အန္တရာယ်အမျိုးမျိုးကနေ ကင်းဝေးစေတဲ့ ယတြာဂါထာအစီအစဉ်
lotaya.mpt.com.mm
|
2023-12-01

အခုတင်ပြမှာကတော့ လူမှုဘဝကိစ္စအထွေထွေရှိတဲ့အထဲကနေပြီးတော့ အန္တရာယ်အမျိုးမျိုးကနေ ကင်းဝေးစေတဲ့ ယတြာဂါထာအစီအစဉ်ဘဲ ဖြစ်ပါတယ်။

လူတိုင်းလူတိုင်းတွေမှာ အခက်အခဲတွေ ၊ အန္တရာယ်တွေ ၊ အကျပ်အတည်းတွေ ရှိတတ်ပါတယ်။ တစ်မျိုးမဟုတ်တစ်မျိုးနဲ့ စိတ်ပူရတဲ့ အခြေအနေမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုအခက်အခဲတွေ ၊ ပြဿနာတွေ ၊ ဘေးစိုးတွေ ၊ အန္တရာယ်စိုးတွေ ကင်းဝေးစေဖို့ရာအတွက် နေ့စဉ်ရွတ်ဖတ်ရမယ့် ဂါထာအကြောင်းကို တင်ပြပေးချင်ပါတယ်။

အဲဒါကတော့ ကိုးနဝင်းဂါထာအကြောင်းဘဲ ဖြစ်ပါတယ်။ ကိုးနဝင်းဂါထာကို ရွတ်ဖတ်ပူဇော်မယ်ဆိုရင် အန္တာရာယ်စိုးတွေ ၊ ဘေးစိုးတွေကနေပြီးတော့ ကင်းဝေးပြီးတော့ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ မိမိလုပ်ကိုင်ဆောင်ရွက်တဲ့ကိစ္စတွေမှာ အေးအေးဆေးဆေးနဲ့ သွားလာလုပ်ကိုင် ဆောင်ရွက်နိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။

ဂါထာကတော့ -

*ဗုဒ္ဓွေါစ မဇ္ဈိမေ သေဋ္ဌော၊

သာရိပုတ္တော စ ဒက္ခိဏေ။

*ပစ္ဆိမေန စ အာနန္ဒော၊

ဥတ္တရေ မောဂ္ဂလ္လာယနော။

*ကောဏ္ဍညော ပုဗ္ဗဘာဂသ္မိံ၊

ပါဂပ္ပေ စ ဂဝမ္ပတိ။

*ဥပါလိ နရတိ စေ၀ ၊

အဂ္ဂိနေယဉ္စ ရေဝတော။

*ရာဟုလောစေ၀ ဧသန္နေ၊

တေ မေ ဒဒန္တု မင်္ဂလံ။

ဒီဂါထာလေးကို ရွတ်ဖတ်မယ်ဆိုရင် အန္တရာယ်ကင်းပြီးတော့ ဘေးစိုးတွေ ၊ ရန်စိုးတွေ ၊ လက်နက်စိုးတွေကနေပြီးတော့ ကင်းဝေးမှာဖြစ်ပါတယ်။

အဲဒီတော့ မိမိတို့ အမြဲတမ်းသွားလာလုပ်ကိုင်တဲ့အခါမှာ အန္တရာယ်ကြားမှာ သွားရတဲ့အခါမှာ ဘုရားကိုးဆူ နဝင်းမန္တန်ဖြစ်တဲ့ ဂါထာလေးကို ရွတ်ဖတ်ပြီးတော့ သွားလာမယ်ဆိုရင် မိမိမှာတစ်ကိုယ်လုံးမှာ အစောင့်အရှောက် အကာအကွယ် ယူသလိုဖြစ်ပြီး အန္တရာယ်ကနေကင်းဝေးနိုင်ပါတယ်။

မိမိတို့ သွားလာလုပ်ကိုင် ဆောင်ရွက်တဲ့အခါမှာ ခရီးသွားတဲ့အခါမှာ (အန္တရာယ်ရှိတဲ့ခရီးတွေ) ၊ စစ်ဘေးစစ်ဒဏ်ရှိတဲ့ခရီးမျိုးတွေ သွားတဲ့အခါမှာ လက်နက်ဘေးတွေ ဘေးစိုးတွေ အန္တရာယ်စိုးတွေ အမျိုးမျိုးကနေ ကင်းဝေးနိုင်အောင်လို့ ဂါထာကို အမြဲတမ်းရွတ်ဖတ်ပြီး သွားလာလုပ်ကိုင်မယ်ဆိုရင် အဆင်ပြေမှာ ဖြစ်ပါတယ်။

အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ ခင်ဗျာ့။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..