
ဆီးချိုရောဂါဆိုသည်မှာ မျိုးရိုးဗီဇဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပါသည်။ ပန်ကရိယမှ ထုတ်လွှတ်သော အင်စူလင်ဟော်မုန်းထွက်ရှိမှု မလုံလောက်ခြင်း၊ အချိုဓာတ်ကို ခန္ဓာကိုယ်က သုံးစွဲရာတွင် ချို့ယွင်းချက်ဖြစ်ပေါ်ပြီး သွေးထဲ အချိုဓာတ်များလာကာ သွေးထဲမှဆီးထဲသို့ ၎င်းအချိုဓာတ်များ စွန့်ထုတ်ခြင်းကြောင်း ဆီးထဲမှာ ချိုသော ဓာတ်ပါဝင်မှုများပြားလာခြင်းကို ဆီးချိုရောဂါဖြစ်သည်ဟု ခေါ်သည်။
လက္ခဏာပညာအရဆီးချို ရောဂါဖြစ်စေသောလမ်းကြောင်းများမှာ -
၁။ တနင်္လာဂြိုဟ်ခုံ ရှုပ်ထွေးသောလမ်းကြောင်းများ
၂။ တနင်္လာဂြိုဟ်ခုံ ကြယ်ပါရှိခြင်း
၃။ တနင်္လာဂြိုဟ်ခုံ ဇယားပါရှိခြင်း
၄။ သောကြာဂြိုဟ်ခုံမှ စနေဂြိုဟ်ခုံသို့ နှလုံးလမ်းကြောင်း အားဖြတ်၍တက်နေပြီး ကြယ်ဖြင့် အဆုံးသတ်ထားသောလမ်းကြောင်း၊
၅။ ကန်တော့ချွန်လက်အမျိုးအစားဖြစ်ပြီး လက်ညှိုးထိပ် ပထမအဆစ်ကိုလည်း ကြည့်ရပါသည်။
ဆီးချိုနှင့်ပတ်သက်၍ နက္ခတ္တဗေဒဆိုလိုရင်းများအရ ကန်ရာသီသည် ပန်ကရိယကို အုပ်စိုးပြီး သိဟ်ရာသီသည် ဝမ်းဗိုက်နှင့် အစာချေအဖွဲ့အစည်း၊ အစာအိမ်၊ အူ၊ အသဲ အုပ်စိုးပါသည်။
အုပ်စိုးသောဂြိုဟ်များ -
၅ တေးသည် အသည်း၊ ၄ ဟူး ပန်ကရိယ၊ ၆ ကြာ သကြား သို့မဟုတ် ဂလူးကို့စ်၊ ၁ နွေသည် အူမှခန္ဓာကိုယ်အတွင်း စုပ်ယူခြင်း၊ ၂ င်္လာ သွေးနှင့်ဆီးထဲရှိသော အချိုရည်ဓာတ်များကို အုပ်စိုးကြပါသည်။ အထက်ပါရာသီဘဝဂြိုဟ်များကို ထိခိုက်ပျက်စီးခြင်း ခံရလျှင် ဆီးချိုရောဂါကို ဖြစ်စေပါသည်။
ထို့ကြောင့် ဆီးချိုရောဂါကို အစိုးရသော ဂြိုဟ်ဘဝများ ထိခိုက်ပျက်စီးခြင်းကြောင့် ဆီးချိုရောဂါကို ဖြစ်စေပါသည်။
ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope