
ယခုဘဝနှင့် နောင်ဘဝတို့၏ ကုသိုလ် ၊ အကုသိုလ်ကိုမှီ၍ လက္ခဏရှင်၏ ကြမ္မာကို ဖန်တီးလျက်ရှိသော ကံကြမ္မာလမ်းကြောင်းပင် ဖြစ်ပေသည်။ ထီးလက်ကိုင်ရိုးက ထီးတစ်လက်ထက် အခရာဖြစ်သလို ကံကြမ္မာလမ်းကြောင်းလည်း လူတစ်ယောက်၏ ကံအခရာဖြစ်၍ ထီးရိုးဟု ခေါ်ကြပြန်သည်။
လက်ကောက်ဝတ်မှ အစပြု၍ အလယ်လက်ချောင်းအောက် စနေဂြိုလ်ခုံပေါ်တွင် အဆုံးသတ်နေသည့်အတွက်လည်း စနေလမ်းကြောင်းဟု ခေါ်ပြန်ပါသည်။ ဖြစ်ပျက်သဘောကို ပြခြင်းသည် ကံကြမ္မာလမ်းကြောင်းပင် ဖြစ်သည်။
လက္ခဏာရှင်၏ နောက်ပါးမှ အရိပ်လိုလိုက်၍ ကံကြမ္မာချယ်လှယ်နေသည့် လမ်းကြောင်းပင် ဖြစ်သည်။ ကံလမ်းကြောင်းမပါလျှင် ချယ်လှယ်ခံရမည် မဟုတ်၍ မပါလျှင် ပိုကောင်းသည်ဟု ထင်ကြသည့်သူများလည်း ရှိသည်။
တစ်စုံတစ်ယောက်၏ လက်တွင် ကံကြမ္မာလမ်းကြောင်းမပါလျှင် လက္ခဏာရှင်သည် မွေးသည့်အချိန်မှ သေဆုံးသည့်အချိန်တိုင်အောင် ခိုင်မြဲသော အလုပ် ၊ တိကျသော အသက်မွေးကျောင်း မရနိုင်။ လှုပ်ရှားပြောင်းလဲမှု အမျိုးမျိုး ဖြင့်ဘဝခရီးလျှောက်ရလိမ့်မည်။
ကံလမ်းကြောင်း အကောင်းအဆိုးပေါ် မူတည်ပြီး အဟောထုတ်၍ မရနိုင်သေးပါ။ လက်အမျိုးအစား ၊ လက်ချောင်းဂြိုလ် ၊ လက်သည်းနှင့် တခြားလမ်းကြောင်းများပေါ် မူတည်၍ ဟောချက်ထုတ်ရပါမည်။ ကံကြမ္မာလမ်းကြောင်းတစ်ခုတည်းကြည့်ပြီး အကောင်းအဆိုး ဆုံးဖြတ်၍ မရနိုင်ပါ။
(၁) ဖြောင့်တန်းစွာရှိသော ကံလမ်းကြောင်းသည် အသက်ကြီးပိုင်းတွင် ပျော်ရွှင်စွာ နေထိုင်ရမည့်အသင်း ၊ အုပ်စုများနှင့် နေထိုင်လိုစိတ်ရှိသလို စွန့်ဦးတီထွင်မှုများလည်း ရှိမည်။ စိတ်ဖိစီးမှုနှင့် မနိုင်ဝန်များကို ထမ်းလိုစိတ် မရှိပါ။
(၄) ကံလမ်းကြောင်းသည် ကျိုးပြတ်နေလျှင် ထိုကျိုးပြတ်သောကာလတွင် စိန်ခေါ်မှုများနှင့် ကြုံပြီး ဘဝအလုပ်အပြောင်းလဲရမှုရှိမည်။ ထိုးတက်သွားသော လမ်းကြောင်းသည် ထင်ရှားနေလျှင် ကောင်းသောပြောင်းလဲမှု ဖြစ်မည်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope