နှင်းဆီပွင့်လေးတွေ ရွေးချယ်ပြီး ကိုယ့်ရဲ့ စိတ်နေစိတ်ထား ဆန်းစစ်ကြည့်ရအောင်
lotaya.mpt.com.mm
|
2019-01-12




နှင်းဆီပွင့်လေးတွေ ရွေးချယ်ပြီး ကိုယ့်ရဲ့ စိတ်နေစိတ်ထား ဆန်းစစ်ကြည့်ရအောင်

နှင်းဆီဆိုတာ ကမ္ဘာမှာ ထင်ရှားလူသိများတဲ့ ပန်းတစ်မျိုးပါပဲ၊ ဒီလိုကျော်ကြားရခြင်းက လှပမှုတစ်ခုတည်းကြောင့်မဟုတ်ဘဲ ဆေးဖက်ဝင်မှု၊အလှကုန်ပစ္စည်းတွေမှာအသုံးချနိုင်မှုအစရှိတဲ့အသုံးဝင်မှုပေါင်းများစွာကြောင့် နာမည်ကျော်ရတာဖြစ်ပါတယ်။ ပြီးတော့ ဒီနှင်းဆီလေးတွေက သင့်ရဲ့အတွင်း စိတ်အနေအထားကို ညွှန်းဆိုပြသပေးနိုင်ပါသေးတယ်၊အောက်မှာဖော်ပြပေးထားတဲ့ နှင်းဆီပွင့်လေးတွေထဲက နှစ်သက်ရာပုံတစ်ခုကို ရွေးချယ်လိုက်ပါ၊ သင်ရွေးချယ်လိုက်တဲ့ နှင်းဆီပွင့်ပုံပေါ်မူတည်ပြီး သင်ဟာ ဘယ်လိုလူစားလဲဆိုတာကို ပြောပြပေးနိုင်မှာပါတဲ့။ ကဲ ဒီတော့ ကိုယ်တိုင်က သတိမထားမိလိုက်တဲ့အချက်တွေ ကိုယ့်ရဲ့အတွင်းစိတ်မှာ ကိန်းအောင်နေလားဆိုတာကို နှင်းဆီပွင့်လေးက တဆင့် လေ့လာဆန်းစစ်ကြည့်ရအောင်နော်။

နံပါတ် ၁ နှင်းဆီပွင့် - နံပါတ် ၁ နေရာမှာရှိနေတဲ့ နှင်းဆီပွင့်ကိုရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာစွမ်းအင်ပြည့်ဝပြီး သွက်လက်ဖြတ်လတ်သူတစ်ဦးပါ။ နေ့စဉ်နဲ့အမျှ လုပ်ဆောင်စရာအများအပြားသင့်မှာ တန်းစီရှိနေပါလိမ့်မယ်။ တစ်ခါတစ်လေမှာအနားယူဖို့ကိုတောင် မေ့နေလောက်တဲ့အထိအလုပ်အပေါ်အာရုံစိုက်၊အားထုတ်လွန်းသူပါပဲ။ ဒါပေမယ့်အလုပ်အတွက်အားအင်တွေအပြည့်အဝရှိနိုင်ဖို့ တစ်ခါတစ်ရံမှတော့ မဖြစ်မနေအနားယူပေးသင့်ပါတယ်။ ကဲဒီတော့အခုပဲအလုပ်စားပွဲကနေ ခေတ္တခဏအနားယူပြီး လမ်းထွက်လျှောက်လိုက်ပါဦးလို့အကြံပြုပါရစေ။

