နှလုံးလမ်းကြောင်းက ပြောတဲ့ သင့်အချစ်ရေး
lotaya.mpt.com.mm
|
2023-11-07

သင့်ရဲ့လက်ပြင်ပေါ်မှာရှိနေတဲ့ လက္ခဏာလမ်းကြောင်းတွေ၏ အချစ်ရေး အကျိုး အကြောင်းလေးတွေ ၊ ဆိုးကျိုး ၊ ကောင်းကျိုးလေးတွေကို အောက်ဖော်ပြပါ လမ်းကြောင်းအမှတ်အသားတွေကနေ သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဝိဉာဥ်ချစ်သူ

ဒီလို လက္ခဏာ လမ်းကြောင်းမျိုးက တော်တော်လေး ရှားပါတယ်။ ရှိတော့ ရှိတယ်။ ရှားတယ်။ နှလုံး လမ်းကြောင်းမှာ စက်ဝိုင်းပုံလေး ခံနေတဲ့ လမ်းကြောင်းပါ။ အဲဒီလို လက္ခဏာ ပိုင်ရှင်တွေဟာ လူသား စင်စစ် မဟုတ်တဲ့ ဝိဉာဉ်လောကနဲ့ ဆက်နွယ်ပြီး ချစ်ကြိုး သွယ်တတ်ပါတယ်။ ဥစ္စာစောင့်မလေးတွေ ၊ ဥစ္စာစောင် အမျိုးသားတွေနဲ့ ချစ်သူဖြစ်ရတတ်တဲ့ လက္ခဏာပိုင်ရှင်ပါ။

အချစ်မလေးနက်သူ

နှလုံးလမ်းကြောင်း တစ်လျှောက်မှာ ကျွန်းတွေအများကြီး ပါနေရင်တော့ အချစ်ရေး ကိစ္စတွေမှာ မလေးနက်ဘူး၊ အလေးမထားဘူး။ ကိုယ့်ရဲ့ ချစ်သူအပေါ် ပေါ့ပေါ့တန်တန် သဘောမျိုး ထားတတ်ပါတယ်။ များသောအားဖြင့် ဒီလို လက္ခဏာ ပိုင်ရှင်တွေဟာ ချစ်သူ များတတ်ပါတယ်။ တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက် မရှိတတ်ဘူး။ အဆင်ပြေတဲ့ လူနဲ့ ချစ်သူ ဖြစ်လိုက်ကြ တာပါပဲ။

အချစ်သ၀န်ကြောင်

နှလုံး လမ်းကြောင်း နှစ်ထပ် ပါနေရင်တော့ အချစ် ကြီးသလို အမျက်လည်း ကြီးတတ် ပါတယ်။ ပြီးတော့ အချစ်ရေးကို ဦးစားပေးလွန်းတယ်။ အချစ်ရေးကို ရှေ့တန်းတင်လွန်းပါတယ်။ အချစ်သည်သာ ပဓာန ဆိုတဲ့ လူမျိုးတွေပေါ့။ သူတို့ဟာ အချစ်ကို ဦးစား ပေးသလို ချစ်သူ ကိုလည်း အလွန်အမင်း သဝန်ကြောင် တတ်ပါတယ်။

အချစ်မာနတံခွန်

တနင်္ဂနွေ ဂြိုဟ်ခုံ အောက်တည့်တည့် နှလုံး လမ်းကြောင်း ပေါ်မှာ အပြတ်တစ်ခု ရှိနေရင်တော့ အချစ်ရေးမှာ တစ်ဖက်စောင်းနင်း နိုင်တတ်ပါတယ်။ မိမိရဲ့ အချစ် သည်သာ တန်ဖိုးရှိတယ်။ မြင့်မြတ်တယ် ၊ မိမိသည်သာ ချစ်သူ အပေါ်ကို အရမ်း ချစ်မြတ်နိုး နိုင်တယ် ။ မိမိ အချစ် သည်သာ ဖြူစင်တယ်လို့ မိမိကို မိမိ ခံယူ နေသူရဲ့ လက်ဝါး ပြင်နှလုံး လမ်းကြောင်းမှာ ပါတတ်ပါတယ်။ ပြီးတော့ သူတို့ဟာ ချစ်သူ အပေါ်မှာ အင်မတန် လွှမ်းမိုး အနိုင်ယူချင် သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ချစ်သူဟာ သူတို့ကို အမြဲတမ်း ဦးစား ပေးနိုင်မှ သဘော ကျပါတယ်။

လက္ခဏာ ဝါသနာရှင်တွေအနေနဲ့ ကိုယ့်လက်ဖဝါးပေါ်မှာ အထက်ပါလမ်းကြောင်းနဲ့ သ‌ေင်္ကတတွေ ပါလာရင် ကိုယ့်ရဲ့အချစ်ရေး ဒါမှမဟုတ် ကိုယ်ချစ်သူရဲ့ အချစ်ရေး လမ်းကြောင်းတွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..