
လူတစ်ယောက်ရဲ့လက်ဖဝါးပြင်ကိုစစ်ဆေးကြည့်တဲ့အခါ သူ့ရဲ့လက်ဖဝါးပြင်တွင် ဦးခေါင်းလမ်းကြောင်းအစမှ လမ်းကြောင်းတစ်ခုသည် လေးကိုင်းသဖွယ် ကွေးပြီး နှလုံးလမ်းကြောင်းကို ဖြတ်ကာ စနေဂြိုဟ်ခုံသို့တက်နေသော လမ်းကြောင်း(ဦးခေါင်းလမ်းကြောင်းကိုယ်တိုင် (သို့) ဦးခေါင်းလမ်းကြောင်းမှ အခွဲတစ်ခုက ဖြတ်တက်ခြင်း၊ နှလုံးလမ်းကြောင်းပင်မမှာ လမ်းကြောင်းအခြေအနေညံ့ခဲ့လျှင်) ပါရှိခဲ့ပါက အောက်ပါအတိုင်းဖြစ်တတ်ကြသည်။
- လုပ်သမျှကိုင်သမျှကိစ္စရပ်များကို နှလုံးသားထက် ဦးနှောက်ဖြင့်သာဆုံးဖြတ်တတ်ကြပြီး၊ အတွေးအခေါ်ပိုင်း၊ ဒသနပိုင်းများကို ဦးစားပေးတတ်သူဖြစ်သည်။
- အသေးအဖွဲကိစ္စများကိုပင် အလွန်အလေးအနက်ထားတတ်ပြီး အဖြစ်သေးသော အခြေအနေများကို စဉ်းစားရာတွင်လည်း အဆိုးဘက်ကို ဇောင်းပေးတွေးတောပြီး စိုးရိမ်စိတ်ပူ တတ်သူဖြစ်သည်။
- ဦးနှောက်သွေးကြောပြတ်ခြင်း၊ ရုတ်တရက် လေသင်တုံးဖြတ်ခြင်းကြောင့် အသက်သေဆုံးတတ်သူဖြစ်သည်။
- အာရုံကြောရောဂါများ၊ဦးနှောက်နှင့်ဆက်စပ်သော ရောဂါများ၊ အတွေးကြောင်သောရောဂါများ ဖြစ်တတ်သူဖြစ်သည်။
- ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးခြင်းဖြစ်တတ်သလို၊ အခြားသော လမ်းကြောင်းများဖြင့် တိုက်ဆိုင်စစ်ဆေးရာတွင် မတော်တဆ ထိခိုက်မည့်ကံပါရှိပါက ဦးခေါင်းကို ထိခိုက်မိပြီး သေဆုံးခြင်းလည်း ဖြစ်တတ်သည့် အမှတ်အသားဖြစ်သည်။
အကယ်၍ နှလုံးလမ်းကြောင်းအခွဲမဟုတ်ဘဲ နှလုံးလမ်းကြောင်းကိုယ်တိုင်ဖြစ်ခဲ့ပါက ဦးခေါင်းထိခိုက်ခြင်း၊ ဦးနှောက်ထိခိုက်ခြင်းကြောင့် အတိတ်မေ့နေရခြင်း၊ ကိုးမားရောဂါဖြစ်ရခြင်းတို့ ဖြစ်တတ်ကြောင်း ကျမ်းများကလည်း ဆိုပါသည်၊ သို့ရာတွင် ဦးခေါင်းလမ်းကြောင်းတစ်ခုလုံးက နှလုံးလမ်းကြောင်းကို ဖြတ်ပြီး စနေဂြိုဟ်ခုံသို့ ကွေးတက်သွားသည့်လက်ပုံစံမျိုးသည် အလွန်တွေ့ရခဲသည်၊ ဦးခေါင်းလမ်းကြောင်း၏ လမ်းခွဲကသာ စနေဂြိုဟ်ခုံသို့တက်ရောက်သည်က အတွေ့များပေသည်။ ထိုစနေဂြိုဟ်ခုံသို့ တက်ရာတွင် လမ်းအဆုံးတွင် ကြက်ခြေပါရှိပါက ပိုဆိုးကြောင်း တွေ့ရပေသည်။
ဆရာဦးစိုး၀င်းထက် (လက္ခဏာဇမ္ဗူရစ်)
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_horoscope