၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၁၉.၁၁.၂၀၂၃ မှ ၂၅.၁၁.၂၀၂၃ အထိ)
lotaya.mpt.com.mm
|
2023-11-19

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - တစ်ပတ်အတွင်း လုပ်ငန်းစီးပွားကိစ္စတွေမှာ မရေမရာနဲ့ ဖြစ်လာတတ်တယ်။ ဆက်လုပ်ရမလို ရပ်ထားရမလိုတွေ ခံစားရတတ်ပြီး ချီတုံချတုံတွေလည်း ဖြစ်လာတတ်တယ်။ ငွေရေးကြေးရေးမှာ ကြန့်ကြာမှု နောက်ကျမှုတွေ ဖြစ်လာတတ်တယ်။ ကြီးကဲသူတွေနဲ့ အဆင်မပြေ ဖြစ်တတ်တယ်။ အမှား လုပ်မိလိမ့်မယ်။

ကျန်းမာရေး - နေထိုင်မကောင်း၊ ဖျားနာတာမျိုး ဖြစ်တတ်တယ်။ လူရောစိတ်ပါ နွမ်းနယ်တတ်တယ်။

လူမှုအိမ်ထောင် - ဒီအပတ် မေတ္တာရေးကံဇာတာက အကောင်းဘက်မှာ ရှိနေတယ်။ ပျိုရွယ်သူတွေ အချစ်ကံ ထူးခြားကောင်းမွန်မယ်။ အားကိုးရသူနဲ့ ဆုံဆည်းမယ်။ အကူအညီတွေလည်း ရတတ်တယ်။ အိမ်ထောင်ရှင်ဆို ပျော်ရွှင်ရမယ့်ကာလ ဖြစ်တယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာတော့ မိတ်ဆွေတွေကြောင့် ပူပန်ရတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - ပန်းရောင် ၊ ခရမ်းရောင် ၊ အဝါနုရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၅ ၊ ၆

ကံကောင်းစေတဲ့ အရပ် - မြောက်

ကံကောင်းစေတဲ့ နေ့ရက် - စနေ

ယတြာ - စေတီတစ်ဆူရဲ့မွေးနံထောင့်မှာ သန့်ရှင်းရေးလုပ်ပါ။ ဘုရားမှာ မီးပူဇော်ဖို့ အလှူငွေ ထည့်ပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - ဒီအပတ်မှာ အလုပ်ကိစ္စနဲ့ ပတ်သက်လို့ သိပ်အားစိုက်စရာ မလိုဘဲ အဆင်ပြေတာ များမယ်။ လုပ်ငန်းကိုင်ငန်းတွေ အဆင်ပြေချောမွေ့ပြီး ငွေရပေါက်ရလမ်းတွေလည်း ပေါ်လာမယ်။ လူရင်းတွေသာမက လူစိမ်းတွေကပါ ကိုယ့်ကို ကူညီပေးလာတတ်တယ်။ ကိုယ်တိုင်က စိတ်များတတ်တာကိုတော့ သတိပြုရမယ်။

ကျန်းမာရေး - တစ်ပတ်လုံးမှာ ဘေးကင်းကျန်းမာမယ်။ စိတ်ဖိစီးမှုလေးတော့ ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ဒီအပတ်မှာ အချင်းချင်း နားလည်မှု လွဲတာတွေ များနေမယ်။ မကြာခဏ စကားများပြီး ကတောက်ကဆလေးတွေ ဖြစ်မယ်။ ပျိုရွယ်သူတွေ နှလုံးသားရေးမှာ ကံခေတတ်တယ်။ လူမှုရေးကဏ္ဍမှာလည်း ကောင်းကျိုးမပေးသူတွေ များမယ်။ လူရင်းတွေက ဒုက္ခပေးမယ်။

ကံကောင်းစေတဲ့ အရောင် - နို့နှစ်ရောင် ၊ အဖြူဆွတ်ဆွတ် ၊ ပန်းနုရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၉ ၊ ၆

