သောကြာခါးပါတ်နှင့် ပါတ်သက်တဲ့ လက္ခဏာအမှတ်အသားများ
lotaya.mpt.com.mm
|
2024-04-02

သောကြာခါးပါတ်ဆိုတာ နှလုံးလမ်းကြောင်းအပေါ်ဘက် လက်ညိုးနှင့် လက်ခလယ်ကြား အခြေမှ လက်သူကြွယ် နှင့် လက်သန်းကြားအခြေကို ပါတ်ပြီးဝန်းရံထားသော လေးကိုင်းသဖွယ် လမ်းကြောင်းကွေးကို ခေါ်တာဖြစ်ပါတယ်။ ဒီသောကြားခါးပါတ်ကို ရေလက်ဝါး အမျိုးအစားနှင့် နူးညံ့သောလက်ဖဝါးပြင်များတွင် အတွေ့များတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။

သောကြားခါးပါတ်ပါတဲ့ ပုဂ္ဂိုဟ်တွေဟာ အလှအပအာရုံခံစားခြင်းမှာ အလွန်အားကောင်းသူတွေဖြစ်ကြပါတယ်။ အနုပညာဖန်တီနိုင်မှု့ကြီးမားကြပြီး လက်ရာလည်းမြှောက်ကြပါတယ်၊ အရွယ်နှင့်မလိုက်အောင် အသက်ငယ်ငယ်မှာ အနုပညာ၊ အလှအပရေးရာတွေမှာ အောင်မြင်တတ်ကြတယ်၊ အနုပညာညဏ်ကောင်းတဲ့သူတွေဖြစ်တယ်လို့ပြောရမယ်။ ဆန့်ကျင်ဘက်လိင်နဲ့ပါတ်သက်ပြီး အလွန်နာကျင်ထိခိုက်ခံစားရတတ်ပြီး မေတ္တာတရားနှင့်ပါတ်သက်ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်တတ်ကြသူတွေပါ။

ပုံ(၁) လေးကိုင်းသဖွယ် အခုံးရှိပြီး ရှင်းလင်းသော၊ အဖျက်အမှတ်အသားများမပါရှိသည့် သန့်ရှင်းသော သောကြားခါးပါတ် ပါရှိပါက ထိုလမ်းကြောင်းသည် အကောင်းဆုံးလမ်းကြောင်းဖြစ်သည် ။ ထိူသူတို့သည် အလှတရား၊အနုပညာတို့တွင် အလွန်ညဏ်ကောင်းလွန်သူများဖြစ်ပြီး တီထွင်နိုင်စွမ်းရှိကြသည်။ ပန်းချီ၊ပန်းပုဆရာကြီးများ၊ လက်ရာမြှောက် အနုပညာလက်ရာများကို ဖန်တီသူတို့တွင် ထင်ရှားစွာပါရှိတတ်သော အမှတ်အသား ကောင်းတစ်ခုဖြစ်သည်။ ထိုလမ်းကြောင်းပါရှိပြီး သောကြာဂြိုဟ်ခုံသည် အခြားဂြိုဟ်ခုံများထက် ပိုပြီးမိုးမောက်နေမည်၊ ဖောင်းနေမည်ဆိုပါက အဆိုးဘက်ကို ရောက်သွားတတ်သည်၊ တစ်ကယ်လို့ သောကြာဂြိုဟ်ခုံ ပြားချပ်နေမည်ဆိုပါက သီလပြည့်ဝသူ၊ ဂုဏ်ကျက်သရေရှိသူ၊ ဘုန်းတံခိုးကြီးမားသူဖြစ်တတ်သည်။ ထိုကြောင့် သောကြာ ခါးပါတ်ကိုကြည့်ရာတွင် သောကြာဂြိုဟ်ခုံသည် အလွန်အရေးကြီးသည့်နေရာမှ ပါရှိနေတတ်ပါတယ်။

ပုံ(၂) ဖျောင့်တန်းသော သောကြားခါးပါတ်။ ။ ဖျောင့်တန်းတဲ့ သောကြာခါးပါတ်ကို နှလုံးလမ်းကြောင်းနှင့် နီးကပ်စွာတွေ့ရတတ်ပါတယ်။ ဒီလမ်းကြောင်းကို အချို့သောပညာရှင်တွေက ငွေကြေးနှင့် သက်ဆိုင် သည်ဟုလည်း ဆိုကြတယ်၊မမျှော်လင့်ဘဲ ကံကောင်းခြင်းတွေရရှိမယ်၊မထင်မှတ်တဲ့ ကံကောင်းခြင်းတွေက ဘဝကိုတိုးတက်စေမယ်၊ ထင်ရှားတဲ့သောကြာခါးပါတ်ဖြစ်ခဲ့ရင် ငွေရေးကြေးရေး စီမံခန့်ခွဲသူ၊ ငွေကိုင်၊

ဘဏ်အရာရှိ၊ ဘဏ်ငွေကိုင်၊ ငွေနှင့်ဆိုင်သော စရာင်းကိုင်၊ စာရင်းစစ်များအဖြစ် ကျော်ကြားသူများ ဖြစ်ပါလိမ့်မယ်၊ ထိုပုဂ္ဂိုဟ်များရဲ့ လက်ဖဝါးပြင်မှာအတွေ့ရများပါတယ်။ ဒီအမှတ်အသား ပါသူတွေက ဆင်းရဲသူတွေမဟုတ်ကြပါဘူး။ တစ်ကယ်လို့ သောကြာခါးပါတ်လမ်းကြောင်းဟာ မသန့် ရှင်းဘူး၊ အဖျက်တွေပါနေမယ်ဆိုရင်တော့ ဘဝမှာ မရပ်မနား၊နေ့မအားညမအား၊ ငွေကြေးရှာဖွေနေရတဲ့ သူတွေဖြစ်လာ မှာပါ။


ပုံ (၃) လှိုင်းထသော သောကြာခါးပါတ်။ တစ်ကယ်လို့ သောကြာခါးပါတ်ဟာ လှိုင်းထနေပြီး တွန့်လိမ်နေတဲ့ အခြေအနေမျိုးဖြစ်ခဲ့မယ်ဆိုရင် လက္ခဏာရှင်ဟာ အလွန်စိတ်ပူပင်ရတတ်တယ်၊ စိတ်ကူးယဉ်ဆန်မယ်၊ အဆိုးမြင်တတ်တယ်၊ အတ္တရှိပြီး မိမိကိုယ်ရည်ကိုယ်သွေးကို အမွန်းတင်တတ်တယ်၊ အများရဲ့ တိုက်ခိုက်လှုံ့ဆော်တာကို ခံနိုင်ရည်မရှိဘူး၊ သည်းခံနိုင်မှု့နည်းပါးတတ်တယ်၊ မိမိကိုယ်တိုင်က အဖြစ်သိပ်မရှိဘဲ အခြားသူတစ်ယောက်ယောက်ကိုမှီခိုးလွန်းသူဖြစ်တယ်၊ ဒါကြောင့် ဘဝမှာ လွယ်လွယ်နဲ့တော့ အထက်ရောက်ဖို့ ခက်ပါတယ်။

ပုံ(၄) ခါးပါတ်များစွာရှိနေခြင်း။ ။သောကြားခါးပါတ်ကို တစ်ခုထက်ပိုပြီး အပိုင်းအစများဖြင့်သော်လည်းကောင်း၊ နှစ်ထပ် (သို့) သုံးထပ်အဖြစ်တွေ့ရတတ်ပါတယ်။ ဒီလိုတွေ့ရပြီဆိုရင်တော့ အလွန်စပ်စုတတ်သူတွေလို့စပြောရပါ လိမ့်မယ်၊အရာရာကို စူးစန်းလေ့လာတတ်သူဖြစ်တယ်၊စူးစန်းလေ့လာသလောက်အကျိုးရှိမယ်၊ ကောင်းစွာ တတ်သိနားလည် သူဖြစ်လာမယ်၊ အသေးစိတ်အထိ သိတတ်သူဖြစ်မယ်။ အရာဝတ္ထုတွေကို အဆန်းတစ်ကြယ် ဖြစ်အောင် တီထွင်ခြင်း၊ဖန်တီးခြင်းတွေလုပ်ကိုင်နိုင်သူပါ။ ခါးပါတ်လမ်းကြောင်းသည် အနာအဆာမရှိဘဲ ပြိုင်နေခဲ့မယ်ဆိုရင်တော့ စိတ်ကူးယဉ်တတ်ပြီး စိတ်ကူးကို ပုံဖော်တတ်သလို အံသြလောက်အောင်လည်း အသစ်အဆန်းဖန်းတီးနိုင်ပါလိမ်မယ်။ လုပ်ငန်းတွေကိုလည်း ကောင်းမွန်စွာစီမံခန့်ခွဲနိုင်ပါတယ်။ တစ်ကယ်လို့ အနာအဆာရှိတဲ့ နှစ်ထပ် သောကြာခါးပါတ်ကို ပိုင်ဆိုင်နေရင် ချစ်မှု့ရေးရာတွေမှာ အပြောင်းအလဲ မြန်တတ်သူ၊ မျက်နာများတတ်သူဖြစ်နေတတ်ပါတယ်။မိ မိရဲ့ ချစ်မှု့ရေးရာမှာ တစ်ခါတစ်ရံ စည်းကမ်းမဲ့တတ်လို့ ဘဝမှာ စိတ်သောကနဲ့ဆုံးရှုံးခြင်းတွေ ဖြစ်တတ်ပါတယ်။

ယခုဖော်ပြခဲ့တဲ့ လက္ခဏာအမှတ်အသားတွေကတော့ သောကြာခါးပါတ်နှင့်ပါတ်သက်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..