နံပါတ် ၂ နှင်းဆီပွင့် - နံပါတ် ၂ နေရာမှာ ရှိနေတဲ့ နှင်းဆီပွင့်ကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ မိသားစုအရေးကို ဦးစားပေးလွန်းတဲ့သူပါပဲ။ တစ်ခါတစ်ရံမှာ သင့်ရဲ့အချိန်တွေ၊ စွမ်းအင်တွေအားလုံးကို မိသားစုအတွက်ပေးထားတတ်လို့ သင့်အတွက်သင် မေ့နေတတ်ပါတယ်။ ဒီတော့ သတိပြုရမှာက သင်ဖြစ်ချင်၊ လုပ်ချင်တာတွေနဲ့ သင်ကိုယ်တိုင်အတွက်ကိုလည်း ပြန်ပြီး တွေးပေးဖို့လိုအပ်တယ်ဆိုတာပါပဲ။

နံပါတ် ၃ နှင်းဆီပွင့် - နံပါတ် ၃ နေရာမှာ ရှိနေတဲ့ နှင်းဆီပွင့်ကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာအလွယ်တကူစိတ်လှုပ်ရှားတတ်ပြီး စိတ်ခံစားချက် ပြင်းထန်သူတစ်ဦးပါပဲ။ တစ်ခါတစ်ရံမှာ သင့်အတွင်းစိတ်ထဲ မကောင်းတဲ့ စိတ်ခံစားချက်တွေကို နေရာပေးလွန်းတာကြောင့် သင်ဟာ ဘယ်လောက်အထိ လှပပြီးအရည်အချင်း ရှိတယ်ဆိုတာကို ကိုယ်တိုင် သတိမပြုမိပဲ ဖြစ်နေတတ်ပါတယ်။

နံပါတ် ၄ နှင်းဆီပွင့် - နံပါတ် ၄ နေရာမှာ ရှိနေတဲ့ နှင်းဆီပွင့်ကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ စွမ်းအင်ပြည့်ဝသူဖြစ်ပြီးအမြဲလိုအသစ်အဆန်းတွေကို ပြုလုပ်ဖို့အားသန်နေသူဖြစ်ပါတယ်။အသစ်အသစ်တွေကိုပဲအားသန်နေတဲ့အတွက် လက်ရှိလုပ်နေတဲ့အလုပ်တွေကို မပြီးပြတ်နိုင်တာမျိုး ဖြစ်တတ်လို့ သတိပြုရမှာပါ။ သင့်အနေနဲ့ ဘဝမှာအခုထက်ပို စိတ်ရှည်သည်းခံပြီး ပိုတည်ငြိမ်သင့်ပါတယ်။

နံပါတ် ၅ နှင်းဆီပွင့် - နံပါတ် ၅ နေရာမှာ ရှိနေတဲ့ နှင်းဆီပွင့်ကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာအနာဂတ်ကိုပဲ လှမ်းမျှော်လင့်နေပြီး၊ လက်ရှိအနေအထားကို မေ့နေတတ်သူ တစ်ဦးပါပဲ၊ မဖြစ်လာသေးတဲ့အရာကို လှမ်းပြီး စိတ်ကူးယဉ်နေတာထက် လက်ရှိအနေအထားပေါ်မှာ ဘယ်လိုအကောင်းဆုံး ရယူနိုင်မလဲဆိုတာကိုပဲ သတိပြုသင့်ပါတယ်။ ဘဝမှာ လက်တွေ့နဲ့အနာဂတ်ဘဝ မျှတအောင် နေထိုင်တတ်ဖို့ ဆင်ခြင်ရမှာဖြစ်ပါတယ်။

နံပါတ် ၆ နှင်းဆီပွင့် - နံပါတ် ၆ နေရာမှာ ရှိနေတဲ့ နှင်းဆီပွင့်ကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာအရမ်းကိုအလုပ်ကြိုးစားသူအလုပ်မက်သူတစ်ဦးပါပဲ။ ဘယ်အရာကို ဘယ်လိုအောင်မြင်အောင် ရယူရမယ်ဆိုတာကိုလည်း သင်ကောင်းကောင်း သိထားတာဖြစ်ပါတယ်။

Ref: wakeupyourmind




Some text some message..