လောကမှာ လုပ်ရင်းကိုင်ရင်းက လိုအပ်တဲ့အခါ ငွေကြေးလှည့်ယူသုံးစွဲရင်းက အကြွေးတင်သွား တတ်ကြပါတယ်။ သူများငွေကို ပြန်ဆပ်ချင်ပါလျှက် ကိုယ့်မှာလည်းအဆင်ကမပြေ၊ အဆပ်ခက်နေရတဲ့အခါ စိတ်ထားဖြူပြီး မပြေမလည်ဖြစ်နေရသူများမှာ စိတ်ထဲမှာ အင်မတန် အားတုန့်အားနာ ခံစားနေကြ ရတတ်ပါတယ်။
ဒီလို အခါမျိုးမှာ ကောက်ရိုးလေးတမျှင်အနေနဲ့ ဗေဒင် ယတြာ တွေရဲ့အားကိုယူကြရတာမျိုးလည်း ရှိပါတယ်။ ဗေဒင်ဆရာ ဆိုတာကလည်း တန်ခိုးရှင်၊ ဝိဇ္ဇာ တွေ မဟုတ်ပါဘူး။ ဒါလေးတော့ လုပ်သင့်တယ် ၊ မလုပ်သင့်ဘူး အကြံပေး တဲ့ သဘောပါပဲ။
အရင်ဆုံး ယတြာရဲ့ သဘောသဘာဝကို အရင်ဆုံး ပြောပါမယ်။
ယတြာ လို့ပြောရင် အင်္ဂဝိဇ္ဇာကျမ်း၊ သုံးတန်ပေါ်နိစ်ပညာ၊ ဆန်းကျမ်းပညာလာ ယတြာနည်းများကို ဓာတ်သဘောနဲ့ စီရင်ပေး ရလို့ ဓာတ်ယတြာများလို့ ခေါ်ပါတယ်။
ပညတ်အားကိုယူပြီး စီရင်ရတဲ့ယတြာတွေကိုတော့ ပညတ်ဟိတ်ယတြာများလို့ ခေါ်ပါတယ်။
နောက်တမျိုးကတော့ လောကထဲ လူသားတွေ ရဲ့ ဘဝအခက်အခဲတွေကို ပြေလည်မှုရကြစေဖို့ ဝိဇ္ဇာကြီးတွေထားခဲ့တဲ့ ယတြာတွေဆိုတာလည်း ရှိပါသေးတယ်။ ဝိဇ္ဇာယတြာတွေလို့ခေါ်ပါတယ်။
အခုပြောပြမှာကတော့ ဆရာတော်ဦးစက္ကိန္ဒမှ သူ့တပည့်သာဝကများကို ပေးဖူးတဲ့ဝိဇ္ဇာယတြာနည်းပဲ ဖြစ်ပါတယ်။
ထူးဆန်းတာက ဒီယတြာကို လုပ်မိရင် အကြွေးဆပ်ဖို့ အပြင် ပိုပိုလျှံလျှံပါ ဖြစ်လာကြတာ တွေ့ရပါတယ်။ ဒီယတြာကို လုပ်လို့ အဆင်ပြေရင် တောင်ငူဦးစက္ကိန်ဆရာတော်ကြီးကိုပဲ ကျေးဇူးတင်တဲ့အနေနဲ့ အလင်းတိုင် ၊ အမွှေးတိုင်များ ထွန်းညှိပြီး ဆရာတော့်ပညာဂုဏ်ကို အာရုံပြုလျက် ပူဇော်ကြပါ။
၀ယ်ယူရန် နှိပ်ပါ
လုပ်ရမှာက ကြာသပတေးနေ့ ညနေ ၆ နာရီ ၄၅ မိနစ် မှာ စာရွက်အလွတ်တခုမှာ ကိုယ်ပေးရမယ့်ကြွေးစာရင်းကိုချရေးပါ။
ကြွေးရှင်အမည်နဲ့ငွေပမာဏပေါ့။
၂ ယောက် ရှိရင် နှစ်ယောက် ၊ ၃ ယောက် ဆိုလည်း ၃ယောက် ပေါ့ ။
ရေးပြီးရင် စာရွက်ကို ဇလုံတလုံးထဲထည့်။ အဲ့ဇလုံထဲကို ရေကို ဖြည်းဖြည်းချင်း လောင်းထည့်။ ရေလောင်းနေရင်းက ငွေပူကြွေးပူ ကိစ္စ များ အမြန်ဆုံး အေးအေးချမ်းချမ်း ဖြစ်သွားပါစေ ဆုတောင်း။
ပြီးတာ နဲ့ အဲ့ဇလုံကို သောက်ရေအိုးစင်နားမှာထားပါ။ သောက်ရေအိုးစင်မထားတဲ့အိမ်ဆိုရင် ရေသောက်တဲ့ ရေသန့်ဗူး၊ ရေသန့်စက်တို့ဘေးနားမှာထားပါ။
နောက်နေ့ မနက်အိပ်ရာထတာနဲ့ အဲ့ဇလုံထဲက စာရွက်ကို လက်နဲ့ ချေပြီး အကြွေးတွေ အမြန်ဆုံး ကျေပါစေ အေးအေးချမ်းချမ်းဖြစ်သွားပါစေဆုတောင်း ပြီး၊ လမ်းမှာ သွန်ရပါတယ်။ ၁၂ ည ပြည့်အောင် လုပ်ရပါတယ်။
မိတ်ဆွေများအားလုံး ငွေပူကြွေးပူများ ကင်းဝေးကြပါစေ.....
ဆရာထွန်းလင်း (မြန်မာ့ရိုးရာဗေဒင်ပညာ)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope