ချစ်မြတ်နိုးခြင်းကို ခံရမည့် အမျိုးသမီးတို့တွင်ပါရှိသော မှဲ့အဟော
lotaya.mpt.com.mm
|
2024-06-24

(၁) နဖူးပြင်၏ မျက်ခုံးအထက်နားတွင် မှဲ့မည်းတလုံးတည်းရှိလျှင် ဂုဏ်ဓနနှင့်ကျော်စောသော လင်ယောကျ်ားကို ရတတ်သည်။ အိမ်ထောင်ဆက် များတတ်သည်။ သားယောကျ်ားများ ထွန်းကားသည့်မိခင် ဖြစ်ပါလိမ့်မည်။

(၂) ညာဘက်နားထင် မျက်ခုံး၏ အနီးအနားပတ်ဝန်းကျင်တွင် မှဲ့ရှိလျှင် ငယ်ရွယ်စဉ်က ဆင်းရဲ၍ ကြီးသော ချမ်းသာတတ်ပါသည်။ အိုဇာတာကံကောင်းမည်။ မိမိသြဇာကို နာခံမည့် လင်ယောကျ်ားအား ရတတ်သည်။ အလုပ်အကိုင် မှန်သမျှကို ဦးစီးဦးဆောင် ပြုလုပ်တတ်သည်။ သားယောကျ်ားမွေးပြီး အကျိုးပေးတတ်သည်။

(၃) အထက်နှုတ်ခမ်း (သို့) အောက်နှုတ်ခမ်း အနီးတဝိုကတွင် မှဲ့ရှိလျှင်

မိမိကို ချစ်မြတ်နိုးသော ယောကျ်ားများ ပေါများတတ်သည်။ ယောကျ်ားများ၏ နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်းကို ခံရမည်။ မိမိကိုယ်တိုင်လည်း အချစ်နှင့်ပတ်သက်လျှင် အစွဲအလမ်းစိတ် ကြီးတတ်သည်။ အစားအသောက်ကောင်းများကို အထူးကြိုက်နှစ်သက်သူဖြစ်သည်။

(၄) ဘယ်ဘက်ပါးပြင်မို့တွင် မှဲ့ရှိလျှင် စိတ်နု၍ အညှာလွယ်တတ်ပါသည်။ တဖက်သားပြောလာသည့်စကားကိုမစဉ်းစားဘဲ အယုံလွယ်တတ်ပါသည်။ ယောကျ်ားများ၏ စိတ်ဝင်စားခြင်း၊ အရေးပေခြင်းကို ခံရတတ်သည်။

(၅) ညာဘက်ပါးပြင်မို့တွင် စံပယ်တင်မှဲ့ရှိလျှင် လူချစ်လူခင်များတတ်သည်။ စန်းအလွန်ပွင့်တတ်သည်။ လင်ယောကျာ်းအပေါ် သစ္စာရှိတတ်သည်။ အလုပ်အကိုင် အဆင်ပြေ၍ အောင်မြင်ကျော်ကြားမည်။ ကံကောင်းသူ ဖြစ်တတ်ပါသည်။

(၉) ရင်၏အလယ်ဗဟိုတည့်တည့်တွင် မှဲ့ရှိလျှင် ပစ္စည်းဥစ္စာ ပြည့်စုံတတ်ပါသည်။ မိမိအပေါ် အလိုလိုက် အကြိုက်ဆောင်မည့် လင်ယောကျ်ားကို ရတတ်သည်။ သားကောင်း သမီးကောင်း ထွန်းကားတတ်သည်။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..