ကံကောင်းစေတဲ့ အရပ် - အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ

ယတြာ - မိခင် (သို့) မိခင်ကဲ့သို့သော အမျိုးသမီးကြီးတွေကို စားချင်တာကျွေးပြီး ဆုတောင်းပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် - ငွေကြေးစီးပွားကိစ္စတွေမှာ အတော်လေး ရုန်းကန်ရတဲ့အနေအထားမျိုး ဖြစ်လာတတ်တယ်။ အလုပ်တွေက တော်တော်နဲ့ မပြီးဘဲ ဖိအားတွေလည်း များလာတတ်တယ်။ အလုပ်အပြောင်းအလဲတွေလည်း ဖြစ်ပေါ်တတ်တယ်။ အလုပ်သစ် ပေါ်လာတတ်တယ်။ ငွေကြေးကိစ္စမှာ ကိုယ်စိတ်နှစ်ပါး ပင်ပန်းရတတ်တယ်။

ကျန်းမာရေး - ဒီအပတ်မှာ ကျန်းမာရေး ချူချာတတ်တယ်။ ရင်ဘတ်၊ အဆုတ်၊ အစာအိမ် ဂရုစိုက်ရမယ်။

လူမှုအိမ်ထောင် - တစ်ပတ်တာ အချစ်ရေး၊ အိမ်ထောင်ရေးပိုင်းမှာ မကြာခဏ ဆူဆူပူပူတွေ ဖြစ်တတ်တယ်။ နှစ်ဦးကြားကို ဘေးလူတွေက ကြားဝင်နှောင့်ယှက်တတ်တယ်။ မဟုတ်ကဟုတ်ကတွေ နားဝင်မိတတ်တယ်။ ခဏခဏ စကားများဖြေရှင်းရတတ်တယ်။ လူမှုဆက်ဆံရေးမှာတော့ ကူညီမယ့်မိတ်ဆွေတွေ ပေါ်လာမယ်။

ကံကောင်းစေတဲ့ အရောင် - အနက် ၊ အပြာရင့် ၊ အနီရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၇ ၊ ဝ

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ အင်္ဂါ

ယတြာ - စေတီတစ်ဆူရဲ့မွေးနံထောင့်မှာ နှင်းဆီ ၃ ပွင့် ကပ်လှူပြီး ဆုတောင်းပါ။


MPT IPTV သို့သွားရန်နှိပ်ပါ ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - ကိုယ်ရောစိတ်ပါ မကြည်အလင် ဖြစ်နေတတ်လို့ အလုပ်မှာပါ ပျက်ကွက်မှုတွေ ဖြစ်လာမယ်။ လုပ်ငန်းကိစ္စ တာဝန်တွေ အရမ်း များလာတတ်ပြီး မနိုင်မနင်းလည်း ဖြစ်ရတတ်တယ်။ ငွေအတွက် စိတ်ပူရတာ အခြေအတင် ပြောဆိုရတာတွေ ဖြစ်တတ်တယ်။ လူလိမ်၊လူကောက်တွေကိုလည်း သတိထား ရှောင်ရမယ်။

ကျန်းမာရေး - သာမန်ထက် ကျန်းမာရေး နိမ့်ပါးတတ်တယ်။ ရောဂါဝေဒနာအခံရှိသူတွေ ပိုဂရုစိုက်ပါ။

လူမှုအိမ်ထောင် - မေတ္တာရေးမှာ ကံကောင်းတတ်တယ်။ ဒါပေမယ့် ရွေးရခက်တာ၊ မပြတ်သားတာတွေလည်း ဖြစ်တတ်တယ်။ လူငယ်တွေ နှလုံးသားရေးမှာ အပြိုင်အဆိုင် ပေါ်လာမယ်။ တစ်ဦးထက်ပိုတဲ့ သံယောဇဉ်တွေ ဖြစ်ပေါ်တတ်တယ်။ လူမှုရေးကဏ္ဍမှာ မိတ်ဆွေတွေကြောင့် စိတ်ချမ်းသာရမယ်။ ကူညီမယ့်သူတွေ များမယ်။

ကံကောင်းစေတဲ့ အရောင် - အဝါ ၊ အဖြူဆွတ်ဆွတ်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၅ ၊ ၂

ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ သောကြာ

ယတြာ - ဘုရားစေတီ (သို့) ဘုန်းကြီးကျောင်းမှာ သန့်ရှင်းရေး လုပ်အားဒါန ကုသိုလ်ပြုပေးပါ။

ရာဟုဖွား

အလုပ်အကိုင် - လုပ်ငန်းစီးပွားကံဇာတာ အားနည်းမယ်။ အကောင်းထက် အညံ့က ပိုများနေမယ်။ အလုပ်ထဲမှာ ပေါ်တင်ရော ၊ နောက်ကျောကနေပါ အနှောင့်အယှက်ပေးတာတွေ ကြုံရမယ်။ အလုပ်တွေ တန်းစီပေါ်လာလို့ မနည်း ပြီးအောင် အချိန်လု လုပ်ရတတ်တယ်။ ငွေရေးကြေးရေးမှာလည်း အတော်လေး ပြောဆိုမှ ရလိမ့်မယ်။

ကျန်းမာရေး - ရောဂါဟောင်း၊ ဝေဒနာဟောင်းတွေ ပြန်ပေါ်တတ်တယ်။ ထိမိခိုက်မိ ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် - ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပျော်ရွှင်ဝမ်းမြောက်စရာတွေ ဖြစ်ပေါ်လာလိမ့်မယ်။ မင်္ဂလာကိစ္စ စီစဉ်နေသူတွေ အောင်မြင်မယ်။ သတင်းကောင်းတွေ ကြားရတတ်တယ်။ လူငယ်တွေ မေတ္တာရေး ကံ ပွင့်လန်းလာမယ်။ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေးမှာတော့ ကိုယ့်အပေါ် ကောင်းတဲ့သူတွေနဲ့ ဆုံရမယ်။

ကံကောင်းစေတဲ့ အရောင် - ကတ္တီပါရောင် ၊ ကောင်းကင်ပြာရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၉ ၊ ဝ

ကံကောင်းစေတဲ့ အရပ် - အနောက် ၊ အရှေ့တောင်

ကံကောင်းစေတဲ့ နေ့ရက် - စနေနေ့မွန်းလွဲနောက်ပိုင်း ၊ သောကြာ

ယတြာ - သက်ကြီးရွယ်အိုတွေကို အအေး (သို့) အားဖြည့်အချိုရည် လှူဒါန်းပေးပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - ဒီအပတ်မှာ အလုပ်အကိုင်အခြေအနေ တိုးတက်လာမယ်။ လုပ်ငန်းသစ် စတင်တာ၊ အလုပ် တိုးချဲ့တာ၊ ဈေးကွက်သစ် ရှာဖွေတာတွေ သင့်လျော်တယ်။ လုပ်ငန်းစီးပွားကံကောင်းချိန် ဖြစ်ပြီး ကိုယ့်ကိုပါ နေရာပေးလာတာမျိုး ကြုံရမယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း တာဝန်ခံရ၊ ခေါင်းခံရတာတွေ ရှိနေလိမ့်မယ်။

ကျန်းမာရေး - ရင် ၊ ဝမ်းနဲ့ ပတ်သက်လို့ ဝေဒနာ ဖြစ်တတ်တယ်။ ကျန်းမာရေး ကျဆင်းနိုင်တယ်။

လူမှုအိမ်ထောင် - တစ်ပတ်အတွင်း မေတ္တာရေးကံဇာတာ ထူးခြားလာမယ်။ အချစ်ကို ရှာဖွေနေသူတွေ အချစ်နဲ့ ဆုံဆည်းခွင့် ရမယ်။ လူငယ်လူရွယ်တွေ နှလုံးသားရေးမှာ ကံတွေ ပွင့်ပြီး ရင်ခုန်စရာတွေ ဖြစ်ပေါ်လာလိမ့်မယ်။ အိမ်ထောင်ရှင်တွေလည်း စိတ်ချမ်းသာမှု ရမယ်။ လူမှုရေးမှာတော့ ကိုယ်ကအနာခံ ပေါင်းရတာတွေ များမယ်။

ကံကောင်းစေတဲ့ အရောင် - ပန်းနုရောင် ၊ ကြက်သွေးရောင် ၊ နို့နှစ်ရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၅ ၊ ၆ ၊ ၉

ကံကောင်းစေတဲ့ အရပ် - အနောက် ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး ၊ စနေ

