ကိုယ်ရောင်းတဲ့ ကုန်ပစ္စည်းအလိုက် ရောင်းကောင်းအောင် ဆောင်ရွက်ရမယ့် ယတြာ
lotaya.mpt.com.mm
|
2024-03-19

 မိမိတို့ရောင်းတဲ့ ကုန်ပစ္စည်းရောင်းကောင်းအောင် ဆောင်ရွက်နည်း အစီအရင်လေးကို တင်ပြပေးချင်ပါတယ်။

ဒီဘက်ခေတ်မှာ များသောအားဖြင့် လူတိုင်းလူတိုင်းဟာ အများစုက ဈေးရောင်း ဈေးဝယ်တွေ လုပ်ကြပါတယ်။ ဆိုင်တွေဖွင့်ကြတယ်။ ရောင်းတဲ့အခါမှာ အဆင်ပြေတဲ့သူရှိသလို သိပ်ပြီးတော့ မပြေတဲ့သူလည်း ရှိပါတယ်။ ကိုယ်ရောင်းတဲ့ ကုန်ပစ္စည်းအလိုက် ရောင်းကောင်းအောင် အထောက်အပံ့ ဖြစ်အောင် မိမိကုန်ပစ္စည်းတွေကို မြန်မြန်ကုန်အောင် ဆောင်ရွက်တဲ့နည်းစနစ်လေးကို နေ့တိုင်းဆောင်ရွက်ပေးမယ်ဆိုရင် ပိုပြီး အဆင်ပြေပြီး စီးပွားရေးတွေ ကောင်းမှာဖြစ်ပါတယ်။

မိမိရောင်းမယ့်ကုန်ပစ္စည်းဟာ နေ့နံသိဖို့လိုပါတယ်။ (ဥပမာအားဖြင်တော့ ကိုယ်က ကြက်သားရောင်းတယ် ၊ ကြံရောင်းတယ်ဆိုရင် ဒါဟာ တနင်္လာနံ စသဖြင့် ) ဒီလိုမျိုးသိရမှာ ဖြစ်ပါတယ်။

အဲဒီလိုသိဖို့အတွက်ကလည်း အခြေခံအားဖြင့် နံသင့်ယူနည်း လင်္ကာလေးရှိပါတယ်။ အဲဒါလေးကိုတော့ အခြေခံအားဖြင့်တော့ သိထားရမှာ ဖြစ်ပါတယ်။

နံသင့်ယူနည်းလေးကတော့ -

က ၊ ခ ၊ ဂ ၊ ဃ၊ င - တနင်္လာနံ (၂)

စ ၊ ဆ ၊ ဇ ၊ ဈ၊ ည - အင်္ဂါနံ (၃)

ယ ၊ ရ ၊ လ ၊ ၀ - ဗုဒ္ဓဟူးနံ (၄)

ပ ၊ ဖ၊ ဗ ၊ ဘ ၊ မ - ကြာသပတေးနံ (၅)

သ ၊ ဟ - သောကြာနံ (၆)

တ ၊ ထ ၊ ဒ ၊ ဓ ၊ န - စနေနံ (၇)

ရ ၊ ဠ - ရာဟုနံ (၈)

အ - တနင်္ဂနွေနံ (၁)

ဆိုပြီးတော့ အဲဒီ အခြေခံ နံသင့်အက္ခရာယူနည်း ၊ ဂဏန်းယူနည်းလေးကိုတော့ သိထားရမှာ ဖြစ်ပါတယ်။


၀ယ်ယူရန် နှိပ်ပါ ကိုယ်ရောင်းတာက ငရုတ်သီးဆိုရင် - တနင်္လာနံ  ၊ ကန်စွန်းရွက်ဆိုရင် - တနင်္လာနံ ၊ ခရမ်းသီးဆိုရင် - တနင်္လာနံ ၊ ကြက်သွန်ဆိုရင် - တနင်္လာနံ ၊ အာလူးဆိုရင် - တနင်္ဂနွေနံ စသဖြင့် ဒီလိုတော့ သိထားရမှာ ဖြစ်ပါတယ်။

