
(က) အမျိုးသားများမှာ ညာဘက်ရင်အုံပေါ်၌ မှဲ့ပါရှိခဲ့ပါက ထိုအမျိုးသားများမှာ ဉာဏ်ပညာစွမ်းအားကြီးမား သူဖြစ်သည်။ ငယ်စဉ်ကပင် ချမ်းသာစွာ နေရတတ်သည်။ လူချစ်လူခင်ပေါ်များပြီး အလုပ်အကိုင်တို့တွင် ကောင်းမွန်ပြီး ကြီးပွားတိုးတက်မှုရှိတတ်သည်။ စာပေအနုပညာဝါသနာပါသူဖြစ်သည်။ အခြေအရံအသိုင်းအဝိုင်း များသူဖြစ်သည်။ စီးပွားရေးတွင် ထင်ပေါ်ကျော်ကြားသူဖြစ်သည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ရှင်ဇနီးမယား ကောင်းရရှိတတ်သည်။ သားကောင်းသမီးကောင်းရတနာများ ထွန်းကားတတ်သည်။
(ခ) အမျိုးသမီးများမှာ ညာဘက် ညာဘက်ရင်အုံပေါ်၌ မှဲ့ပါရှိခဲ့ပါက ထိုအမျိုးသမီးများမှာ ဘုန်းကံကြီးမား တတ်သည်။ ကတော်ဖြစ်တတ်သည်။ အသိပညာ၊ အတတ်ပညာတို့တွင် ထူးချွန်စွာ တတ်မြောက်သူဖြစ်သည်။ အလုပ်အကိုင်တွင် အနှောင့်အယှက်အတိုက်အခံပြဿနာများတတ်ပြီး မိမိဘက်က အနိုင်ရတတ်ပါသည်။ ချမ်း သာကြွယ်ဝတတ်သည်။ သားယောကျ်ားလေးများသာ မွေးဖွားတတ်သည်။ သားကောင်းမိခင်ဖြစ်တတ်သည်။ အိမ်ထောင်ရေးတွင် လင်ကောင်းသားကောင်းရပြီး ချစ်ခင်စွဲလန်းမြတ်နိုးသော အိမ်ထောင်ဘက်မျိုးကို ရရှိတတ် သည်။
မှတ်ချက်။ ။ မှဲ့နှင့်ပတ်သက်၍ သတိပြုရမည့်အချက်များရှိပါသည်။ မှဲ့ပါတိုင်း ကောင်းခြင်း
ဆိုးခြင်းကို ကျိန်းသေ ပြော၍မရပါ။ ဘယ်လိုမှဲ့လည်းဆိုတာ ကြည့်ရပါမည်။
၁။ မှဲ့အဖြူ
မှဲ့အဖြူဖြစ်ပါက အလယ်အလတ်သာ ကောင်းကျိုးဆိုးကျိုးပေးတတ်သည်ဟုမှတ်ယူရပါမည်။
၂။ မှဲ့အနီ
မှဲ့အနီသည် ကောင်းသည့်နေရာမှာဆိုလျှင် ထူးထူးကဲကဲ ကောင်းကျိုးပေးတတ်ပါသည်။ မကောင်း ကျိုးပေးသည့်နေရာဆိုပါက အနည်းငယ်မျှသာ မကောင်းကျိုးပေးတတ်ပါသည်။
၃။ မှဲ့အညို
မှဲ့အညို၏ သဘောတရားမှာတော့ သစ္စာသမာဓိရှိခြင်း၊ သနားကြင်နာတတ်ခြင်း၊ ကူညီတတ်ခြင်း သဘောရှိပါသည်။
၄။ မှဲ့အနက်
မှဲ့အနက်ကတော့ မကောင်းကျိုးကို များစွာ ပေးတတ်ပါသည်။ ကောင်းကျိုးပေးသောနေရာ၌ ဖြစ်က နည်းနည်းပဲပေးတတ်ပါသည်။
၅။ မှဲ့အဝါ
မှဲ့အဝါကတော့ စိတ်ကူးယဉ်အဆင့်မျှသာဖြစ်တတ်သည်။ ထိုမှဲ့ရှိသူများ အနုပညာအလုပ်လုပ်သူ ဖြစ်က အောင်မြင်တတ်ပါသည်။ အနုပညာကို ဝါသနာပါတတ်ပါသည်။
၆။ မှဲ့အစိမ်း
မှဲ့အစိမ်းကတော့ မွန်မြတ်သော မှဲ့တစ်မျိုးပဲဖြစ်ပါသည်။ ထိုမှဲ့စိမ်းသည် ပုဂ္ဂိုလ်ထူးများ၌သာ တွေ့ရတတ်ပါသည်။ ပါရမီထူးသော ပုဂ္ဂို်များ၌သာ ပါလေ့ရှိတတ်ပါသည်။
၇။ မှဲ့ရှင်
မှဲ့အရှင်ကတော့ အရောင်အသွေးအဓိကမဟုတ်ပါ။ မှဲ့ရှင်ပါပါက ဘာအရောင်ပဲပါပါ ကောင်းကျိုး ကို ထူးကဲစွာ ပေးတတ်ပါသည်။ အနည်းငယ်နေရာလည်း ရွှေ့တတ်ပါသည်။ ဘုန်းတန်ခိုးကြီးကဲသူများ၌ သာ တွေ့ရတတ်ပါသည်။ ပျောက်ကွယ်သွားခြင်းမျိုးလည်း ရှိတတ်ပါသည်။
ထို့ကြောင့် မိမိမှာ အထက်ပါအတိုင်း ဘယ်လိုမှဲ့ပါရင် ဘာဖြစ်မယ်ဆိုတာကို မှဲ့အရောင်အလိုက် ဖြည့်စွက်မှတ်ယူပါမှ ပို၍ မှန်ကန်ပါမည်။ တိကျသော အဖြေလည်း ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ဘယ် နေရာမှာ ပါသည့်မှဲ့ကို တင်ပြသည်ဖြစ်စေ၊ မှဲ့အမျိုးအစားအရ ထပ်မံချိန်ဆယူပါမှ ပို၍ အဟောမှန် မည်သာ ဖြစ်ပါသည်။
ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope