ခန္ဓာကိုယ်ပေါ်က မှဲ့တွေက ဘာတွေကိုရည်ညွှန်းလဲ?
trend.com.mm
|
2019-01-24




မှဲ့တွေနဲ့ပတ်သက်လု့ိ ကံကောင်းတဲ့မှဲ့၊ချမ်းသာမယ့်မှဲ့၊ပင်ပန်းဇာတာပါတဲ့မှဲ့ စသဖြင့်သင်ကြားဖူးပါလိမ့်မယ်။အခုပြောပြပေးမယ့်အကြောင်းအရာကလည်းဘယ်နေရာမှာမှဲ့ပါရင် ဘယ်လိုလူမျိုးဖြစ်တယ်၊ဘယ်လိုကံဇာတာမျိုးဖြစ်တယ်ဆိုတာအကြမ်းဖျင်းလေ့လာထားတဲ့တွေ့ရှိချက်တွေပဲဖြစ်ပါတယ်။
လေ့လာတွေ့ရှိထားချက်တွေအရ….


*နဖူးပေါ်ကမှဲ့
နဖူးအလည်တည့်တည့်မှာ မှဲ့ပါတယ်ဆိုရင်အဲ့ဒီသူဟာ ဉာဏ်ပညာရှိတယ်လို့ပြသနေတာပါ။မှဲ့ပိုင်ရှင်ဟာ စိတ်သဘောထားကြည်လင်ပြီး သွက်လက်တက်ကြွမှုရှိတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဒါကြောင့် နဖူးအလည်မှာမှဲ့ပိုင်ဆိုင်ထားတဲ့သူဟာ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုလည်းတည်ဆောက်နိုင်မယ့်သူလို့ ပြသနေပါတယ်။နဖူးရဲ့ညာဘက်မှာ မှဲ့ပါတယ်ဆိုရင်တော့ သူဟာ စီးပွားရေးလုပ်ငန်းမှာဖြစ်စေ၊အိမ်ထောင်ရေးမှာဖြစ်စေ လက်တွဲဖော်ကောင်းတစ်ယောက်လို့ပြသနေပါတယ်။နဖူးရဲ့ဘယ်ဘက်မှာမှဲ့ပါတယ်ဆိုရင်တော့ သူမရဲ့ကံဟာ ထင်သလောက်အကောင်းကြီးမဟုတ်ပဲ သာမန်ပဲလို့ဖော်ပြနေပါတယ်။


*မျက်ခုံးပေါ်ကမှဲ့
မျက်ခုံးညာဘက်မှာမှဲ့ပါရင် ဒါကအောင်မြင်မယ်။အချစ်ရေးကံကောင်းမယ်။သားသမီးကံကောင်းမယ်။စီးပွားရေးကံကောင်းမယ်လို့ ပြသနေပြီးဘယ်ဘက်မှာမှဲ့ပါရင်တော့ ဘဝကအနည်းငယ်ကြမ်းတမ်းမှုတွေကြုံတွေ့ရနိုင်တယ်လို့ဖော်ပြနေပါတယ်။








*မျက်လုံးထောင့်ကမှဲ့
မျက်လုံးဘယ်ဘက်ဖြစ်စေ၊ညာဘက်ဖြစ်စေ မျက်လုံးထောင့်မှာမှဲ့ပါတဲ့သူတွေဟာ ရိုးသားမှုရှိပြီး တစ်ခြားသူအပေါ်သစ္စာရှိတဲ့သူ၊ယုံကြည်အားကိုးရလောက်တဲ့သူလို့ ဖော်ပြနေပါတယ်။


*နားရွက်မှာပါတဲ့မှဲ့
နားရွက်မှာ မှဲ့ပါတဲ့သူတွေဟာ ငွေရေးကြေးရေးအဆင်ပြေတယ်လို့ဖော်ပြနေတာပါ။ဒါပေမဲ့ နားရွက်အောက်ဘက်နားမှာ မှဲ့ပါရင် ရေနဲ့အနီးတစ်ဝိုက်ကို သေချာဂရုစိုက်သင့်ပါတယ်။


*နှုတ်ခမ်းပေါ်ကမှဲ့
နှုတ်ခမ်းမှာမှဲ့ပါရင် မှဲ့ပိုင်ရှင်ဟာ ကျန်းမာရေးနဲ့ညီညွတ်မျှတအောင်နေထိုင်သင့်တယ်လို့ဖော်ပြနေပါတယ်။ကျန်းမာရေးကိုဂရုမစိုက်ရင် သူတို့ရဲ့ ဘဝမှာ ကျန်းမာရေးပြဿနာအနည်းနဲ့အများကြုံတွေ့ရနိုင်ပါတယ်တဲ့။








*မျက်ရစ်ပေါ်ကမှဲ့
ညာဘက်မျက်ရစ်မှာ မှဲ့ပါတဲ့သူတွေဟာ ဘက်ဘက်မျက်ရစ်မှာမှဲ့ပါတဲ့သူတွေထက် ပိုပြီးစိတ်ခံစားလွယ်တယ်၊စိတ်ထိခိုက်လွယ်တယ်။စိတ်ပျော့ပျောင်းလွယ်တယ်လို့ဖော်ပြနေပါတယ်။


*နှာခေါင်းပေါ်ကမှဲ့
နှာခေါင်းပေါ်မှာ မှဲ့ပါရင် ဒါက မှဲ့ပိုင်ရှင်ရဲ့ဘဝဟာအေးချမ်းသာယာတဲ့ဘဝလို့ဖော်ပြနေပါတယ်။ဒီလိုမှဲ့ပိုင်ရှင်အများစုဟာ ငွေကြေးပြည့်စုံကြတယ်လို့လည်းသိရပါတယ်။








*ရင်ဘတ်နားကမှဲ့
ရင်ဘတ်အလည်တည့်တည့်မှာမှဲ့ပါရင် ဒါက သင့်မှာအေးချမ်းသာယာတဲ့ဘဝရှိတယ်လို့ဖော်ပြနေတာပါ။ဒီလိုရင်ဘတ်နားတစ်ဝိုက်မှဲ့ပါတဲ့ယောကျ်ားလေး၊မိန်းကလေးတွေဟာ ကံကောင်းပြီးအဆင်ပြေတဲ့ဘဝမျိုးကိုပိုင်ဆိုင်ကြတာများပါတယ်။


*ခါးပေါ်ကမှဲ့
ခါးရဲ့ဘယ်နေရာမဆို မှဲ့ရှိနေရင် မှဲ့ပိုင်ရှင်ဟာအမြဲတမ်းပြဿနာတွေ၊အခက်အခဲတွေကြုံနေရသူဖြစ်ပါတယ်တဲ့။


*ခြေဖဝါးပေါ်ကမှဲ့
ခြေဖဝါးမှာမှဲ့ပါရင်တော့ ဘဝက ကံကောင်းပါတယ်။ခရီးတွေလည်းအများကြီးထွက်ရတဲ့သူဖြစ်တယ်လို့ဖော်ပြနေပါတယ်။ညာဘက်မှာ မှဲ့ပါရင်တော့ သင်သွားတဲ့ခရီးတိုင်းဟာအဆင်ပြေချောမွေ့၊အကျိုးကျေးဇူးတွေအများကြီးရမှာဖြစ်ပြီး ဘယ်ဘက်မှာမှဲ့ပါရင်တော့ သင်သွားတဲ့ခရီးတွေဟာ
ထင်သလောက်အဆင်မပြေဘူး၊ခရီးပန်းပြီးပျော်ရွှင်မှုအပြည့်အဝမရရှိဘူးလို့ဖော်ပြနေပါတယ်။

တကယ်လို့ မှဲ့တွေက လိုအပ်တာထက်ပိုပြီးကြီးလာတယ်။မှဲ့တွေကြောင့် နာကျင်နေရတယ်ဆိုရင် ဆရာဝန်နဲ့ပြသကြည့်ဖို့ မမေ့နဲ့နော်







Ref:dailyhunt/mysticlivingtoday

Unicode


မှဲ့တွေနဲ့ပတ်သက်လို့ ကံကောင်းတဲ့မှဲ့၊ချမ်းသာမယ့်မှဲ့၊ပင်ပန်းဇာတာပါတဲ့မှဲ့ စသဖြင့်သင်ကြားဖူးပါလိမ့်မယ်။အခုပြောပြပေးမယ့်အကြောင်းအရာကလည်းဘယ်နေရာမှာမှဲ့ပါရင် ဘယ်လိုလူမျိုးဖြစ်တယ်၊ဘယ်လိုကံဇာတာမျိုးဖြစ်တယ်ဆိုတာ အကြမ်းဖျင်းလေ့လာထားတဲ့တွေ့ရှိချက်တွေပဲဖြစ်ပါတယ်။
လေ့လာတွေ့ရှိထားချက်တွေအရ….


*နဖူးပေါ်ကမှဲ့
နဖူးအလည်တည့်တည့်မှာ မှဲ့ပါတယ်ဆိုရင် အဲ့ဒီသူဟာ ဉာဏ်ပညာရှိတယ်လို့ပြသနေတာပါ။မှဲ့ပိုင်ရှင်ဟာ စိတ်သဘောထားကြည်လင်ပြီး သွက်လက်တက်ကြွမှုရှိတဲ့သူတစ်ယောက်လညး်ဖြစ်ပါတယ်။ဒါကြောင့် နဖူးအလည်မှာမှဲ့ပိုင်ဆိုင်ထားတဲ့သူဟာ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုလည်းတည်ဆောက်နိုင်မယ့်သူလို့ ပြသနေပါတယ်။နဖူးရဲ့ညာဘက်မှာ မှဲ့ပါတယ်ဆိုရင်တော့ သူဟာ စီးပွားရေးလုပ်ငန်းမှာဖြစ်စေ၊အိမ်ထောင်ရေးမှာဖြစ်စေ လက်တွဲဖော်ကောင်းတစ်ယောက်လို့ပြသနေပါတယ်။နဖူးရဲ့ဘယ်ဘက်မှာမှဲ့ပါတယ်ဆိုရင်တော့ သူမရဲ့ကံဟာ ထင်သလောက်အကောင်းကြီးမဟုတ်ပဲ သာမန်ပဲလို့ဖော်ပြနေပါတယ်။


*မျက်ခုံးပေါ်ကမှဲ့
မျက်ခုံးညာဘက်မှာမှဲ့ပါရင် ဒါက အောင်မြင်မယ်။အချစ်ရေးကံကောင်းမယ်။သားသမီးကံကောင်းမယ်။စီးပွားရေးကံကောင်းမယ်လို့ ပြသနေပြီးဘယ်ဘက်မှာမှဲ့ပါရင်တော့ ဘဝက အနည်းငယ်ကြမ်းတမ်းမှုတွေကြုံတွေ့ရနိုင်တယ်လို့ဖော်ပြနေပါတယ်။


*မျက်လုံးထောင့်ကမှဲ့
မျက်လုံးဘယ်ဘက်ဖြစ်စေ၊ညာဘက်ဖြစ်စေ မျက်လုံးထောင့်မှာမှဲ့ပါတဲ့သူတွေဟာ ရိုးသားမှုရှိပြီး တစ်ခြားသူအပေါ်သစ္စာရှိတဲ့သူ၊ယုံကြည်အားကိုးရလောက်တဲ့သူလို့ ဖော်ပြနေပါတယ်။


*နားရွက်မှာပါတဲ့မှဲ့
နားရွက်မှာ မှဲ့ပါတဲ့သူတွေဟာ ငွေရေးကြေးရေးအဆင်ပြေတယ်လို့ဖော်ပြနေတာပါ။ဒါပေမဲ့ နားရွက်အောက်ဘက်နားမှာ မှဲ့ပါရင် ရေနဲ့အနီးတစ်ဝိုက်ကို သေချာဂရုစိုက်သင့်ပါတယ်။


*နှုတ်ခမ်းပေါ်ကမှဲ့
နှုတ်ခမ်းမှာမှဲ့ပါရင် မှဲ့ပိုင်ရှင်ဟာ ကျန်းမာရေးနဲ့ညီညွတ်မျှတအောင်နေထိုင်သင့်တယ်လို့ဖော်ပြနေပါတယ်။ကျန်းမာရေးကိုဂရုမစိုက်ရင် သူတို့ရဲ့ ဘဝမှာ ကျန်းမာရေးပြဿနာ အနည်းနဲ့အများကြုံတွေ့ရနိုင်ပါတယ်တဲ့။


*မျက်ရစ်ပေါ်ကမှဲ့
ညာဘက်မျက်ရစ်မှာ မှဲ့ပါတဲ့သူတွေဟာ ဘက်ဘက်မျက်ရစ်မှာမှဲ့ပါတဲ့သူတွေထက် ပိုပြီးစိတ်ခံစားလွယ်တယ်၊စိတ်ထိခိုက်လွယ်တယ်။စိတ်ပျော့ပျောင်းလွယ်တယ်လို့ဖော်ပြနေပါတယ်။


*နှာခေါင်းပေါ်ကမှဲ့
နှာခေါင်းပေါ်မှာ မှဲ့ပါရင် ဒါက မှဲ့ပိုင်ရှင်ရဲ့ဘဝဟာ အေးချမ်းသာယာတဲ့ဘဝလို့ဖော်ပြနေပါတယ်။ဒီလိုမှဲ့ပိုင်ရှင်အများစုဟာ ငွေကြေးပြည့်စုံကြတယ်လို့လည်းသိရပါတယ်။


*ရင်ဘတ်နားကမှဲ့
ရင်ဘတ်အလည်တည့်တည့်မှာမှဲ့ပါရင် ဒါက သင့်မှာ အေးချမ်းသာယာတဲ့ဘဝရှိတယ်လို့ဖော်ပြနေတာပါ။ဒီလိုရင်ဘတ်နားတစ်ဝိုက်မှဲ့ပါတဲ့ယောကျ်ားလေး၊မိန်းကလေးတွေဟာ ကံကောင်းပြီးအဆင်ပြေတဲ့ဘဝမျိုးကိုပိုင်ဆိုင်ကြတာများပါတယ်။


*ခါးပေါ်ကမှဲ့
ခါးရဲ့ဘယ်နေရာမဆို မှဲ့ရှိနေရင် မှဲ့ပိုင်ရှင်ဟာ အမြဲတမ်းပြဿနာတွေ၊အခက်အခဲတွေကြုံနေရသူဖြစ်ပါတယ်တဲ့။


*ခြေဖဝါးပေါ်ကမှဲ့
ခြေဖဝါးမှာမှဲ့ပါရင်တော့ ဘဝက ကံကောင်းပါတယ်။ခရီးတွေလည်းအများကြီးထွက်ရတဲ့သူဖြစ်တယ်လို့ဖော်ပြနေပါတယ်။ညာဘက်မှာ မှဲ့ပါရင်တော့ သင်သွားတဲ့ခရီးတိုင်းဟာ အဆင်ပြေချောမွေ့၊အကျိုးကျေးဇူးတွေအများကြီးရမှာဖြစ်ပြီး ဘယ်ဘက်မှာမှဲ့ပါရင်တော့ သင်သွားတဲ့ခရီးတွေဟာ
ထင်သလောက်အဆင်မပြေဘူး၊ခရီးပန်းပြီးပျော်ရွှင်မှုအပြည့်အဝမရရှိဘူးလို့ဖော်ပြနေပါတယ်။

တကယ်လို့ မှဲ့တွေက လိုအပ်တာထက်ပိုပြီးကြီးလာတယ်။မှဲ့တွေကြောင့် နာကျင်နေရတယ်ဆိုရင် ဆရာဝန်နဲ့ပြသကြည့်ဖို့ မမေ့နဲ့နော်

Ref:dailyhunt/mysticlivingtoday




Some text some message..