
အခုတင်ဆက်ပေးမယ့် မှဲ့အကြောင်းကတော့ ချမ်းသာသုခနှင့် ပြည့်စုံစေတဲ့ အမျိုးသားတွေ ပိုင်ဆိုင်တဲ့ မှဲ့တွေရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
၁။ နဖူးပြင်ညာဘက်၌ရှိသောမှဲ့သည် ကောင်းကျိူးအလွန်ပေး၍ ချမ်းသာသုခနှင့် ပြည့်စုံသူဖြစ်တတ်ပါတယ်။
၂။ မျက်ခုံး၏ ဘယ်ဘက်၌ရှိသောမှဲ့သည် စိတ်ဓာတ်ပိုင်းခိုင်မာ၍ ရဲရင့်ပြတ်သားသော သဘောရှိပြီး သုံးစွဲစိစစ်တတ်သူတွေ ဖြစ်ပါတယ်။
၃။ မျက်ခုံး၏ ညာဘက်၌ရှိသော မှဲ့သည် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် အောင်မြင်တဲ့ သူတွေမှာ တွေ့ရတတ်ပါတယ်။
၄။ နဖူးပြင်ဗဟိုတည့်တည့်တွင် ထင်ရှားစွာရှိသော မှဲ့သည် ငွေကြေးချမ်းသာသော သူဌေးသူကြွယ် ဖြစ်ပါတယ်။
၅။ ရင်ဘက်အလည်တည့်တည့်တွင်ရှိသော မှဲ့သည် ရတနာရွှေအိုးဟုခေါ်ပြီး ကြွယ်ဝချမ်းသာမှုကို ပေးစွမ်းတဲ့ မှဲ့ဖြစ်ပါတယ်။
၆။ အမျိုးသား၏ လည်ပင်းပေါ်တွင် ရှိသော မှဲ့သည် ထင်ရှားအောင်မြင်တတ်သည်။ လည်ပင်းညာဘက်တွင် ရှိသော မှဲ့သည် စိတ်ထားမွန်မြတ်၍ ချမ်းသာတတ်ပါတယ်။
၇။ လည်ပင်းဘယ်ဘက်တွင်ရှိသော မှဲ့သည် ထင်ရှားကျော်ဇောသူအဖြစ် တွေ့ရတတ်ပါတယ်။
၈။ မှဲ့စလွယ်ရှိလျှင် ငယ်စဉ်က ဆင်းရဲတတ်ပြီး အသက်ကြီးသောအခါတွင် ချမ်းသာမှုကို ရတဲ့ သူတွေ ဖြစ်ပါတယ်။
ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope