ညာဘက်ရင်အုံ၊ အောက်အနီး၌ မှဲ့ပါရှိသူများ၏ဘဝကံကြမ္မာ
lotaya.mpt.com.mm
|
2024-02-19

(က)       ညာဘက်ရင်အုံ၊ နို့အုံအောက်အနီး၌မှဲ့ပါရှိခဲ့ပါက၊ ထိုအမျိုးသားများမှာအပျော်အပါးမက်သောကြောင့် စည်းစိမ်ဥစ္စာယုတ်လျော့တတ်သည်။ တစ်ဖက်သားအပေါ်ရန်စလိုတတ်သည်။ လက်ဖွာတတ်သည်၊ အစု ရှယ်ယာလုပ်ငန်းဖြင့် အဆင်ပြေတတ်သည်။ ကြိုးစားရင်ကြိုးစားသလောက်အဆင် ပြေတတ် ပါသည်။

(ခ)        အမျိုးသမီးများမှာ ညာဘက်ရင်အုံနို့အုံအောက်၌ မှဲ့ပါရှိခဲ့ပါက၊ ထိုအမျိုးသမီးများမှာ အသက်ရှည် တတ်သည်။ ဉာဏ်ပညာကြီးမားပြီး၊ ချမ်းသာကြီးပွားတတ်သည်။ တန်းတူထက်၊ မိမိထက်နိမ့်ကျ သူများကို ပို၍ခင်မင်လေ့ရှိတတ်သည်။ အိမ်ထောင်ကျပြီး၊ နောက်အမျိုးသမီးတစ်ဦး၏ အပုပ်ချခြင်းခံရတတ်သည်။ အလုပ်မှာကြိုးစားမှုကြောင့် ဉာဏ်ကြီးရှင်ဟု ချီးမွှမ်းခံရတတ်သည်။ မိမိရပိုင်ခွင့် အတွက်သောကရောက်ရ တတ်သည်။ ပုလဲကိုအမြဲဆောင်လိုတတ်ပါသည်။

မှတ်ချက်။           ။ မှဲ့နှင့်ပတ်သက်၍ သတိပြုရမည့်အချက်များရှိပါသည်။ မှဲ့ပါတိုင်း ကောင်းခြင်း ၊ ဆိုးခြင်းကို ကျိန်းသေ ပြော၍မရပါ။ ဘယ်လိုမှဲ့လည်းဆိုတာ ကြည့်ရပါမည်။

၁။         မှဲ့အဖြူ

            မှဲ့ဖြူဖြစ်ပါက အလယ်အလတ်သာ ကောင်းကျိုးဆိုးကျိုးပေးတတ်သည်ဟုမှတ်ယူရပါမည်။

၂။          မှဲ့အနီ

            မှဲ့နီသည် ကောင်းသည့်နေရာမှာဆိုလျှင် ထူးထူးကဲကဲ ကောင်းကျိုးပေးတတ်ပါသည်။ မကောင်းကျိုးပေးသည့်နေရာဆိုပါက                       အနည်းငယ်မျှသာ မကောင်းကျိုးပေးတတ်ပါသည်။

၃။         မှဲ့အညို

            မှဲ့အညို၏ သဘောတရားမှာတော့ သစ္စာသမာဓိရှိခြင်း၊ သနားကြင်နာတတ်ခြင်း၊ ကူညီတတ်ခြင်း သဘောရှိပါသည်။

၄။         မှဲ့အနက်

            မှဲ့အနက်ကတော့ မကောင်းကျိုးကို များစွာ ပေးတတ်ပါသည်။ ကောင်းကျိုးပေးသောနေရာ၌ ဖြစ်က နည်းနည်းပဲပေးတတ်ပါသည်။

၅။         မှဲ့အဝါ

           မှဲ့အဝါကတော့ စိတ်ကူးယဉ်အဆင့်မျှသာဖြစ်တတ်သည်။ ထိုမှဲ့ရှိသူများ အနုပညာအလုပ်လုပ်သူ ဖြစ်က အောင်မြင်တတ်ပါသည်။                အနုပညာကို ဝါသနာပါတတ်ပါသည်။

၆။         မှဲ့အစိမ်း

            မှဲ့အစိမ်းကတော့ မွန်မြတ်သော မှဲ့တစ်မျိုးပဲဖြစ်ပါသည်။ ထိုမှဲ့စိမ်းသည် ပုဂ္ဂိုလ်ထူးများ၌သာ တွေ့ရတတ်ပါသည်။ ပါရမီထူးသော ပု           ဂိ္ဂုလ်များ၌သာ ပါလေ့ရှိတတ်ပါသည်။

၇။         မှဲ့ရှင်

            မှဲ့အရှင်ကတော့ အရောင်အသွေးအဓိကမဟုတ်ပါ။ မှဲ့ရှင်ပါပါက ဘာအရောင်ပဲပါပါ ကောင်းကျိုး ကို ထူးကဲ့စွာ ပေးတတ်ပါသည်။                အနည်းငယ်နေရာလည်း ရွှေ့တတ်ပါသည်။ ဘုန်းတန်ခိုးကြီးကဲသူများ၌ သာ တွေ့ရတတ်ပါသည်။ ပျောက်ကွယ်သွားခြင်းမျိုး                   လည်း ရှိတတ်ပါသည်။

            ထို့ကြောင့် မိမိမှာ အထက်ပါအတိုင်း ဘယ်လိုမှဲ့ပါရင် ဘာဖြစ်မယ်ဆိုတာကို မှဲ့အရောင်အလိုက် ဖြည့်စွက်မှတ်ယူပါမှ ပို၍ မှန်ကန်ပါမည်။ တိကျသော အဖြေလည်း ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ဘယ် နေရာမှာ ပါသည့်မှဲ့ကို တင်ပြသည်ဖြစ်စေ၊ မှဲ့အမျိုးအစားအရ ထပ်မံချိန်ဆယူပါမှ ပို၍ အဟောမှန် မည်သာ ဖြစ်ပါသည်။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..