
လောကမှာ လူတိုင်းလူတိုင်းဟာ အင်တာဗျူးဖြေတာဖြစ်ဖြစ် ၊ အလုပ်ကိစ္စဖြစ်ဖြစ် ၊ ပညာရေးကိစ္စကို ဆောင်ရွက်တာဖြစ်ဖြစ် ၊ စီးပွားရေးကိစ္စ ဆောင်ရွက်တာဖြစ်ဖြစ် (ဒါမှမဟုတ်) တခြား လူမှုရေးကိစ္စ ၊ အချစ်ရေးကိစ္စတွေ ဆောင်ရွက်တာဖြစ်ဖြစ် အခက်အခဲတွေကို ဖြေရှင်းတဲ့အခါမှာ ဖြစ်ချင်တဲ့ဆန္ဒတစ်ခုခုကို ပြင်းပြင်းထန်ထန် လိုလိုလားလားရှိတတ်ကြပါတယ်။
အခက်အခဲတွေ ပြေပျောက်ပြီးတော့ ကိုယ်လိုချင်တဲ့ကိစ္စကို အောင်မြင်အောင် ပြုလုပ်တဲ့အခါမှာ တစ်ခုတည်းကို ဦးတည်ပြီးတော့ လုပ်ရမယ့် အစီအမံလေးတစ်ခုဖြစ်ပါတယ်။
ယခုဂါထာယတြာကတော့ အရေးကြီးလာတဲ့အခါမှာ ကိုယ်က မဖြစ်မနေနဲ့ ဒီကိစ္စတစ်ခုကိုပဲ အဆင်ပြေအောင် အောင်မြင်အောင် ကိုယ်က အထောက်အပံ့အနေနဲ့ တွန်းအားအနေနဲ့ ပြုလုပ်ဆောင်ရွက်ရမယ့် ယတြာဖြစ်ပါတယ်။
ဒါကတော့ ဆုတောင်းပြည့်ဂါထာပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းပြည့်ဂါထာကို အခက်အခဲတစ်ခုကြုံတာဖြစ်ဖြစ် ၊ စီးပွားရေးအရ လုပ်ငန်းအောင်မြင်ချင်တာဖြစ်ဖြစ် အဲလိုအောင်မြင်ချင်တဲ့အခါမှာ အရေးကြီးနေတဲ့အချိန်မှာ ဒီဂါထာကို မဖြစ်မနေလုပ်ရမှာဖြစ်ပါတယ်။
ဒီဂါထာကတော့ အခြားမဟုတ်ပါဘူး ။ ရတနာသုံးပါးရဲ့အကြောင်းတွေကို ရတနာသုံးပါး ရှစ်ခိုးတဲ့ဂါထာပဲဖြစ်ပါတယ်။ ရှစ်ခိုးပြီးတော့မှ မိမိရဲ့အကြံအစည်တွေကို အမြန်ဆုံးအောင်မြင်ပါစေလို့ ဆန္ဒပြုတဲ့ဂါထာဖြစ်ပါတယ်။ မိမိရဲ့ ကောင်းတဲ့စေတနာအပြည့်နဲ့ ရွတ်ဖတ်ရမှာဖြစ်ပါတယ်။
ဂါထာကို ပုတီးစိပ်မယ်ဆိုရင် ပုတီး (၉) ပတ် (သို့) ( ၁၈ ) ပတ် (သို့) (၂၇) ပတ် စသဖြင့် မိမိအချိန်ရသလိုစိပ်ပါ။ မိမိက တကယ်အရေးကြီးတဲ့ကိစ္စတွေဆိုရင်တော့ ပုတီး (၉) ပတ်နဲ့ (၉) ရက်တိတိစိပ်ပြီးတော့ မိမိလိုချင်တဲ့ဆန္ဒတစ်ခုကိုပဲ ဆန္ဒပြုပြီးတော့မှ ဆုတောင်းပါ။
ပုတီးစိပ်နေတဲ့အချိန် ရတနာသုံးပါးရဲ့ ဂုဏ်တော်ကိုပဲ အပြည့်အ၀ မိမိစိတ်မှာ အာရုံပြုပြီးတော့ ရွတ်ဖတ်ရမှာ ဖြစ်ပါတယ်။ ပုတီး (၉) ပတ်စိပ်တယ်ဆိုရင်လည်းဘဲ ရတနာသုံးပါးကို အာရုံပြုပြီးတော့မှ စိပ်ရမှာဖြစ်ပါတယ်။ အဲဒီလိုစိပ်မှသာလျှင် ကိုယ်လိုချင်သော ပန်းတိုင်ကို ရောက်ရှိစေမှာ ဖြစ်ပါတယ်။
ဆုတောင်းပြည့်ဂါထာလေးကတော့ -
“ စိန္တာမဏိ ရတနာနိ ၊ ဗုဒ္ဓံ ဗုဒ္ဓရတနာနံ။
ကရံ ကရတိ သရဏံ ၊ ခိပ္ပမေ၀ သမိဇ္ဈတု။
စိန္တာမဏိ ရတနာနိ ၊ ဓမ္မံ ဓမ္မ ရတနာနံ။
ကရံ ကရတိ သရဏံ ၊ ခိပ္ပမေ၀ သမိဇ္ဈတု။
စိန္တာမဏိ ရတနာနိ ၊ သံဃံ သံဃ ရတနာနံ။
ကရံ ကရတိ သရဏံ ၊ ခိပ္ပမေ၀ သမိဇ္ဈတု။”
ဆိုပြီးတော့ ဒီဂါထာလေးကို ပုတီး (၉) ပတ် နေ့စဉ် (၉) ရက်တိတိ စိပ်ပြီးတော့မှ မိမိဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကိုပဲ ဆုတောင်းရမှာဖြစ်ပါတယ်။ အဲဒါဆိုရင် မိမိလုပ်ကိုင်နေတဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတစ်ခု အရေးကြီးကိစ္စကို ထိထိရောက်ရောက်နဲ့ လုပ်နိုင်ပြီးတော့ အောင်မြင်မှုတွေ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်ရှိမှာ ရရှိမှာ ဖြစ်ပါတယ်။
အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ ခင်ဗျာ့။
ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope