
ကံလမ်းကြောင်း အကောင်းအဆိုးပေါ် မူတည်ပြီး အဟောထုတ်၍ မရနိုင်တာကြောင့် လက်အမျိုးအစား ၊ လက်ချောင်းဂြိုလ် ၊ လက်သည်းနှင့် တခြားလမ်းကြောင်းများပေါ် မူတည်၍ ဟောချက်ထုတ်ရပါမည်။ ကံကြမ္မာလမ်းကြောင်းတစ်ခုတည်းကြည့်ပြီး အကောင်းအဆိုး ဆုံးဖြတ်၍ မရနိုင်ပါ။ ယခုပြောပြမှာကတော့ ကံလမ်းကြောင်းအနေအထားအကြောင်း အပိုင်း (၄) ကို ဆက်လက်ဖော်ပြပေးမှာ ဖြစ်ပါတယ်။
(၁၃)
တနင်္လာနှင့်သောကြာဂြိုဟ်ခုံတို့ကို ခွ၍တက်လာသော ကံလမ်းကြောင်းပါသော် ချစ်မေတ္တာနှင့်အလှအပအာရုံ ခံစားမှုများနှင့် လုပ်ငန်းစီးပွားရေးကိစ္စများဖြင့် နှစ်ခွဖြစ်နေတတ်မည်။
(၁၄)
ကံလမ်းကြောင်း လမ်းခွဲသုံးခုအဆုံးသတ်မှုသည် ကြာသပတေး၊ စနေ၊ တနင်္ဂနွေဂြိုဟ်ခုံတို့တွင် အဆုံးသတ်နေသည့် လက္ခဏာရှင်သည် ရည်မှန်းချက်ကြီးသလောက် အောင်မြင်မည်။ ဘွဲ့ထူး၊ ဂုဏ်ထူး၊ ပစ္စည်းဥစ္စာ ဓနပြည့်စုံမှု၊ နာမည်ကျော်ကြားသူသိများသူ ပါရမီထူးသူများဖြစ်သည်။
(၁၅)
ကံလမ်းကြောင်းသည် လက်ခလယ်အောက်တွင် လမ်းခွဲတို့ ဖြာထွက်နေလျှင် အပြောင်းအလဲမျိုးစုံ တွေ့ထိရမည့် ဘဝကံအကျိုးပေးထူးသည့် လူအများ၏ကြည်လေးစားမှု ခံရမည့်မထင်မှတ်သော ကံကောင်းခြင်းများနှင့် ကြုံတွေ့ရမည်။
(၁၆)
ကံလမ်းကြောင်းမှလမ်းခွဲတစ်ခုသည် တနင်္ဂနွေဂြိုဟ်ခုံသို့ ခွဲထွက်သော် လက္ခဏာရှင်သည် စာပေ၊ အနုပညာ၊ ဘာသာဗေဒ ပတ်သက်လုပ်ကိုင်ရပြီး ပရိတ်သတ်လက်ခံလောက်အောင် အောင်မြင်မည့် နိုင်ငံရေးသမားလက်၌ ပါသော်အထူးအောင်မြင်မည့်ဥစ္စာဓနပြည့်စုံမည်။
(၁၇)
ကံလမ်းကြောင်းမှ လမ်းခွဲတစ်ခုသည် ဗုဒ္ဓဟူးဂြိုဟ်ခုံသို့ ခွဲထွက်သွားသော် လက္ခဏာရှင်သည် ကွယ်ဝှက်မှုသံသယဖြစ်မှု စိတ်သဘောထားများရှိနေတတ်သည်။ လူအများ၏အမှန်တကယ် အကြောင်းအရာများကို သတိကြီးစွာဆင်ခြင်တတ်ခြင်းကြောင့် လုပ်ငန်းအောင်မြင်မှုရမည်။ သူ၏အထူးအောင်မြင်မှုများက သိပ္ပံနှင့်စက်မှုနယ်ပယ်များ၌ ဖြစ်သည်။
(၁၈)
ကံလမ်းကြောင်းမှလမ်းခွဲတစ်ခုသည် ကြာသပတေးဂြိုဟ်ခုံသို့ ခွဲထွက်သော် လက္ခဏာရှင်သည် တစ်ဦးတစ်ယောက်က သင်၏ဦးဆောင်နိုင်မှုစွမ်းရည်ကိုကြည့်ပြီး သင့်အလုပ်အကိုင်ကိုအထောက်အပံ့ကြီးမားစွာ ပေးလိမ့်မည့်၊ မိမိရည်မှန်းချက်အောင်မြင်မည့် ဘွဲ့ထူးဂုဏ်ထူးရပြီး နိုင်ငံရေး၊ ဘာသာရေးလုပ်ငန်းတွင်လည်း အောင်မြင်မည်။
ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope