ငွေကြေးလာဘ်လာဘများ တိုးပွားစေမယ့် တန်ဆောင်မုန်း လပြည့်နေ့ အထူးယတြာ
lotaya.mpt.com.mm
|
2023-11-24

တန်ဆောင်မုန်း လပြည့်နေ့ဟာ ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်ပါတယ်.. အခုလို နေ့ထူးနေ့မြတ်ဖြစ်တဲ့ လပြည့်နေ့ကစပြီး အထူးပြုလုပ်လို့ရတဲ့ ငွေကြေးလာဘ်လာဘများ တိုးပွားစေမယ့် ယတြာကို တင်ဆက်ပေးလိုက်ပါတယ်။

မိမိမှာ ပိတ်ဆို့နေတဲ့ငွေကြေးကံများ ရသင့်လျှက်ကြန့်ကြာနေသောငွေကြေး လာဘ်လာဘများအပြင် အခြားသော နေရာများမှလည်း မိမိရဲ့ကံ နှင့် မိမိရဲ့ သဒ္ဓါတရားပေါ်မူတည်ပြီး ငွေကြေးလာဘ်လာဘများ ဝင်လာပါလိမ့်မယ်။ လုပ်ဆောင်ရမယ့် အထူးယတြာကတော့ အရဟံပဋ္ဌာန်းလာဘ်ပွင့်ဂါထာတော်ကို အခုတန်ဆောင်မုန်းလပြည့်နေ့ကစပြီး ၂၄ ရက် အဓိဌာန် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်အား သောက်တော်ရေ၊ ပန်း ၊ ဆီမီး ကပ်လှူပြီး ဂါထာတော်ကို တစ်နေ့လျှင် ၂၄ ခေါက် ၂၄ ရက်တိတိ ရွတ်ဖတ်ပူဇော်ပါ။  ၂၄ ရက်ပြည့်ပြီးရင် တစ်ပတ်နားပြီး မိမိမွေးနေ့ရောက်မှ အဓိဌာန် နောက်တစ်ကြိမ်ပြန်ဝင်ပါ။

အဓိဌာန်ကာလ ၂၄ ရက်အတွင်း မိမိ တတ်နိုင်သလောက် ခွေးစာ ငါးစာ ငှက်စာ ဒါနပြုပါ။ အဓိဌာန်ကာလအတွင်း ပထမဆုံးဝင်လာသောငွေကြေးဖြင့် မွေးနေ့တွင် မြတ်စွာဘုရားရှင် ကိုယ်တော် မြတ်ကြီးကို သီဟိုစေ့ ဒါနပြု ကပ်လှူပါ။

အရဟံပဋ္ဌာန်းလာဘ်ပွင့်ဂါထာ

***************************

အရဟံဝတ လာဘံ ဟေတုပစ္စယော

အရဟံဝတ လာဘံ အရမ္မဏပစ္စယော

အရဟံဝတ လာဘံ အဓိပတိပစ္စယော

အရဟံဝတ လာဘံ အနန္တရပစ္စယော

အရဟံဝတ လာဘံ သမနန္တရပစ္စယော

အရဟံဝတ လာဘံ သဟဇာတပစ္စယော

အရဟံဝတ လာဘံ အညမညပစ္စယော

အရဟံဝတ လာဘံ နိဿယပစ္စယော

အရဟံဝတ လာဘံ ဥပနိဿယပစ္စယော

အရဟံဝတ လာဘံ ပုရေဇာတပစ္စယော

အရဟံဝတ လာဘံ ပစ္ဆာဇာတပစ္စယော

အရဟံဝတ လာဘံ အာသေဝနပစ္စယော

အရဟံဝတ လာဘံ ကမ္မပစ္စယော

အရဟံဝတ လာဘံ ဝိပါကပစ္စယော

အရဟံဝတ လာဘံ အဟာရပစ္စယော

အရဟံဝတ လာဘံ ဣန္ဒြိယပစ္စယော

အရဟံဝတ လာဘံ ဈာနပစ္စယော

အရဟံဝတ လာဘံ မဂ္ဂပစ္စယော

အရဟံဝတ လာဘံ သမ္ပယုတ္တပစ္စယော

အရဟံဝတ လာဘံ ဝိပ္ပယုတ္တပစ္စယော

အရဟံဝတ လာဘံ အတ္ထိပစ္စယော

အရဟံဝတ လာဘံ နတ္ထိပစ္စယော

အရဟံဝတ လာဘံ ဝိဂတပစ္စယော

အရဟံဝတ လာဘံ အဝိဂတပစ္စယောတိ။

ဂုဏ်တော်ပဌာန်းကျင့်စဉ်မို့ အမြတ်ဆုံးတွေကို ပွားများရတာဖြစ်လို့ လာဘ်လာဘ မမျှော်ကိုးပဲ ကြည်ညိုစိတ်ဖြင့် ရွတ်ဆိုပူဇော်ပါက ပို၍ အကျိုးထူး ခံစားရမှာ ဖြစ်ပါတယ်။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..