
ယခုလကစပြီး အဓိဌာန်ဝင်ချင်ကြသူတွေအတွက် အောင်မြင်မှုစွမ်းအားကြီးမားလှတဲ့ သရဏဂုံ ပုတီးစိပ်အဓိဌာန်နဲ့ ပါရမီဖြည့်လိုက်ပါတယ်။
အခုကစပြီး ကိုယ်နှစ်သက်ရာနေ့ အဆင်ပြေရာနေ့ကစ အဓိဌာန်ဝင်ပါ...
ကျန်းမာရေးကိုတွေးပြီး စိတ်ပူလွန်းနေသူများအတွက် ကျန်းမာခြင်းကို ဖြစ်စေတာ ၊လုပ်ငန်းမှာ အနှောင့်အယှက်တွေ ကင်းဝေးပြီး ဆန္ဒပြည့်ချင်တာ ၊ငွေအစုလိုက် အပုံလိုက် အလုံးလိုက် အရင်းလိုက် စဥ်ဆက်မပြတ်ဝင်ချင်တာ အဲဒါလေးတွေလောက်ကတော့ ညွှန်းမနေတော့ပါဘူး...
ဘုရားကျောင်းဆောင်မှာ ရတနာမြတ်၃ပါးနဲ့ မဆိုင်တဲ့ပစ္စည်းတွေကို ဖယ်ရှားရှင်းလင်းပြီး ဘုရားကျောင်းဆောင် ရှင်းလင်းထားပါ။ မနက်မိုးလင်းတာနဲ့ နိမိတ်ဆိုးစကားတွေပြော ဆဲဆိုပြီး အိမ်ပူမနေဖို့လဲ လိုအပ်ပါတယ်။
သရဏဂုံ အဓိဌာန်
**************
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
အဲ့ဒီလို အစအဆုံး ရွတ်ဆိုပြီးမှ ပုတီးတလုံးချပါ....စတဲ့နေ့မှာ ၁ပါတ်ပါပဲ...နောက်နေ့ ၂ပါတ်၊ နောက်နေ့ ၃ပါတ်....တဖြည်းဖြည်း တပါတ်ချင်း တိုးစိပ်သွားရမှာပါ...ပုတီးစိပ်ရုံမကဘဲ အားတဲ့အချိန် တနေကုန်လဲ အဲဒီ သရဏဂုံ အနုလုံ ပဋိလုံကိုဘဲ နှုတ်ကမပြတ်ရွတ်နေပါ...
***၉ရက်ပြည့်ရင် ရပါပြီ အောင်ပါပြီ***
အဓိဌာန် စဝင်တဲ့နေ့ကစပြီး "ငါဟာအောင်မြင်နေတဲ့သူဖြစ်နေပြီ" ဆိုတဲ့ နိမိတ်ကောင်းကို နေ့စဥ် တကိုယ်ကြားအကြိမ်ကြိမ်ပြောပြီး အောင်မြင်မှုများစွာနဲ့ ကံကောင်းခြင်းတွေကို ကိုယ်တိုင်ရယူလိုက်ပါ...
ကုသိုလ်ထူးတွေရကြပါစေ ကောင်းသောအကြံစည် ကောင်းသောအရာတွေ သာတွေ့ကြုံခံစား စံစားရပါစေ...
ကျွန်ုပ်နှင့်အတူကောင်းသော အကျိုးတွေခံစားရပါစေ...
မိမိကိုယ်တိုင်လည်း အခက်ခဲဟူသမျှမတွေ့ကြုံရပါစေနဲ့ တွေ့ကြုံနေရသော အခက်ခဲများလည်း ကောင်းသောအေးချမ်းခြင်း အခြေနေကိုရောက်ရှိပါစေ...
လာဘ်လာဘတွေပေါများပြီး ကုသိုလ်ပြုနိုင်ပါစေ... အဖက်ဖက်မှငွေတွေဝင်လာပါစေ အားလုံးလည်း စိတ်ချမ်းသာကိုယ်ကျန်းမာပြီး လာဘ်လာဘတွေ ပေါများကြပါစေ
ဆရာထွန်းလင်း (မြန်မာ့ရိုးရာဗေဒင်ပညာ)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope