သောကြာခါးပါတ်နှင့် ပါတ်သက်တဲ့ လက္ခဏာအမှတ်အသားများ အပိုင်း (၃)
lotaya.mpt.com.mm
|
2024-04-26

သောကြာခါးပါတ်ဆိုတာ နှလုံးလမ်းကြောင်းအပေါ်ဘက် လက်ညိုးနှင့် လက်ခလယ်ကြား အခြေမှ လက်သူကြွယ် နှင့် လက်သန်းကြားအခြေကို ပါတ်ပြီးဝန်းရံထားသော လေးကိုင်းသဖွယ် လမ်းကြောင်းကွေးကို ခေါ်တာဖြစ်ပါတယ်။ ဒီသောကြားခါးပါတ်ကို ရေလက်ဝါး အမျိုးအစားနှင့် နူးညံ့သောလက်ဖဝါးပြင်များတွင် အတွေ့များတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။

သောကြားခါးပါတ်ပါတဲ့ ပုဂ္ဂိုဟ်တွေဟာ အလှအပအာရုံခံစားခြင်းမှာ အလွန်အားကောင်းသူတွေဖြစ်ကြပါတယ်။ အနုပညာဖန်တီနိုင်မှု့ကြီးမားကြပြီး လက်ရာလည်းမြှောက်ကြပါတယ်၊ အရွယ်နှင့်မလိုက်အောင် အသက်ငယ်ငယ်မှာ အနုပညာ၊ အလှအပရေးရာတွေမှာ အောင်မြင်တတ်ကြတယ်၊ အနုပညာညဏ်ကောင်းတဲ့သူတွေဖြစ်တယ်လို့ပြောရမယ်။ ဆန့်ကျင်ဘက်လိင်နဲ့ပါတ်သက်ပြီး အလွန်နာကျင်ထိခိုက်ခံစားရတတ်ပြီး မေတ္တာတရားနှင့်ပါတ်သက်ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်တတ်ကြသူတွေပါ။

ပုံ (၉) အိမ်ထောင်ရေးလမ်းကြောင်းနှင့်ထိစပ်နေခြင်း။ ။ သောကြာခါးပါတ်ဟာ အိမ်ထောင်ရေးလမ်း ကြောင်းနှင့် ထိစပ်နေခဲ့ရင်တော့ အိမ်ထောင်ရေးမမြဲခြင်းကို ပြတာလို့ အကြမ်းအားဖြင့်ပြောလို့ရပါတယ်။ မမြဲရခြင်းကလည်း အခြားသူတစ်ယောက်ရဲ့ အိမ်ထောင်ရေးနှင့် ဝင်ရောက်ပါတ်သက်နေတတ်တဲ့အတွက် နောက်ဆုံးမှာ စိတ်ဆင်းရဲစရာတွေနဲ့ နိဂုံးချုပ်ရတတ်လို့ပါ။

ပုံ (၁၀) သောကြာခါးပါတ်မှာ ကျွန်းပါရှိခြင်း။ ။ သောကြာခါးပါတ်မှာ ကျွန်းပါရှိနေခဲ့ရင်တော့ အိမ်ထောင်ကျနောက် ကျတတ်ပါတယ်။ စောစောအိမ်ထောင်ကျခဲ့ရင်တော့ အဆိုးမြင်စိတ်တွေကြောင့် မကြာခင်ဘဲ ပြန်ပြီးကွဲကွာရတတ်ပါတယ်။ စိတ်ခံစားချက်နောက်ကို လိုက်ပါတတ်သူဖြစ်ပြီး စိတ်ဆတ်သူတွေဖြစ်တယ်။


ပုံ (၁၁) အမျှင်အပွားများနှင့် သောကြာခါးပါတ်။ ။ သောကြာခါးပါတ်ရဲ့ ထိပ်နှင့် အဆုံးတို့တွင် ဆံပင်ကဲ့သို့ အမျှင်အမွားများပါရှိနေပါက ရည်မှန်ချက်ကောင်းရှိသူဖြစ်မည်၊သို့သော်လည်း ရည်စားပွေမည်။ (အမှန်တစ်ကယ်မချစ်ဘဲ ကစားတတ်သူ)၊အဆိုးမြင်တတ်သူဖြစ်သည်။ သောကြာခါးပါတ်တစ်ခုလုံး ဆံပင်ကဲ့သို့ အမျှင်များရှိနေခဲ့ပါက ကြီးမားသော အောင်မြင်မှု့အတွက် မိမိရဲ့ စိတ်ဆန္ဒအာရုံကို ထိန်းချုပ်မှု့တစ်ခုအောက်တွင် ထားတတ်ခြင်းကို ဖော်ပြနေတတ်သည်။

ယခုဖော်ပြခဲ့တဲ့ လက္ခဏာအမှတ်အသားတွေကတော့ သောကြာခါးပါတ်နှင့်ပါတ်သက်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..