရင်  လက်ဖက်ကိုးပုံကြားထဲမှာ လိမ္မော်သီး ကိုးမွှာထည့်ထားလိုက် ….အဲဒီနောက်အလယ်မှာ လစ်ပိုပုလင်းတစ်လုံးထားလိုက်ပါ… လစ်ပို ပုလင်းပေါ် ဖယောင်းတိုင်အစိမ်းတစ်တိုင်းထွန်းညှိပြီး အိမ်ကဘုရားမှာ ပူဇော်လိုက်ပါ။ လပြည့်နေ့ မနက် ၅ နာရီကနေ ၁၁ နာရီအတွင်း မှာ စီရင်ရမှာပါ။

လပြည့်နေ့နံနက်မှာ ပူဇော်ပြီးရင် မွန်းလွဲချိန်ရောက်ရင်တော့ ကျန်တာတွေစွန့်လိုက်….လစ်ပိုပုလင်းကို ဖွင့်… ဖန်ခွက်ထဲ ငှဲ့ထည့်ပြီး ဘုရားကိုကပ်လှူလိုက်ပါ။ သီတင်းကျွတ်လပြည့်နေ့ ည ၉ နာရီကနေ ၁၁ နာရီအတွင်း ” အရဟံ လာဘံ ” ပုတီး ၃ ပတ် စိပ်ကာ မိမိလိုရာဆု တောင်းပါ။

အခါထူး ရက်ကောင်းရက်မြတ်တစ်ရက်ဖြစ်တာကြောင့် စိတ်ကို ကြည်လင်အောင်ထားပြီး တစ်နေ့တာကိုဖြတ်သန်းခြင်းဖြင့် ကောင်းခြင်းတွေရကြပါစေ…..

အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ ခင်ဗျာ့။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..