သင့်ရဲ့စိတ်ထားတွေကို ပြောပြနေတဲ့ လက်မ၏ လက္ခဏာအမှတ်အသားများ
lotaya.mpt.com.mm
|
2024-06-11

၁။အဆစ်ပျော့လက်မ

အဆစ်ပျော့သော လက်မပိုင်ရှင်သည် နူးညံ့  သိမ်မွေ့သောသဘောရှိ၍ ရက်ရောစွာပေးကမ်း တတ်ခြင်း၊ အားနာတတ်ခြင်း၊ လူတိုင်းနှင့်ပေါင်း သင်းဆက်ဆံနိုင်သူများဖြစ်ကြသည်။ သို့သော် အကြံအစည် အပြောင်းအလဲမြန်တတ်ပြီး စွဲမြဲမှု အားနည်းတတ်လေရာ အားနာမှုလွန်ကဲပြီး က တိ တစ်ခုကို လွယ်လွယ်နှင့်မပေးသင့်ချေ။ ထိုပြင် အလွယ်တကူ စိတ်ပျက်အလျော့ပေး လွယ်သူများဖြစ်၍ အလုပ်တစ်ခုကို ဇွဲကောင်းနှင့် တစ်စိုက်မတ်မတ် လုပ်ကိုင်ဖို့လိုမည်။

၂။အဆစ်မာလက်မ

စိတ်ဓာတ်ခိုင်မာသူ၊ ဇွဲကောင်းသူ၊ သတိတရားကြီး၍ လျှို့ဝှက်ကြံစည်တတ်သည့်သဘောရှိသူ ူများ ဖြစ်သည်။ စည်းကမ်းတကျနေထိုင်တတ်ပြီး  အခြားသူများနှင့် အလွယ်တကူ ရောနှောပေါင်း သင်းဆက်ဆံတတ်သူများ မဟုတ်ပေ။ တ ရား မျှတမှုကို မြတ်နိုးတတ်သည်။ အားနည်းချက်မှာ အသေးအဖွဲအလုပ်များကိုပင် အသေးစိပ်လုပ်တတ်ပြီး လူတိုင်းအပေါ် သံသယများထားတတ်ခြင်းကြောင့် လူမှုဆက်ဆံရေးကိုထိခိုက်ပြီး အခွင့်အရေးကောင်းများကို ဆုံးရှုံးလက်လွှတ်ရတတ်ပေသည်။

၃။ခါးသေးလက်မ

လက်မ၏အလယ်နေရာ၌ သေးငယ်နေတတ်သည်။ သူတို့သည် လိမ္မာပါးနပ်ခြင်း၊ အချိန်အခါ နေရာဒေသ အလျောက် အံဝင်အောင်နေတတ်ခြင်း၊ ပေါင်းသင်းဆက်ဆံတတ်ခြင်း စသည့် သဘောသဘာဝရှိသူဖြစ်ပြီး ပင်ကိုယ်ဉာဏ်ကောင်း ၍ တီထွင်ကြံဆမှု အားကြီးသည်။ တခါတရံတွင် အစွန်းရောက်၍ သူတပါးအား အထင်သေးစွာ ဝေဖန်တတ်သည်။

၄။ခါးတုတ်လက်မ

ခွန်အား၊ စိတ်အားကောင်းသလောက် ပင်ကိုယ်ဉာဏ် နည်းပါးသည်။ ပွင့်ပွင့်လင်းလင်း ဟော့ဟော့ဒိုင်းဒိုင်း၊ ပြောင်ပြောင်တင်းတင်းပြောဆိုတတ်သူများဖြစ်ပြီး လူတကာနှင့်ဆက်ဆံရာတွင် သည်းခံလေ့မရှိပေ။ မာရေကြောရေဆက်ဆံတတ်သလို ဗလအားကိုး ပြုမူချင်စိတ်ရှိကြသည်။

၅။တင်းပုတ်လက်မ

ဉာဏ်ပညာအားနည်းပြီး စိတ်ခံစားမှုအလျော က်ထစ်ခနဲဒေါသဖြစ်လွယ်သည်။ ဒေါသကိုမချုပ်တည်းနိုင်ဘဲ ခိုက်ရန်ဖြစ်ပွားတတ်ပြီး အခန့်မသင့်လျှင် လူသတ်တတ်ကာ ရာဇဝတ်မှု ကျူးလွန်တတ်ကြသည်။ တင်းပုတ်လက်မရှိသော ကလေးများကို ကောင်းမွန်စွာ ပညာသင်ကြားပေးခြင်း၊ ထိန်းသိမ်းဆုံးမခြင်းတို့ ပြုလုပ်ပေးသင့်သည်။ ၎င်းလက်မ နောက်သို့ ညွှတ်ရအောင်ကွေးပါက ယင်းသဘောသဘာဝများ လျော့/ပျောက်သွားတတ်သည်။

အခုဖော်ပြခဲ့တဲ့ လက်မ၏လက္ခဏာဝိသေသတွေက လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားအချို့ကို ပြောပြနေတဲ့ အမှတ်အသားတွေပဲ ဖြစ်ပါတယ်။

ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..