
နေ့တိုင်းနေ့တိုင်းမှာ လူတွေဟာ မိမိတို့ရဲ့ နေ့နံအရဘဲဖြစ်ဖြစ် ၊ နာမည်အရဘဲ ဖြစ်ဖြစ် အမြင့်ဆုံး အချိန်လေးတွေ ရှိပါတယ်။ အနိမ့်ဆုံး အချိန်လေးတွေလည်း ရှိပါတယ်။ ဗေဒင်ကျမ်းတွေမှာကတော့ နဝင်းစီးချိန်လို့လည်း ခေါ်ပါတယ်။
အခုပြောပြပေးမှာကတော့ အမြင့်ဆုံးအချိန်လေးကို ဦးစားပေးပြီးတော့ တင်ပြပေးချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီအမြင့်ဆုံးအချိန်မှာက ကိုယ်က ဘယ်သူနဲ့ ဘာပြောပြော ကိုယ့်ဘက်က အသာစီးရတတ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ တစ်ခုတော့ သိထားရမှာက အဲဒီအချိန်မှာ ကိုယ်က အသာစီးရတယ်ဆိုပြီးတော့မှ ကိုယ်ဘက်က မမှန်မကန်နည်းနဲ့ ပြောမယ်ဆိုမယ်ဆိုရင်တော့ အများကြီးရမှာလည်း မဟုတ်ပါဘူး။ အဲဒီတော့ ဒီရဲ့ အကျိုးတရားက ဘာလည်းဆိုရင် အဲဒီအချိန်ကာလအရ မိမိဘက်ကနေပြီးတော့မှ အထိုက်အလျောက်အားဖြင့် အသာစီးရတယ်တဲ့ စနစ်ပဲဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ဥပမာအားဖြင့် ကိုယ်က ငွေသွားတောင်းမယ် (ဒါမှမဟုတ်) လုပ်ငန်းတစ်ခု အသစ်လုပ်တော့မယ် ကိုယ်က သွားပြီးတော့ စကားပြောမယ့် အချိန်ကြရင် အမြင့်ဆုံး အချိန် ၊ ကံအမြင့်ဆုံးအချိန်ဖြစ်တဲ့ နဝင်းစီးချိန်ကို စတင်ပြီးတော့ ထွက်ရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ။ ။ ကိုယ့်ပစ္စည်းတစ်ခုက သိန်းတစ်ရာတန်တာကို ကိုယ်က တစ်ထောင်လိုချင်ရင်တော့ ဒါဆိုရင်တော့ အောင်မြင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ သိန်းတစ်ရာတန်တဲ့ ပစ္စည်းကို ကိုယ်က အောင်မြင်အောင် တကယ်ဝယ်အောင် ပြောတဲ့အခါမှာ အဲဒီ တစ်ရာနဲ့တန်တဲ့ စကားလုံးနဲ့ဘဲ တစ်ရာနဲ့ တန်တဲ့ အတိုင်းအတာနဲ့ဘဲ ကိုယ်က ရောင်းမှသာလျှင် သူ့ကိုသွားပြီးတော့ မဲဆွယ်မှသာလျှင် အောင်မြင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သင့်လျော်တဲ့ အခြေအနေလည်း ဖြစ်ရပါမယ်။ အဲဒီလို ဖြစ်မယ်ဆိုရင်တော့ အခုလုပ်တဲ့ ယတြာ ၊ အခုလုပ်တဲ့ အစီအမံလေးက ခရီးရောက်ပါလိမ့်မယ် ။
မိမိတို့ နေ့နံက အမြင့်ဆုံးအချိန် ၊ ကံအကောင်းအချိန်ဆိုတာ ရှိပါတယ်။ ဥပမာအားဖြင့်တော့ - တနင်္ဂနွေနေ့ဆိုပါစို့ ။
တနင်္ဂနွေနေ့ဆိုရင် နံနက်/ညနေ ၆း၀၀ နာရီကနေပြီးတော့ ၇း၃၀ မိနစ်အထိ ကြာသပတေးသားသမီးရဲ့ ကံ အမြင့်ဆုံးအချိန် ၊ လောကဓာတ်ရဲ့ ဓာတ်သဘာဝအရဆိုရင် နံအမြင့်ဆုံးအချိန်လို့ ခေါ်ပါတယ်။
နေ့လည် ၂း၃၀ မိနစ်ကနေ ၃း၀၀နာရီအထိ တနလာၤသားသမီးတွေရဲ့ ကံအမြင့်ဆုံးအချိန် ဖြစ်ပါတယ်။
