လေကြောင်းခရီး သွားတဲ့အခါမှာ အန္တရာယ်ကင်းအောင် ရွတ်ရမယ့်ဂါထာ
lotaya.mpt.com.mm
|
2024-02-23

ခရီးသွားတဲ့အခါမှာ များသောအားဖြင့် နိုင်ငံခြားခရီးတွေသွားတဲ့အခါမှာ လေကြောင်းခရီးဖြင့် သွားတဲ့ကိစ္စတွေက အများသောအားဖြင့် ရှိကြပါတယ်။ အဲဒီလိုသွားတဲ့အခါမှာ အန္တရာယ်ကင်းကင်းဖြင့် မိမိတို့သွားလိုရာခရီးကို ရောက်နိုင်ဖို့ရာအတွက် ရတနာမြတ်သုံးပါးကို ဦးထိပ်ထားပြီး ရှိခိုးပြီးတော့မှ သွားရမယ့် ဂါထာလေးဖြစ်ပါတယ်။

ဒီဂါထာလေးက ရှည်လည်းမရှည်ပါဘူး တိုတိုလေးနဲ့ မိမိက ရွတ်တဲ့အခါမှာ ဒီဂါထာကို (၉) ခါက်ရွတ်ပြီးမှ သွားမယ်ဆိုရင် မိမိတို့ အန္တရာယ်ကင်းပြီး မိမိတို့သွားလိုတဲ့ခရီးကို ချောချောမွေ့မွေ့နဲ့ ရောက်ရှိမှာ ဖြစ်ပါတယ်။

ဂါထာကတော့ -

“သော အဟံ ဝိစရိဿာမိ၊

ဂါမာ ဂါမံ ပုရာ ပုရံ။

နမဿာမာနော သမ္ဗုဒ္ဓံ၊

ဓမ္မဿ စ သုဓမ္မတံ။”

အနက်အဓိပ္ပာယ်သိပြီးတော့ ရွတ်ရင်တော့ ပိုပြီးတော့ ကောင်းပါတယ်။ အနက်အဓိပ္ပာယ်ကို အလွတ်မရရင်တောင်မှ သဘောထားလေးသိပြီး ဖတ်ပြီးတော့မှ စိတ်ထဲကနေ ရတနာသုံးပါကို လေးလေးစားစားနဲ့ ရှိခိုးပြီးတော့မှ ဂါထာကို ရွတ်ရမှာ ဖြစ်ပါတယ်။

ဂါထာအနက်

သော အဟံ ၊ သီလသရဏဂုံ မွှန်းထုံပူဇော် ထိုတပည့်တော်သည် ။ သမ္ဗုဒ္ဓွံ ၊ ဘုရားမြတ်စွာကို ။ နမဿမာနော ၊ ရိုသေမြတ်နိုး ရှိခိုးဦးခိုက်လျက်။ ဓမ္မဿ ၊ တရားတော်မြတ်၏ ။ သုဓမ္မတဉ္စ ၊ ကောင်းသောတရား၏ အဖြစ်ကိုလည်းကောင်း ၊ သံဃဿံ ၊ သံဃာတော်မြတ်၏ ။ သုပ္ပဋိပန္နတဉ္စ ၊ ကောင်းသော အကျင့်ရှိသည်၏ အဖြစ်ကိုလည်းကောင်း ။ အဘိတ္တဝမောနော ၊ ချီးမွမ်း ထောမနာလျက်။ ဂါမာ ၊ (နတ်) ရွာ တစ်ရွာမှ ။ ဂါမံ (နတ်) ရွာတစ်ရွာသို့ ၊ တစ်နည်း  ဂါမာ ဂါမံ ၊ ရွာငယ်ရွာကြီးသို့။ ပုရာ ၊ ပြည်တစ်ပြည်မှ ။ (မြို့ တစ်မြို့မှ) ပုရံ ၊ ပြည်တစ်ပြည်သို့ ။ (မြို့တစ်မြို့သို့) တစ်နည်း ပုရာ ပုရံ ၊ ပြည်ငယ်ပြည်ကြီးသို့။ (မြို့ငယ်မြို့ကြီးသို့) ။ ဝိစရိဿာမိ ၊ သွားလာလှည့်လည်ပါအံ့။

မှတ်ချက် ။         ။ ဂေါတမ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်အခါက သာတာဂီရိ ၊ ဟေမဝတ ၊ အာဠာဝက ၊ အရိယာ နတ်မှူးကြီးသုံးဦးသည် ကောင်းကင်ခရီး သွားလာကြသောအခါ ဖန်ဆင်းထားသော ဆင်ပျံယာဉ် ၊ ၊ မြင်းပျံယာဉ် ၊ ဂဠုန်ယာဉ် စသည်တို့ဖြင့် သွားလာလေ့ရှိကြသည်။ ထိုသို့ သွားလာကြရာတွင် အဆိုပါ နတ်မင်းကြီးတို့သည် ကမ္မဇိဒ္ဓိ တန်ခိုးရှင်ကြီးများ ဖြစ်ကြသည့်အလျောက် အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ဖွယ်မရှိပါပေ။

သို့ပါလျက် သူတို့ကိုယ်တိုင်လည်း တပ္ပရာ ယန သရဏဂုံ ဆောက်တည်ပြီးသား ဖြစ်အောင် အခြားသူများကိုလည်း သူတို့နည်းတူ တပ္ပရာယနသရဏဂုံ တည်ဆောက်ပြီးမှ ဆောက်တည်လျက် ခရီးထွက်ကြရန် သတိပေးပြီးသားဖြစ်အောင် အထက်ပါဂါထာကို ရွတ်ဆိုသီကျူးလျက် ခရီးထွက်လေ့ရှိပါသည်။

ဖော်ပြပါ ဂါထာကို လေကြောင်းခရီးသွားလာရာ၌ ရွတ်ဆိုရပါမည်။ ထို့ပြင် “သမ္ဗုဒ္ဓေ ဂါထာတော်ကြီး” ကိုလည်း ရှစ်ခေါက်ရွတ်ဆိုရမည် ဖြစ်ပါသည်။

မိမိတို့သွားလိုရာ ခရီးကို ချောချောမွေ့မွေ့ အဆင်ပြေပြေ အန္တာရာယ်ကင်ကင်းနဲ့ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ ခင်ဗျာ့။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..