ကြွေးအပူတွေရှိနေလျှင် အလုပ်အတွက်ခက်ခဲနေလျှင် အိမ်ထောင်ရေးအဆင်မပြေဖြစ်နေရင် ပြုလုပ်ရမည့် ယတြာ
lotaya.mpt.com.mm
|
2024-07-26

လူတိုင်းလူတိုင်းမှာ စီးပွားရေးတွေ အလုပ်အကိုင်တွေ ငွေကြေးကိစ္စတွေ ဒါမှမဟုတ် ကြွေးအပူတွေရှိနေလျှင် အိမ်ထောင်ရေးခက်ခဲနေလျှင် တဖက်တလှမ်းကနေပြီးတော့ အထောက်အပံ့ဖြစ်တဲ့ ယတြာဖြစ်ပါတယ်။

ငွေကြေးလာဘ်လာဘတွေ ရစရာ ရှိတာတွေ ကိုယ့်ဘက်နေ တစ်နေတယ် ခက်ခဲနေတယ် လွယ်လွယ်ကူကူ မရဘူးဖြစ်နေရင် ဒီနည်းက ပိုပြီး မြန်မြန်ဆန်ဆန် လွယ်လွယ်ကူကူ ရမှာဖြစ်ပါတယ်။ ထို့အတူပဲ ကြွေးအပူတွေရှိနေတာ အလုပ်အတွက်ခက်ခဲနေတာ အိမ်ထောင်ရေးအဆင်မပြေတာတွေအတွက်လဲ အထောက်အကူဖြစ်စေပါတယ်။

ဖန်ခွက်တစ်ခွက်ထဲ ရေခဲတုံးလေးများထည့်ပါ။  ရေထည့်ပါ။ မည်သည့်နေ့တွင်မဆို    ည ၉နာရီတွင် ထိုသောက်တော်ရေကို ဘုရားလှူပါ။ ***လောကဝိဒူ***ဟု   အကြိမ် (၂၇၀) ရွတ်ပါ။ မိမိအခက်အခဲ ၁ခုကို  သစ္စာပြု ဆုတောင်းပါ။ ထိုပုံစံအတိုင်း  (၉)ညတိတိလှူပါ။ သင်၏ အခက်အခဲကို ကူညီမည့်သူ   ပေးကမ်းမည့်သူ  အဆင်ပြေစေသောသူ ပေါ်ပေါက်လာပါလိမ့်မည်။

တဖက်က ကုသိုလ်လည်းရမယ် တဖက်ကအားဖြင့် လောကီယတြာအရလည်းဘဲ ဆောင်ရွက်ပြီးသား ဖြစ်ပါတယ်။ ဒါဆိုရင် မိမိတို့ ငွေကြေးကိစ္စလေးတွေ ပိုပြီးတော့ အဆင်ပြေပြီး အောင်မြင်မှုတွေ ရရှိမှာ ဖြစ်ပါတယ်။ အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ ခင်ဗျာ့။

ဆရာစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..