မနက် ၁၀း၃၀ မိနစ်ကနေ ၁၂း၀၀နာရီအထိ သောကြာသားသမီးတွေရဲ့ နံအမြင့်ဆုံး ကံအမြင့်ဆုံး အချိန်ဖြစ်ပါတယ်။
မနက် ၉း၀၀ နာရီကနေ ၁၀း၃၀ မိနစ်အထိကတော့ တနင်္ဂနွေသားသမီးတွေရဲ့ နံအမြင့်ဆုံးအချိန်ဖြစ်ပါတယ်။
နေ့ခင်း ၁၂း၀၀ နာရီကနေပြီး နေ့လည် ၁း၃၀ မိနစ်အထိကတော့ ဗုဒ္ဓဟူး သားသမီးတွေရဲ့ နံအမြင့်ဆုံးအချိန်ဖြစ်ပါတယ်။ နဝင်းစီးချိန်၊ ကံအမြင့်ဆုံးအချိန်လို့ ခေါ်ပါတယ်။
တနင်္ဂနွေနေ့ ညနေ ၃း၀၀နာရီကနေ ၄း၃၀မိနစ် အထိကတော့ စနေသားသမီးတွေရဲ့ နံအမြင့်အဆုံးအချိန် ၊ ကံအကောင်းဆုံးအချိန်ဖြစ်ပါတယ်။ သူ့ဘက်ကနေ စွမ်းအားအမြင့်ဆုံးအချိန်ဖြစ်ပါတယ်။
မနက် ၇း၃၀ မိနစ်ကနေ ၉း၀၀ နာရီအထိကတော့ အင်္ဂါသားသမီးတွေရဲ့ နံအမြင့်ဆုံးအချိန် ပြောမယ်ဆိုရင်တော့ ကိုယ့်ဘက်က စွမ်းအားအမြင့်ဆုံးအချိန် ကိုယ့်ဘက်က အားသာတဲ့အချိန်ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ ဇယားလေးမှာ ကြည့်ပြီး ဘယ်နေ့ဆိုရင် ကိုယ်ကဘယ်ရက်မှာ ကိုယ်က ဘယ်အချိန်မှာ ထွက်ရမလဲဆိုတာ အချိန်လေးတွေ ပြောပြပေးထားပါတယ်။
တစ်ခါတစ်ရံကျတော့ ကိုယ်ကထွက်လိုက်တယ် ဟိုကျတော့ ကိုယ့်ကို ဂရုတောင်မှ မစိုက်ဘူး ကြုံရတတ်ပါတယ်။ အဲဒီတော့ နောက်ပြန်ပြီးတော့ ကိုယ်က အချိန်ကို ကြည့်တဲ့အခါကျတော့ အချိန်လွဲနေတာမျိုးတွေ ရှိတတ်ပါတယ်။ သတိမထားဘဲနဲ့ ကိုယ်က ထွက်လိုက်တဲ့အခါမှာ နာရီမကြည့်ဘဲနဲ့ ထွက်မိတာမျိုးတွေ ကြုံတတ်ပါတယ်။
အဲဒီတော့ နာရီကြည့်ပြီးတော့ ဘယ်နေ့ဆိုရင်တော့ ဘယ်နာရီကနေ ဘယ်နာရီအတွင်းမှာ ထွက်ရမယ်ဆိုတာကို အကုန်လုံး (၇) နေ့လုံးမှာ ဇယားလေးနဲ့ ဖော်ပြပေးထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လွယ်လွယ်ကူကူူနဲ့ မိမိတို့ ဘယ်နေ့ဆိုရင်တော့ ဘယ်အချိန်မှာ စပြီး ထွက်ရမယ်ဆိုတာကို ကြည့်ပြီးတော့ ဆောင်ရွက်လို့ ရပါတယ်။
အပြိုင်အဆိုင်တွေ ၊ အားကစားကိစ္စတွေ ပြိုင်ဆိုင်တာမျိုးတွေ ၊ တစ်ယောက်နဲ့ တစ်ယောက် ကိုယ့်ဘက်က အသားစီးရအောင် လုပ်တဲ့အခါမှာ လုပ်နေတဲ့အချိန်က အဓိကမဟုတ်ဘူး အိမ်ကနေပြီးတော့ ဒါကိုလုပ်တော့မယ်ဆိုပြီးတော့ စထွက်တဲ့အချိန်က အဓိကယူရမှာ ဖြစ်ပါတယ်။ ဒါလေးကိုလည်း သတိထားပြီးတော့ ဆောင်ရွက်သင့်ပါတယ်။
သွားရမယ့်အချိန် ၊ ထွက်ရမယ့်အချိန်တွေကို နေ့စဉ်မှာ အရေးကြီးတဲ့နေ့တွေဆိုရင် ကိုယ်က ကြည့်ပြီး ထွက်မယ်ဆိုရင်တော့ မိမိတို့လုပ်ငန်းတွေမှာ အောင်မြင်မှာ ဖြစ်ပါတယ်။ ရောင်းဝယ်လိုတဲ့ကိစ္စမျိုးတွေမှာ အဆင်ပြေမှာ ဖြစ်ပါတယ်။
အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ ခင်ဗျာ့။
ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope