
တနလ်ာဂြိုဟ်ခုံနားမှာ ငါးရုပ်ပါမယ်ဆိုရင် ဒီလက္ခဏာရှင်အနေနဲ့ သူ့ဘဝမှာထင်မှတ်မထားတဲ့ ပြောင်းလဲမှုတွေကို ကြုံတွေ့ရပါလိမ့်မယ်။ ကံလမ်းနဲ့ဦးခေါင်းလမ်းအရလဲ ဘဝတတိယအရွယ်မှာ ခက်ခဲမှုကြုံရမယ်လို့ ပြပေးထားတာမို့ ဒီအမှတ်အသား အကျိုးကိုရရှိဖို့ အရင်ဆုံးခက်ခဲမယ်လို့ ပြပေးထားတာဖြစ်တယ်။
သူ့ဘဝမှာ ခရီးထွက်ရမယ်။ ဝေးသောအရပ်ကိုရောက်ရှိလိမ့်မယ်... ဝေးသောအရပ်မှာ အစပိုင်း အဆင်မပြေတတ်ပဲ.. ခက်ခဲလိမ့်မယ်လို့ပြပါတယ်...ကံနည်းတဲ့ကာလလဲ ဖြစ်တော့ အစစအရာရာ လူပင်ပန်း စိတ်ပင်ပန်းဖြစ်ရလိမ့်မယ်. စိတ်ညစ်စရာတွေကြုံရမယ်လို့ပြပါတယ်..ဒါပြီးမှ ငါးရုပ်အကျိုးကောင်းကို သူခံစားရမှာဖြစ်ပါတယ်။
ငါးရုပ်အကျိုးဟာ ဘဝမှာ ဝေးသောအရပ်နဲ့အပ်စပ်မယ် ဝေးသောအရပ်မှာပဲ လက္ခဏာရှင်က အောင်မြင်လိမ့်မယ်လို့ပြပါတယ်။ ဘဝတစ်ဆစ်ချိုးထိကို သူ့ကြိုးစားမှုကြောင့် အဆင်ပြေပြေနဲ့ ကောင်းစွာနေထိုင်ရမယ်....ပြောရရင် အမှတ်အသား အားနည်းတာလဲ ပါသလို ကံအနေအထားအရလဲ အကျိုးကောင်းရဖို့ အစပိုင်းအားနည်းစေတာဖြစ်ပါတယ်။
ငါးရုပ်၏ကောင်းကျိုးဟာ ဝေးသောအရပ်မှာအောင်မြင်ခြင်း၊ ရပ်ဝေးကံပါရှိခြင်း၊ ကောင်းသောခရီး၊ ဘဝတစ်ဆစ်ချိုးထိပြောင်းလဲနိုင်တဲ့အရပ်ဒေသကို သွားရခြင်း၊ ခရီးသွားလုပ်ငန်းနဲ့ အကျိုးပြုခြင်းနဲ့သူ့ဘဝမှာ အဆင်ပြေစွာနဲ့နေထိုင်ရမယ်လို့ပြပါတယ်။
ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope