မိန်းကလေးတွေရဲ့ ကံကြမ္မာနဲ့ ပတ်သက်နေတဲ့ မှဲ့တွေအကြောင်း
lotaya.mpt.com.mm
|
2024-01-22

မှဲ့ဆိုတာ လူတစ်ယောက်ရဲ့ကောင်းကျိုး ဆိုးကျိုးကိုပါ တိုက်ရိုက်ဖော်ပြလေ့ရှိတယ်ဆိုတဲ့ အချက်တစ်ချက်ပါ။ ဒီတစ်ခါမှာတော့ မိန်းကလေးတွေရဲ့ ကံကြမ္မာနဲ့ ပတ်သက်နေတဲ့ ထူးဆန်းတဲ့ မှဲ့တွေအကြောင်းကို တင်ပြပေးလိုက်ပါတယ်။

၁။ မိန်းကလေးတစ်ယောက်ရဲ့ ညာဘက်နားထင် မျက်ခုံး၏ အနီးအနား ပတ်ဝန်းကျင်တွင် မှဲ့ရှိနေလျှင် ငယ်ရွယ်စဉ်က ဆင်းရဲ၍ ကြီးသောအခါ ချမ်းသာတတ်ပါတယ်။ ပြီးတော့ အဲဒီမိန်းကလေးဟာ အိုဇာတာ ကံကောင်းမည်။ မိမိသြဇာကို နာခံတတ်တဲ့ လင်ယောကျ်ားအား ရတတ်တယ်။ အလုပ်အကိုင် မှန်သမျှကို ကိုယ့်ကပဲ ဦးစီးဦးဆောင် ပြုလုပ်ရတတ်တယ်။ သားယောကျ်ားမွေးပြီး မိမိကို ပြန်အကျိုးပေးတတ်ပါတယ်။

၂။ မိန်းကလေးတစ်ေယောက်ရဲ့ အထက်နှုတ်ခမ်း (သို့) အောက်နှုတ်ခမ်း အနီးတဝိုက်တွင် မှဲ့ရှိလျှင် မိမိကို ချစ်မြတ်နိုးတဲ့ ယောကျ်ားများ ပေါများတတ်တယ်။ ယောကျ်ားများ၏ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်းကို ခံရမည်။မိမိကိုယ်တိုင်လည်း အချစ်နှင့်ပတ်သက်လျှင် အစွဲအလမ်းစိတ် ကြီးမားတတ်တယ်။ ပြီးတော့ ထိုမိန်းကလေးဟာ အစားအသောက်ကောင်းများကို အထူးကြိုက်နှစ်သက်တတ်တဲ့သူပဲ ဖြစ်ပါတယ်။

၃။ မိန်းကလေးတစ်ယောက်ရဲ့ဘယ်ဘက်ပါးပြင်မို့တွင် မှဲ့ရှိလျှင် စိတ်နု၍ အညှာလွယ်တတ်ပါတယ်။ တစ်ဖက်သား ပြောလာသည့်စကားကို မစဉ်းစားဘဲ လွယ်လွယ်နဲ့ အယုံလွယ်တတ်တယ်။ ဒါပေမယ့် အဲဒီမိန်းကလေးဟာ ယောင်္ကျားများ၏ စိတ်ဝင်စားခြင်း၊ အရေးပေးခြင်းကိုတော့ အထူးခံရတတ်ပါတယ်။

၄။ မိန်းကလေးတစ်ယောက်ရဲ့ ညာဘက်ပါးပြင်မို့တွင် စံပယ်တင်မှဲ့ရှိလျှင် လူချစ်လူခင်များတတ်တယ်။ ပြီးတော့ စန်းအလွန်ပွင့်တတ်တယ်။အဲဒိမိန်းကလေးဟာ လင်ယောကျာ်းအပေါ်လည်း သစ္စာရှိတတ်တယ်။ အလုပ်အကိုင် အဆင်ပြေ၍ အောင်မြင်ကျော်ကြားမည်။ မကြာခဏ ကံကောင်းတတ်တဲ့သူလည်း ဖြစ်ပါတယ်။

၅။ မိန်းကလေးတစ်ယောက်ရဲ့ လည်ပင်းတွင် မှဲ့ရှိလျှင် အဲဒီမိန်းကလေးဟာ ဘဝတွင် သူများမတူတဲ့ ချမ်းသာကြွယ်ဝမှုကို ပိုင်ဆိုင်ရတတ်တယ်။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..