မိမိ၏ လုပ်ငန်းအတွင်း အထက်လူကြီးက ကူညီစောင့်ရှောက်စေမယ့် ယတြာအစီအရင်
lotaya.mpt.com.mm
|
2024-05-31

လုပ်ငန်းခွင်အတွင်း အထက်လူကြီး၏ ငြိုငြင်ခြင်း ခံရလို့ရှိရင် အဆင်ပြေအောင် ဆောင်ရွက်နည်းလေးကို တင်ပြပေးချင်ပါတယ်။ အထက်လူကြီးက ကူညီစောင့်ရှောက်စေမယ့် ယတြာအစီအရင်လဲ ဖြစ်ပါတယ်။

မိမိတို့ လုပ်ငန်းကိုင်ငန်းတွေ လုပ်တဲ့အခါမှာဘဲ ဖြစ်ဖြစ် ၊ အဖွဲ့အစည်းကိစ္စတွေ လုပ်တဲ့အခါမှာဘဲ ဖြစ်ဖြစ် ဘယ်လိုကိစ္စတွေမှာဘဲ လုပ်လုပ် ကိုယ်လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ မိမိထက် ကြီးကဲတဲ့ပုဂ္ဂိုလ်တွေ ၊ မိမိထက် မြင့်တဲ့ ရာထူးရှိသော ပုဂ္ဂိုလ်တွေက မိမိကို ကိုယ်က စေတနာနဲ့လုပ်တာလည်း ဟုတ်ရဲ့သားနဲ့ ငြိုငြင်နေတာမျိုးတွေ အထင်လွဲတာမျိုးတွေ တချို့ကကြတော့လည်း ကိုယ်ကလုပ်တော့လုပ်တယ် ကိုယ်လုပ်တာက မှားယွင်းတဲ့အခါကြတော့ ကိုယ်က စေတနာနဲ့မှားတာ ဖြစ်ပါလျှက်နဲ့ မိမိအပေါ်မှာ အပြစ်ယူတာမျိုးတွေ ၊ ငြိုငြင်နေတာမျိုးတွေ ဒီလိုတွေ တွေ့ကြုံနေရတယ်ဆိုလို့ရှိရင် အဆင်ပြေအောင် သက်ဆိုင်ရာပုဂ္ဂိုလ်တွေ ၊ မိမိထက် ကြီးကဲတဲ့သူတွေကနေပြီးတော့မှ မိမိအပေါ်မှာ အပြစ်မယူဘဲ နားလည်မှုရှိပြီးတော့မှ ပြေပြေလည်လည်နဲ့ လုပ်ငန်းကိုင်ငန်းတွေကို ဆောင်ရွက်နိုင်အောင် ပြုလုပ်တဲ့နည်း ယတြာ ဖြစ်ပါတယ်။

တနင်္ဂနွေသားသမီးဆိုရင် ဝါးမြစ် (သို့) ရဲယိုမြစ်ကို လက်တစ်ဆစ်ဖြတ်ပြီးတော့ ဆောင်ရမှာ ဖြစ်ပါတယ်။

တနလာင်္သားသမီးဆိုရင် ပျဉ်းမသား (သို့) ပေါက်သား အမြစ်တွေကို လက်တစ်ဆစ်ဖြတ်ပြီးတော့ ဆောင်ရမှာ ဖြစ်ပါတယ်။

အင်္ဂါသားသမီးဆိုရင် သီးမြစ်တို့ ၊ သီဟိုဥ်မြစ်တို့ကို လက်တစ်ဆစ်ဖြတ်ပြီးတော့ ဆောင်ရမှာဖြစ်ပါတယ်။

ဗုဒ္ဓဟူးသားသမီးဆိုရင် ဒန်းမြစ် ၊ ထန်းမြစ် ၊ ဒေါနမြစ်တို့ကို လက်တစ်ဆစ်ဖြတ်ပြီးတော့ ဆောင်ရမှာ ဖြစ်ပါတယ်။

ကြာသပတေးသားသမီးဆိုရင် အုန်းမြစ် ကို လက်တစ်ဆစ်ဖြတ်ပြီးတော့ ဆောင်ရမှာ ဖြစ်ပါတယ်။

သောကြာသားသမီးဆိုရင် ကြံမြစ် ၊ ကံ့ကော်မြစ် ၊ ကြိမ်မြစ်တို့ကို လက်တစ်ဆစ်ဖြတ်ပြီးတော့ ဆောင်ရမှာ ဖြစ်ပါတယ်။

စနေသားသမီးဆိုရင် ဇီးမြစ်ကို လက်တစ်ဆစ်ဖြတ်ပြီးတော့ ဆောင်ရမှာ ဖြစ်ပါတယ်။

ဒါကတော့ ခက်ခက်ခဲခဲလည်း မရှိဘဲနဲ့ မိမိလုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ ကိုယ့်ရဲ့အထက်က ပုဂ္ဂိုလ်တွေက ပြေပြေလည်လည်နဲ့ မိမိအပေါ်မှာ အပြစ်မယူ နားလည်မှုရှိရှိနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်အောင် အဆင်ပြေအောင် ဆောင်ရွက်တဲ့ ယတြာအစီအရင်လေးဘဲ ဖြစ်ပါတယ်။ မိမိကို နားလည်မှုရှိရှိလေးနဲ့ ဆောင်ရွက်တဲ့အတွက်ကြောင့် လုပ်ငန်းတွေ အဆင်ပြေပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ လုပ်ငန်းကိုင်ငန်းတွေကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

အားလုံးကျန်းမားချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..