အစာအိမ်ရောဂါနှင့် ပါတ်သက်သော လက္ခဏာအမှတ်အသား
lotaya.mpt.com.mm
|
2024-06-25

ကျန်းမာခြင်းသည် လဘ်တစ်ပါးဖြစ်သည်ဟုဆိုရလျှင် ကျန်းမာခြင်းသည် လူတစ်ယောက်အတွက် အလွန်အရေးကြီးလှပေသည်။ ကျန်းမာရေးကောင်းမှသာ စီးပွားရေး၊ ရာထူး၊ အလုပ်အကိုင်၊ အိမ်ထောင်ရေး စသည်တို့ကို ကောင်းမွန်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။  ကျန်းမာရေးနှင့်ဆိုင်သော လက္ခဏာဆိုင်ရာအမှတ်အသားများစွာရှိရာ ယခုအစာအိမ်နှင့်အူလမ်းကြောင်း ဝမ်းတွင်းရောဂါများနှင့်ဆိုင်သော လက္ခဏာအမှတ်အသားမှ အစာအိမ်ရောဂါနှင့်ပါတ်သက်သော အမှတ်အသားတစ်ခုကို တင်ပြလိုပါသည်။

လက်သန်း(ဗုဒ္ဓဟူးဂြိုဟ်ခုံ) မှ အပြတ်အတောက်များဖြင့် အသက်လမ်းကြောင်းဘက်သို့ ဆင်းလာသော လမ်းကြောင်းများကို ကျန်းမာရေးလမ်းကြောင်းဟုခေါ်သည်။ ထိုလမ်းကြောင်းသည် အင်္ဂါလွင်ပြင်တွင် ကျွန်းအဖြစ်ပါရှိနေခြင်းသည် လက္ခဏာရှင်အတွက် အစာအိမ်ရောဂါကို ပြင်ထန်စွာခံစားရနိုင်ပါတယ်။ သုတေသနရလဒ်များတွင်လည်း အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပေါ်ခြင်းကို ပြနေကြောင်းတွေ့ရပါတယ်။

အစာအိမ်ရောဂါဖြစ်မည်ဆိုသည့် အချက်ကို ထိုလမ်းကြောင်းမှတွေ့ရပြီး မည်မျှကြီးမာစွာဖြစ်မည်နည်း၊ ခွဲစိတ်ရမလား၊ အသက်သေဆုံးမလား၊ သက်သာပျောက်ကင်းမလားဆိုသည့် အမေးများကို ဖြေရန် ရှိနေပါသေးသည်။ထိုအမေးများကိုဖြေရန်အတွက် အခြားသော အသက်လမ်းကြောင်း၊ ကံလမ်းကြောင်းနှင့် ထူးခြားအမှတ်အသားများ၊ လက်ရေစာတို့ကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာပေါင်းစပ်ရမည်ဖြစ်သည်။

 ကျန်းမာရေးလမ်းကြောင်းအနေဖြင့် အင်္ဂါလွင်ပြင်(အသက်လမ်းအနီး)တွင် ကျွန်းပါရှိခြင်းကိုလည်း သေးစိတ်လေ့လာရမည်။ ကျွန်းသည် ကြီးမားသလား၊ကျွန်းအတွင်းအခြားအဖျက်မှတ်များ ပါဝင်နေသလား စသဖြင့်လည်း လေ့လာပြီးမှ အကောင်းဆုံးပေါင်းစပ်ပြီး အပြင်းစား၊အပျော့စား၊ခွဲရမလား၊ စသဖြင့် ပြောပြနိုင်မှာ ဖြစ်ပါတယ်။

ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..