ယတြာ - အိမ်ကဘုရားမှာ သစ်သီးဆွမ်း မကြာခဏ ကပ်လှူပေးရမယ်။

သောကြာနေ့ဖွား

အလုပ်အကိုင် - စပ်တူရှယ်ယာတွေ အကျိုးမပေးပေမယ့် ကိုယ်ပိုင်အလုပ်၊ ကိုယ်တိုင် ဦးဆောင်ရတဲ့အလုပ်မှာ အောင်မြင်ဖြစ်ထွန်းနိုင်တယ်။ လုပ်ငန်းကိုင်ငန်းတွေ အရှိန်အဟုန်နဲ့ လည်ပတ်လာနိုင်ပြီး လမ်းကြောင်းသစ်တွေ ရှာဖွေနိုင်မယ်။ အခွင့်အရေးတွေကိုလည်း ကိုယ့်ဆီ တည့်တည့် ရောက်လာမယ်။ ငွေဝင်ပေမယ့် ပြန်ကုန်မယ်။

ကျန်းမာရေး - ဦးနှောက်၊ အာရုံကြော အားနည်းတတ်တယ်။ အသေးအဖွဲ ဒဏ်ရာတွေ ရတတ်တယ်။

လူမှုအိမ်ထောင် - ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးပိုင်းမှာ အလှမ်းကွာတဲ့အခြေအနေတွေ ဖြစ်လာမယ်။ လူ ချင်းနီးရင်တောင် စိတ်ချင်းဝေးကွာသလို ခံစားရမယ်။ ချစ်သူ (သို့)အိမ်ထောင်ဖက် ကျန်းမာရေး ညံ့တတ်တယ်။ လက်တွဲဖော်နဲ့ပတ်သက်လို့ ခံစားနာကျင်ရတတ်တယ်။ လူမှုရေးမှာတော့ စိတ်ချမ်းသာစရာတွေ ဖြစ်နေမယ်။

ကံကောင်းစေတဲ့ အရောင် - ရောင်စုံကွက် ၊ နက်ပြာ ၊ ပန်းရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၆ ၊ ၇ ၊ ဝ

ကံကောင်းစေတဲ့ အရပ် - မြောက်

ကံကောင်းစေတဲ့ နေ့ရက် - သောကြာ ၊ တနင်္လာ

ယတြာ - သက်ကြီးဝါကြီးတွေ၊ နွမ်းပါးသူတွေအတွက် ဖိနပ် (သို့) ထီး တစ်ခုခု ဝယ်လှူပေးလိုက်ပါ။

စနေနေ့ဖွား

အလုပ်အကိုင် - တစ်ပတ်တာ ငွေကြေးစီးပွားအခြေအနေက အတက်အကျ၊ အကောင်းအဆိုးတွေ ရှိနေမယ်။ အစောပိုင်းမှာ ကံမကောင်းတတ်ပေမယ့် နောက်ပိုင်းမှာ လမ်းကြောင်းမှန်ပေါ် ရောက်လာမယ်။ အလုပ်အကိုင် တိုးတက်အောင်မြင်ကိန်း ရှိတယ်။ သည်းခံကြိုးစားရင် အောင်မြင်မယ်။ ငွေဝင်ပေမယ့် ပြန်ကုန်လွယ်နေမယ်။

ကျန်းမာရေး - အစာအိမ်၊ သွေးသားနဲ့ ပတ်သက်လို့ ဂရုစိုက်ရမယ်။ ဘေးဥပဒ်တော့ မရှိပါ။

လူမှုအိမ်ထောင် - မေတ္တာရေးကံ အညံ့ ရှိနေတယ်။ ချစ်သူစုံတွဲတွေ၊ အိမ်ထောင်ရှင်တွေကြားမှာ မကြာခဏ စကားများရ ရန်များရတတ်တယ်။ တကျက်ကျက် ဖြစ်လွယ်မယ်။ ဘေးလူတွေကလည်း နှောင့်ယှက်လိမ့်မယ်။ လူမှုရေးမှာ ကိုယ့်အပေါ် မကောင်းမြင်၊ အထင်လွဲတာ ခံရတတ်တယ်။ မိတ်ဆွေတွေကြောင့် စိတ်ညစ်ရမယ်။

ကံကောင်းစေတဲ့ အရောင် - အနက် ၊ အဝါတောက်တောက်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၅ ၊ ဝ

ကံကောင်းစေတဲ့ အရပ် -  အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ အင်္ဂါ

ယတြာ - ဘုရားမှာ ထီးဖြူ ၁ လက်နဲ့ နို့ထမင်းဆွမ်း ကပ်လှူပြီး ဆုတောင်းရမယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..