
ဆော်လမွန်လက်စွပ်ဟာ မိမိလုပ်ကိုင်နေတဲ့ ကိစ္စရပ်တွေကို အင်အားနှစ်ဆမက တွန်းအားကြီးတစ်ခု၊ စွမ်းအင်တစ်ခုပေးတဲ့ အမှတ်အသားဖြစ်တယ်။ ဒါကြောင့် ဒီလက်စွပ်ထင်ရှားပါတဲ့သူတွေဟာ ဘာလုပ်လုပ် အင်အားပါပြီး အောင်မြင်ပေါက်မြောက်ကြတာဖြစ်ပါတယ်။
ဆော်လမွန်လက်စွပ်ဟာ ရှင်းလင်းမယ်၊ ထင်ရှားမယ်၊ အဖျက်တွေမပါဘူး၊ လေးကိုင်းသဖွယ်ဖြစ်နေမယ်၊ လမ်းကြောင်းကလည်း ထင်ရှားနေမယ်ဆိုရင်တော့ ဘယ်အရာကိုမဆို တိတိကျကျခွဲခြမ်း စိတ်ဖြာနိုင်စွမ်းရှိသူ၊ မည်သည့်အရာကိုမဆို ကောင်းစွာနားလည်းသိတတ်သူ၊ ညဏ်အလွန်ကောင်းသူ၊ ဖြတ်ထိူးညဏ်ကြီးမားသူ၊ နောက်လိုက်နောက်ပါများသူ၊ ခေါင်းဆောင်ကောင်းဖြစ်သူ၊ အခြားသူများ၏အတွင်းစိတ်ကို သိမြင်တတ်သူ၊ ရှေ့ဖြစ်လာမည့်အရာတို့ကို ကြိုတင်တွက်ဆမှန်ဆတတ်သူ၊ အကြားအမြင်ဗဟုသုတကြီးသူလို့ ပြောရမှာဖြစ်တယ်။ မေတ္တာတရားလည်းကြီးမားပြီး ဆရာခေါ်ထိုက်သူလို့ပြောရရင် မမှားပါဘူး။ ကံမကောင်းခဲ့လို့ ဒုက္ခရောက်နေခဲ့ရင်တောင် ဒုက္ခကို အခွင့်အရေးအဖြစ်အသုံးချပြီး ကောင်းစွာရှင်သန်နိုင်သူဖြစ်ပါတယ်။ ဂမ္ဘီရပညာ၊လျှို့ဝှက်သောပညာ၊ ဝိဇ္ဇာပညာရပ်တို့ မှာလည်း တတ်သိနာလည်နှံစပ်သူဖြစ်ပြီး ဗေဒင်-လက္ခဏာပညာရပ်တွေမှာလည်း သိတတ်နား လည်သူဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။
၀ယ်ယူရန် နှိပ်ပါ
ဆော်လမွန်လက်စွပ်ဟာ စက်ဝိုင်းခြမ်းလိုပုံစံမျိုးဖြစ်နေခဲ့မယ်ဆိုရင်တော့ အနုပညာနှင့်ဆိုင်သော ရုပ်ရှင်၊ ဂီတနယ်ပါယ်မှာ ထင်ရှားသူဖြစ်မယ်၊ ရုပ်အမူအရာတွေကောင်းမယ်၊ စိတ်ခံစားချက်နှင့်လုပ်ဆောင်ရတဲ့ အနုပညာမှာ ကောင်းမွန်တဲ့ အောင်မြင်ခြင်းတွေရရှိမှာဖြစ်တယ်။ဖန်တီးမှု့တွေကောင်းမွန်တာဖြစ်တယ်။ ဆော်လမွန်လက်စွပ်ဟာ ပါးပြီးမထင်မရှားဖြစ်နေမယ်၊ မှိန်နေမယ်ဆိုရင်တော့ ဆော်လမွန်လက်စွပ်ထင်ရှားစွာ ပါတဲ့သူထက် ညဏ်ပညာကိစ္စတွေမှာ အနည်းငယ်အားနည်းမယ်၊ ဇွဲရှိမှု့၊ လုံးလထုတ်မှု့မှာလည်း ထင်ရှားစွာပါတဲ့သူတွေလောက် မကောင်းနိုင်ဘူးဖြစ်နေတတ်ပါတယ်။
ဆော်လမွန်လက်စွပ်ဟာ နှစ်ထပ်ဖြစ်နေခဲ့မယ်ဆိုရင်တော့ ကံဆိုးနေစေကာမှု့ မကြာခင် ကံပြန်ကောင်းလာမည့်သူဖြစ်ပါတယ်။ လက်တလောအဆင်မပြေခြင်း၊ ကံဆိုးခြင်းများကို ကြုံရတတ်သော်လည်း ပြန်ပြေလည်မယ်သူပါ။ ကောင်းတဲ့အချက်ကတော့ အလွန်ထိုးထွင်းသိမြင်ခြင်းဖြစ်ပြီး သူတပါး၏ အတွင်းစိတ်ကိုပင် ဖတ်နိုင်သူဖြစ်ပါတယ်။ ဆော်လမွန်လက်စွပ်ဟာ ကြာသာပတေးဂြိုဟ်ခုံပေါ်က လေးကိုင်းသဖွယ် ကွေးနေတဲ့ လမ်းကြောင်းကွေးလေးဖြစ်ပြီး ဒီလက်စွပ်ရဲ့ အစွမ်းတွေက အံမခန်းဖြစ်တယ်။ ဒီလိုကောင်းခြင်းတွေနဲ့ ပြည့်စုံတဲ့ အမှတ်အသားဟာ သန့်ရှင်းပြီး အဖျက်ကင်းဖို့လိုပါတယ်။ ဆော်လမွန်လက်စွပ်ပါရှိတဲ့သူတွေဟာ ဘဝမှာ ညဏ်ပညာနဲ့ ချမ်းသာကြီးခြင်းဟာ လက်တစ်ကမ်းမှာဘဲ ဖြစ်တယ်ဆိုတဲ့အကြောင်းကို တင်ပြလိုက်ရပါတယ်။
ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope