လိုတိုင်းတရစေပြီး အလုပ်အကိုင်အကြံအစည်တွေ အောင်မြင်စေတဲ့ ပုတီးစိပ်နည်း
lotaya.mpt.com.mm
|
2024-07-31

အခုတင်ပြမှာကတော့ ယတြာကဏ္ဍအနေနဲ့ အပြိုင်အဆိုင်တွေ ၊ အတိုက်အခိုက်တွေ ၊ ယှဉ်ပြိုင်မှုတွေမှာ အောင်မြင်အောင် ပြုလုပ်တဲ့နည်းလေးကို တင်ပြချင်ပါတယ်။ ဒီယတြာက ငွေကြေးတွေ အများကြီး သုံးဖို့မလိုသလို သူတပါးကိုလည်း ဒုက္ခပေးတဲ့ ယတြာမျိုးလည်း မဟုတ်ပါဘူး။ အခုပြုလုပ်ရမယ့် ယတြာနည်းကတော့ လိုတိုင်းတရစေတဲ့ ပုတီးစိပ်နည်းကို စိပ်ပြီး မိမိက မြတ်စွာဘုရားမှာ ရှိခိုးဆုတောင်းရမှာ ဖြစ်ပါတယ်။

စီးပွားရေး ကိစ္စများ အဆင်ပြေချင်ရင်၊ ငွေကံ ကြေးကံတွေ ပွင့်လန်းချင်ရင်၊ အနှောင့်ယှက်တွေလည်း ကင်းဝေးချင်ရင်၊ လိုချင်နေတဲ့ အလုပ်ရပြီး ဘဝ မှာ တည်ငြိမ် အေးချမ်းချင်ရင်၊ အစစ အရာရာ အောင်မြင် ချောမွေ့ကာ အဆင်ပြေစေချင်ရင် ဂုဏ်တော် ( ၉ ) ပါး ကို ( ၁၀၈ ) လုံး ပုတီး ဖြင့် ပုတီး ( ၁၀ ) ပတ် နေ့စဉ် စိပ်ပါ ။ စ"စိပ် ရမယ့် အချိန် နဲ့ ရက် ကတော့ မိမိ၏ မွေးရက် ည ( ၉း၁၅ မှ ၁၀း၁၅ ) မှာ

ဖယောင်းတိုင် မီးလေး ပူဇော်ပြီး စ စိပ်ပါ ။

ဂုဏ်တော် ( ၉ ) ပါး  ပုတီး ( ၁၀ ) ပတ် စိပ်နည်း

*******************

၁ ။ အရဟံ  ( ၁ ပတ် ) ။

၂ ။ သမ္မာ သမ္ဗုဒ္ဓေါ ( ၁ ပတ် ) ။

၃ ။ ဝိဇ္ဇာ စရဏ သမ္ပန္နော ( ၁ ပတ် ) ။

၄ ။ သုဂတော ( ၁ ပတ် ) ။

၅ ။ လောကဝိဒူ ( ၁ ပတ် ) ။

၆ ။ အနုတ္တရော ( ၁ ပတ် ) ။

၇ ။ ပုရိသဓမ္မသာရထိ ( ၁ ပတ် ) ။

၈ ။ သတ္တာ ဒေဝ မနုဿာနံ ( ၁ ပတ် ) ။

၉ ။ ဗုဒ္ဓေါ ( ၁ ပတ် ) ။

၁၀ ။ ဘဂဝါ ( ၁ ပတ် ) ။

ဤကဲ့သို့ တစ်နေ့လျှင် ပုတီး ၁၀ ပတ် အချိန်မှန် နေရာမှန် နေ့စဉ် စိပ်ပေးပါ ။သိသိသာသာ ထူးခြားလာပါလိမ့်မည် ။ ဘုန်းကံကြီးမားချင်ရင်တော့ ... မနက် ( ၁၀ ) ပတ် ၊ နေ့လည် ( ၁၀ ) ပတ် ၊ ည ( ၁၀ ) ပတ် စိပ်ပေးပါ ။ လွန်စွာ အကျိုးပေးမြန်ကာ အစွမ်းထက်သော ကျေးဇူးတော်ရှင် ဗန်းမော်ဆရာတော်ဘုရားကြီး၏ ပုတီးစိပ်နည်း ဖြစ်ပါတယ်။ မိမိတို့လုပ်ကိုင်ဆောင်ရွက်တဲ့ကိစ္စလေးတွေမှာ အထောက်အပံ့တွေဖြစ်ပြီး ကိုယ်လုပ်မယ့်ကိစ္စတွေမှာ အောင်အောင်မြင်မြင်နဲ့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

အားလုံးကျန်းမာချမ်းသာ၍ လိုရာဆန္ဒပြည့်ဝကြပါစေ ခင်ဗျာ့။

ဆရာဉီးစိုးနိုင် (မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့)

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_horoscope




Some text some message..