
ကံလမ်းကြောင်း အကောင်းအဆိုးပေါ် မူတည်ပြီး အဟောထုတ်၍ မရနိုင်တာကြောင့် လက်အမျိုးအစား ၊ လက်ချောင်းဂြိုလ် ၊ လက်သည်းနှင့် တခြားလမ်းကြောင်းများပေါ် မူတည်၍ ဟောချက်ထုတ်ရပါမည်။ ကံကြမ္မာလမ်းကြောင်းတစ်ခုတည်းကြည့်ပြီး အကောင်းအဆိုး ဆုံးဖြတ်၍ မရနိုင်ပါ။ ယခုပြောပြမှာကတော့ ကံလမ်းကြောင်းအနေအထားအကြောင်း အပိုင်း (၃) ကို ဆက်လက်ဖော်ပြပေး မှာ ဖြစ်ပါတယ်။
(၉) လက်ကောက်ဝတ်ဆီမှာ လက်ခလယ်ဆီသို့ ထောင်တက်သော လမ်းကြောင်း ၊ ယင်းလမ်းကြောင်းသည် အနေအထားအမှန်ပင် ဖြစ်သည်။ လက္ခဏာာရှင်သည် ကျော်စောထင်ရှားပြီး မည်သည့်လုပ်ငန်းမဆို အောင်မြင်မည့် ရာထူးဂုဏ်ထူး ၊ ကြွယ်ဝချမ်းသာသော စီးပွားရေးသမားချည်း ပါရှိကြပါသည်။
(၁၀) ကံလမ်းကြောင်းသည် အင်္ဂါဂြိုလ်ခုံအမတွင် အဆုံးသတ်သော် လက္ခဏာရှင်သည် အတိုက်အခိုက်သမားကောင်း ဖြစ်သည်။ အရာရာကို အလွယ်တကူ လက်မလျော့တတ်။ ခံနိုင်ရည်ရှိမှု စွမ်းအင်များက ၎င်းကို ကြီးပွားအောင်မြင် ဦးဆောင်ဦးရွက်ပြုသူ ဖြစ်စေသည်။
(၁၁) ကံလမ်းကြောင်းသည် သောကြာဂြိုလ်ခုံအနီး အစပျိုးသော် လက္ခဏာရှင်သည် ကာမဂုဏ် ၊ အချစ်ကိစ္စများ ဘဝတစ်လျှောက်လုံး စိတ်ဝင်စားမှုများမည်။ မိတ်ဆွေအတုအယောင်များနှင့် တွေ့ရသလို မချစ်သင့်သူများ ချစ်မိ၍ ဒုက္ခရောက်ရတတ်သည်။ မိန်းကလေးလက်များ၌ ရှိသော် မယားငယ်ဘဝသို့ ရောက်တတ်ပါသည်။
(၁၂) ကံလမ်းကြောင်းသည် အသက်လမ်းကြောင်းအတွင်းမှ အစပျိုးသော် ဆွေမျိုးသားချင်း ကူညီမှုများကြောင့် ဥစ္စာဓနကြီးပွားတိုးတက်မည်။ မည့်သည့်လုပ်ငန်းမဆို ဉာဏ်စွမ်းအင်ကြောင့် ကောင်းမွန်စွာ လုပ်ကိုင်နိုင်မည်။
ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope