၁၃၈၆ ခုနှစ် နှစ်သစ်ကစပြီး ကောင်းကျိုးအဖြာဖြာပြည့်စုံစေတဲ့ ယတြာ
lotaya.mpt.com.mm
|
2024-04-22

၁၃၈၆ ခုနှစ် နှစ်သစ်ကစပြီး ပြုလုပ်ရမယ့် ယတြာဖြစ်တဲ့ အန္တရာယ်ကင်းပြီးတော့ ကောင်းကျိုးအဖြာဖြာ ပြည့်စုံစေတဲ့ ယတြာအကြောင်းပဲ ဖြစ်ပါတယ်။

လူတိုင်းလူတိုင်းဟာ နေ့စဉ်နေ့စဉ်မှာ အိမ်ထောင်ရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ ပညာရေး စသဖြင့် ကိစ္စအရေးရေးတွေမှာ ဆောင်ရွက်နေကြပါတယ်။ တချို့က အိမ်ထောင်ရေးကိစ္စတွေ အဆင်ပြေတယ် စီးပွားရေး အဆင်မပြေဘူး ။ တချို့က ပညာရေး အဆင်ပြေတယ် စီးပွားရေး အဆင်မပြေဘူး စသဖြင့်ပေါ့လေ တစ်မျိုးမဟုတ် တစ်မျိုးကတော့ လိုအပ်နေကြတာဖြစ်ပါတယ်။

ဒီယတြာလေးကတော့ အန္တရာယ်တွေ အခက်အခဲတွေ အမျိုးမျိုးကနေ ကင်းဝေးပြီး ကောင်းကျိုးအဖြာဖြာပြည့်စေတဲ့ လအလိုက်ပြုလုပ်ရမယ့် ယတြာလေးပဲ ဖြစ်ပါတယ်။

နှစ်သစ်ကစပြီး လုပ်ရမယ့်ယတြာလေးကတော့ ၁၇.၄.၂၀၂၄ ရက်နေ့မှ ၁၆.၅.၂၀၂၄ ရက်နေ့အထိ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒီကာလအတွင်းမှာ ရွှေတိဂုံဘုရားဟာ အောင်မြေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ရွှေတိဂုံဘုရားကိုသွားပြီးတော့ တောင်အရပ်ကနေ မြောက်အရပ်ကို မျက်နှာမူပြီး ပျားရည်ဆွမ်းကို ကပ်လှူရမှာ ဖြစ်ပါတယ်။ အဲဒီလို ကပ်လှူပြီးတော့ " ရတနသုတ်" ကို ရွတ်ဆို ပူဇော်ပြီး မိမိတို့ လိုရာဆန္ဒကို ဆုတောင်းရမှာ ဖြစ်ပါတယ်။

ရွှေတိဂုံဘုရား မသွားနိုင်ဘူးဆိုရင်  ရွှေတိဂုံဘုရားပုံကို ရှစ်ခိုးပြီးတော့ လှူဒါန်းရင်လည်း ရပါတယ်။ ပုံတော်လည်းမရှိဘူးဆိုရင် ရွှေတိဂုံဘုရားကို ရည်မှန်းပြီး မြောက်ဘက်ကို မျက်နှာမူပြီးတော့ ပျားရည်ဆွမ်းကို ကပ်လှူပါ။ " ရတနသုတ်" ကို ရွတ်ဆိုပြီးတော့ လိုရာဆုတောင်းရမှာ ဖြစ်ပါတယ်။

" ရတနသုတ်"ကို ၁ လတိတိ ရွတ်ဖတ်ပြီးတော့မှ လိုရာဆုတောင်းမယ်ဆိုရင် နေ့စဉ်နေ့စဉ် တစ်လတာမှာ မိမိတို့ရဲ့ ဆောင်ရွက်ကနေတဲ့ ခက်ခဲနေတဲ့ ကိစ္စတွေ ပြေလည်ပြီးတော့ ချမ်းချမ်းသာသာ ပြေပြေလည်လည်နဲ့ အောင်အောင်မြင်မြင်နဲ့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ ခင်ဗျာ့။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..