အဲဒီလိုမျိုးသိထားတယ်ဆိုရင် ဒီယတြာလေးက နေ့စဉ်နေ့စဉ် ကိုယ့်ရဲ့ ကုန်ပစ္စည်းအလိုက် ဆောင်ရွက်မယ်ဆိုရင် ပိုပြီးတော့ ရောင်းကောင်းမှာ ဖြစ်ပါတယ်။

လုပ်ပုံလုပ်နည်းလေးကလည်း ခက်ခက်ခဲခဲကြီးမဟုတ်ပါဘူး။ နေ့နံတစ်ခုကို ထွက်ဖို့ဆိုရင် သူရဲ့ ရန်အက္ခရာရေးပြီးတော့ ၊ ရန်အခါမှာ ၊ ရန်အရပ်ကို မျက်နှာမူပြီးတော့ လိုရာဆုတောင်းရမှာ ဖြစ်ပါတယ်။

ဥပမာ - တနင်္ဂနွေနေ့နံဆိုရင် ဘယ်အချိန်မှာ ဘယ်အက္ခရာရေးရမယ် ၊ ဘယ်အရပ်ကို မျက်နှာမူပြီးတော့ ၊ ဘာအသားနဲ့ ရိုက်ရမယ် ဆိုတာကို နံ(၇) နံလုံးကို လုပ်ပုံလုပ်နည်းလေးတွေကို ဇယားကွက်လေးဖြင့် ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။ ဇယားကွက်လေးမှာ ဖော်ပြထားသော နည်းစနစ်လေးအတိုင်း လုပ်ဆောင်လိုက်တာနဲ့ ရပါတယ်။

ဥပမာအားဖြင့် တနင်္ဂနွေနံဖြစ်သော အိမ်ရောင်းမယ်ဆိုရင် ရောင်းတဲ့အခါမှာ မနက် ၆ နာရီကနေပြီးတော့ ၇ နာရီခွဲအတွင်းမှာ အရှေ့မြောက်အရပ်ကို မျက်နှာမူပြီးတော့ ရောင်းမယ့် ပစ္စည်းတွေပေါ်မှာ (ည) အက္ခရာ ရေးရမှာ ဖြစ်ပါတယ်။ (ည) အက္ခရာရေးပြီးတော့မှ စိမ်းစားဥကိုင်းနဲ့ (၆) ချက်ရိုက်ပြီးတော့မှ မိမိလိုရာဆုကို တောင်းရမှာ ဖြစ်ပါတယ်။ စိတ်ထဲကနေ လိုလိုချင်ချင် မြန်မြန်ထွက်ပါစေဆိုပြီး စိတ်ကိုညွတ်ပြီးတော့မှ ရိုက်ရမှာ ဖြစ်ပါတယ်။ အဲလိုရိုက်ပြီးတော့မှ ရိုက်ထားသောကိုင်းကို ကိုယ်ရောင်းမယ့် ကုန်ပစ္စည်းပေါ်မှာ တင်ထားရမှာ ဖြစ်ပါတယ် (အိမ်ရောင်းမယ်ဆိုရင် အိမ်ပေါ်မှာ ရိုက်ထားသောကိုင်းကို ထိုးထားရမှာဖြစ်ပါတယ်) ။

ကုန်ပစ္စည်းတွေကို မြန်မြန်ရောင်းထွက်အောင် တဖက်ကလည်းဘဲ အစီအရင်လေးလုပ်မယ် ၊ မိမိတို့လုပ်ငန်းစဉ်အရလည်းဘဲ လုပ်သင့်လုပ်ထိုက်တာ လောကရဲ့ ထုံးစံအရ ကိစ္စလေးတွေကို ကောင်းကောင်းမွန်မွန်လုပ်မယ်ဆိုရင်တော့ အထောက်အပံ့လည်းဖြစ်ပြီးတော့မှ မြန်မြန်ဆန်ဆန်နဲ့ ရောင်းထွက်မှာ ဖြစ်ပါတယ်။ စီးပွားလာဘ်လာဘတွေ အဆင်ပြေမှာ ဖြစ်ပါတယ်။

အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ ခင်ဗျာ့။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..