A- သောကြာဂြိုဟ်ခုံကမှဲ့
ဒီမှဲ့ဟာ မေတ္တာရေးအညံ့နဲ့ ကျန်းမာရေးအညံ့ရှိတာကို ပြပေးပါတယ်... အိမ်ထောင်ရေး စိတ်သောကကြုံရတတ်. .ကျန်းမားရေးမှာ ရုတ်တရက်ညံ့နိုင်တာကိုပြပါတယ်..
B- အသက်လမ်းကြောင်းကမှဲ့
ဒီမှဲ့ဟာ ကျန်းမာရေးအနိမ့်အမြင့်များတာကို ပြပေးပါတယ်.. ကျန်းမာရေးမှာရောဂါဝေဒနာကို ခံစားရလွယ်စေပါတယ်.. အသက်လုရတတ်ပြီး မခံနိုင်လောက်အောင်ကျန်းမာရေးအညံ့ကိုပြပါတယ်..
C- လက်ညှိုးအောက်ကမှဲ့
ဒီမှဲ့ဟာ အလုပ်အကိုင်အားနည်းလာမှာကို ပြပေးပါတယ်.. ဦးဆောင်မှုအားနည်းမယ်. .ကိုယ်တိုင်ဦးဆောင်မှု မလုပ်သင့်ဘူးလို့ပြပါတယ်. .စီးပွားရေးအဆင်မပြေခြင်း၊ ငွေမမြဲခြင်းတွေကိုပြပါတယ်..
D- လက်သူကြွယ်အောက်ကမှဲ့
ဒီမှဲ့ဟာ ရန်များခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ စိတ်မြန်ခြင်း၊ တဇွတ်ထိုးလုပ်တတ်ခြင်းနဲ့ မနာလိုသူပေါ်များတာကို ပြပါတယ်.. ဒီလိုပါသူဟာ စိတ်ကိုတတ်နိင်သမျှ သည်းခံပြီး စဉ်းစားဆုံးဖြတ်နိုင်မှ အညံ့နည်းပြီး အဆင်ပြေအောင်မြင်နိုင်ပါလိမ့်မယ်..
လက်ဝါးပြင်မှာ မှဲ့ပါတာဟာ အညံ့ဘက်ကိုပိုပြီး ကြုံရနိုင်ပါတယ်..အကောင်းဘက်နည်းလွန်းပါတယ်..ဒါကြောင့် သတိပြုလို့ရနိုင်အောင်အနည်းငယ် မျှဝေပေးလိုက်ပါတယ်..
ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope