ယခု ဖေဖော်ဝါရီလအတွင်း မိမိတို့ အရေးကိစ္စအနေနဲ့ ဖြစ်ဖြစ် ၊ အပျော်အပါးနဲ့ဖြစ်ဖြစ် ၊ စီးပွားရေးကိစ္စနဲ့ ဖြစ်ဖြစ် ဘယ်လိုကိစ္စတွေနဲ့ သွားသွား ပြည်တွင်းခရီးဖြစ်ဖြစ် ၊ ပြည်ပခရီးဖြစ်ဖြစ် သွားတဲ့အခါမှာ ခရီးသွားရန် အကောင်းဆုံးသောရက်တွေ ၊ ခရီးသွားတဲ့အခါမှာ ပြုလုပ်ရမယ့် အစီအရင်တွေ ၊ တကယ်လို့ မဖြစ်မနေသွားမယ်ဆိုရင်လည်း အနှောင့်အယှက်တွေ ကင်းအောင် ဘယ်လိုသွားရမလဲဆိုတဲ့ အစီအမံလေးတွေကို တင်ပြပေးမှာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ခရီးသွားမယ်ဆိုရင် ခရီးသွားရန် အကောင်းဆုံးရက်နှင့် အချိန်တွေကတော့
* ၉ ရက် သောကြာနေ့ နံနက် ၂း၃၇ မိနစ်ရဲ့ နောက်ပိုင်းမှာမှ သွားသင့်ပါတယ်။ အဲဒါကတော့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။
* ၁၃ ရက် အင်္ဂါနေ့ ညနေ ၆း၄၅ မိနစ် နောက်ပိုင်း
* ၁၄ ရက် ဗုဒ္ဓဟူးနေ့ ညနေ ၅း၁၅ မိနစ် မတိုင်မှီအထိ
* ၁၈ ရက် တနင်္ဂနွေနေ့ နေ့လည် ၂း၃၈ မိနစ် နောက်ပိုင်း
* ၂၀ ရက် အင်္ဂါနေ့ ညနေ ၃း၄၃ မိနစ် နောက်ပိုင်း
* ၂၁ ရက် ဗုဒ္ဓဟူးနေ့ တစ်နေ့လုံးကောင်းပါတယ်။ (ဘယ်ချိန်သွားသွား ဘယ်ချိန်ထွက်ထွက် အဆင်ပြေပါတယ် အကောင်းဆုံးအချိန်ဖြစ်ပါတယ်။)
* ၂၂ ရက် ကြာသပတေးနေ့ ညနေ ၃း၃၄ မိနစ် မတိုင်မှီ
* ၂၇ ရက် အင်္ဂါနေ့ နံနက် ၄း၅၃ မိနစ် နောက်ပိုင်း
ဒါကတော့ ခရီးသွားမယ်ဆိုရင် ခရီးဝေးဘဲဖြစ်ဖြစ် ၊ ခရီးနီးဘဲဖြစ်ဖြစ် အကောင်းဆုံးသော ရက်တွေ အချိန်တွေဖြစ်ပါတယ်။
ခရီးသွားတဲ့အခါမှာ သွားသင့်တဲ့ရက်ပဲဖြစ်ဖြစ် ၊ မသွားသင့်တဲ့ အချိန်ပဲဖြစ်ဖြစ် သွားတဲ့အခါမှာ ပြုလုပ်လို့ရမယ့် ယတြာလေးတွေ ရှိပါတယ်။ အဲဒီတော့ ခရီးသွားတဲ့အခါမှာ ရွတ်ရမယ့် ဂါထာကတော့
" ကတာ မေ ရက္ခာ၊
ကတံ မေ ပရိတ္တံ။
ပဋိက္ကမန္တု ဘူတာနိ ၊
သောဟံ နမော ဘဂဝတော။
နာမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါ နံ"။
ဆိုတဲ့ ဒီဂါထာကို (၇) ခေါက် ရွတ်ပြီးတော့ သွားပါ။ ဒါဆိုရင်တော့ စီးပွားလာဘ်လာဘတွေ အဆင်ပြေပြီး မိမိတို့ရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေ အောင်မြင်မှာ ဖြစ်ပါတယ်။ ကောင်းတဲ့ရက် ၊ ကောင်းတဲ့အချိန်မှာ သွားမယ်ဆိုရင်တော့ ပိုပြီး ပြည့်ပြည့်စုံစုံနဲ့ အဆင်ပြေတတ်ပါတယ်။
ခရီးသွားတဲ့အခါမှာ ကောင်းတဲ့ရက်ပဲဖြစ်ဖြစ် မကောင်းတဲ့ရက်ပဲဖြစ်ဖြစ် သွားတဲ့အခါမှာ အန္တရာယ်တွေ အနှောင့်အယှက်တွေ မဖြစ်အောင် ဆောင်ရမယ့် အဆောင်လေးတွေလည်း ရှိပါတယ်။ အဲဒီတော့ ကိုယ့်သွားမယ့် နေ့အလိုက်မှာ -
တနင်္ဂနွေနေ့ သွားတယ်ဆိုရင် ကံ့ကော်ညွန့်ကို ဆောင်သွားပါ။
တနင်္လာနေ့ သွားတယ်ဆိုရင် စွယ်တော်ညွန့် ၊ စိန်ပန်းညွန့်ကို ဆောင်သွားပါ။
အင်္ဂါနေ့ သွားတယ်ဆိုရင် ရွက်လှ ၊ ဇလပ်ကို ဆောင်သွားပါ။
ဗုဒ္ဓဟူးနေ့ သွားတယ်ဆိုရင် သပြေပန်း၊ ပေါက်ပန်း ကို ဆောင်သွားပါ။
ကြာသပတေးနေ့ သွားတယ်ဆိုရင် သီးညွန့် ၊ သီဟိုဠ်ညွန့်ကို ဆောင်သွားပါ။
သောကြာနေ့ သွားတယ်ဆိုရင် ဒန်းညွန့် ၊ ထန်းညွန့် ၊ ဓနှောင်းညွန့်ကို ဆောင်သွားပါ။
စနေနေ့ သွားတယ်ဆိုရင် အုန်းညွန့်ကို ဆောင်သွားပါ။
ဒါဆိုရင်တော့ မိမိတို့ မကောင်းတဲ့ရက် သွားတယ်ဆိုရင်လည်းပဲ အထိုက်အလျောက်အားဖြင့်တော့ မိမိတို့ တဖက်တလှမ်းကနေပြီး အထောက်အပံ့တွေ အကူအညီတွေ ရပြီး အခက်အခဲတွေ ပြေလည်ကာ လိုအင်ပန်းတိုင်ကို ရရှိမှာ ဖြစ်ပါတယ်။
အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။
ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope