သင့်အရေးမစိုက်ဘဲ မနေသင့်တဲ့အိပ်မက် (၅) ချက် –အပိုင်း (၂)
shwemom.com
|
2019-01-25




အခု ဖော်ပြပေးချင်တာကတော့

အကြောင်းဖြစ်ပါတယ်….

သင့်အနေနဲ့ ဒီလိုအိပ်မက်တွေကြုံဖူးတယ်ဆိုရင် ကိုယ့်ရဲ့အတွေ့အကြုံတွေကိုလည်း မျှဝေပေးခဲ့ပါဦးနော်….

၆။ ကမ္ဘာပျက်တာ၊ ကပ်ဘေးဆိုက်တာ



brightside

လူတွေဟာ ကိုယ့်ဘဝအတွက် ကိုယ် ကြောက်လန့်တဲ့ သဘာဝအန္တရာယ်တွေ၊ လူသားတို့ဖန်တီးတဲ့ ကပ်ဘေးတွေနဲ့ ပတ်သက်ပြီးအိပ်မက်မက်တတ်ကြတယ်။ ဒါက လက်တွေ့ဘဝထဲက ထိန်းသိမ်းလို့မရတဲ့ ပုဂ္ဂိုလ်ရေး ပြဿနာတွေကြောင့်ဖြစ်စေ၊ တစ်စုံတစ်ရာရဲ့ ခြောက်လန့်မှုတွေကို ခံစားနေရတာကြောင့် ဖြစ်စေ မက်တတ်ပါတယ်။ နောက်တစ်ချက်ကအကြမ်းဖက်မှုတွေ၊ ကပ်ဘေးတွေနဲ့ ပတ်သက်တဲ့ သတင်းတွေ ပူးနွေးနွေး ကြားသိရပြီးတဲ့နောက် စိတ်စွဲပြီးလည်း မက်တတ်တယ်။ ဒီလို မြင်မက်ပြီးတဲ့အခါမှာလည်းအားငယ်မှုတွေကို ခံစားရပြီး ကျန်ခဲ့ရလေ့ရှိတယ်။

အိပ်မက်ဆိုးတွေ မက်နေတဲ့အခါမှာအော်ဟစ်ဖို့ကြိုးစားပေမယ့်အသံမထွက်ဘူးဖြစ်နေတာမျိုးလည်း ကြုံဖူးကြမယ်ထင်ပါတယ်။ ဒါကြောင့်နဲ့ ပိုကြောက်လန့်လာရတာတောင်ရှိတယ်။ ဒါကို စိတ်ပညာရှင်တွေကအိပ်စက်နေစဉ် တုံ့ဆိုင်းသွားတာလို့ ရှင်းပြထားပါတယ်။အိပ်စက်ခြင်းရဲ့ နောက်ဆုံးအပိုင်းအခြား ဖြစ်တဲ့အိပ်မက်မက်တဲ့အချိန်မှာ ဦးနှောက်ဟာ ခန္ဓာကိုယ်ရှိအကြောတွေကို တုံံ့ဆိုင်းရပ်တန့်ထားပါတယ်။ ဒါကြောင့်အိပ်မက်ထဲမှာဆို ပြေးလို့မရ ခုန်လို့မရတွေ ဖြစ်တာပါ။ ဒီလို လက္ခဏာရှိတဲ့ သူတွေဟာ နောက်ဆုံးအခြေအနေ မပြီးဆုံးခင်မှာ နိုးလာတတ်ကြပြီးအိပ်စက်မှုနဲ့ လက်တွေ့ဖြစ်တည်မှု ကြားအခြေအနေကို ခဏလေးရောက်ရှိသွားတတ်တယ်။အဲ့ဒီလိုအချိန်မှာ လှုပ်လို့မရတာ၊ ပြောလို့မရတာ၊အသက်ရှုမဝတာတွေနဲ့ တွေ့ကြုံခံစားရတတ်ပါတယ်။



၇။ စက်ချို့ယွင်းတဲ့အိပ်မက်



brightside

တစ်ခုခုကိုအသုံးပြုဖို့ ကြိုးစားနေရင်းအဲ့ဒီအရာက ပျက်စီးသွားတာအိပ်မက်မျိုးပါ။ သုံးနေတဲ့ ဖုန်းက ရပ်သွားပြီး ဘယ်သူ့ကိုမှ ခေါ်လို့မရတာမျိုးပေါ့။ ဒီလိုအိပ်မက်မျိုးက ပတ်သက်ဆက်နွှယ်မှုတွေနဲ့ ဆက်စပ်လို့ ပူပန်းစိုးရိမ်နေရတာကြောင့်သော်လည်းကောင်း၊ တစ်စုံတစ်ယောက်နဲ့ ခံစားမှုဆိုင်ရာ ဆက်သွယ်မှုတွေ ပြတ်တောက်သွားတာကြောင့်သော်လည်းကောင်း မက်တတ်ပြီးအများအားဖြင့်အမျိုးသမီးတွေမှာ မက်လေ့ရှိကြပါတယ်။

ကားမောင်းဖို့ လုပ်တာအဆင်မပြေတာမျိုး၊ မောင်းနေရင်း ပျက်သွားတာမျိုးတွေလည်း ဒီ သဘောပါပဲ။အားကိုးရာ မဲ့နေပြီး ခက်ခဲတဲ့ ဘဝပေးအခြေအနေမှာ တစ်ယောက်တည်း မထိန်းနိုင် မသိမ်းနိုင် ဖြစ်နေမျိုးကြောင့်လည်း ဖြစ်တတ်တယ်။



၈။ ကိုယ်ဝန်ရှိခြင်း



brightside

အသံကြားတာနဲ့ စိတ်ထဲ တစ်မျိုးကြီးဖြစ်သွားမှာပဲ။ ဒီလိုအိမ်မက်မျိုးကအမျိုးသမီးတွေပဲ မက်တတ်တာမဟုတ်ပါဘူး။ စိတ်ပညာရှင် David Bedrick က ကိုယ်ဝန်ဆောင်ခြင်းသည် တစ်စုံတစ်ရာ ကိုယ့်မှာအသစ် တိုးတက် ပေါက်ဖွားလာဖို့ ရှိတယ်ဆိုတဲ့ နိမိတ်လို့ ဆိုပါတယ်။ မွေးဖွားတဲ့အိပ်မက်မျိုးဆိုရင်လည်း ကိုယ့်ရဲ့ လုပ်ငန်း၊ ပရောဂျက်အသစ်တွေကို ဖန်တီးနိုင်စွမ်းတွေ၊အခွင့်အလမ်းတွေ မြင့်မားလာမယ်လို့အဓိပ္ပာယ်ကောက်ယူနိုင်တယ်။ စာရေးတာက စလို့အိမ်ပြင်တာအထိ စတဲ့ ကိစ္စတွေအောင်မြင်နိုင်တယ်။ ဒီလို မက်ပြီဆိုရင် ရည်မှန်းချက်အတွက် ပြင်ဆင်ဖို့အချိန်ကျပြီဆိုတာကို သတိရဖို့လိုပြီး ကိုယ်ဘာဆိုတာကို ပြသရမယ့်အချိန်လို့ မှတ်ယူရပါမယ်။

သားသမီးယူဖို့ ဆန္ဒရှိတဲ့သူတွေဆိုရင်လည်း ဒီလိုအိပ်မက်မက်ပြီးရင် ကြိုးစားသင့်ပါတယ်။



၉။ နောက်ကျခြင်း



brightside

အိပ်မက်ထဲမှာ ကားနောက်ကျသွားတာ၊ ရထားနောက်ကျသွားတာ၊အရေးကြီးတဲ့ တစ်စုံတစ်ရာအတွက် ပြေးလွှားနေရတာမျိုး မကြာခဏ မက်တတ်ကြပါတယ်။ ကိုယ့်ရဲ့ ပတ်သက်ဆက်နွှယ်မှုတစ်ခုရဲ့အရေးပါတဲ့ တစ်စုံတစ်ရာအပေါ် ကြောက်လန့်နေတာ၊ ကိုယ့် သားသမီးရဲ့ နောင်ရေးကို ရင်လေးနေတာ စတာတွေကြောင့် မက်လေ့ရှိတယ်။ တကယ်လို့ သင်က တစ်ခုခုကြောင့် ယိမ်းယိုင်ပြီး ကိစ္စတွေကို ပြီးမြောက်ဖို့အချိန်မရှိဘူးဖြစ်နေတယ်ဆိုရင် သင့်အနေနဲ့ လက်ရှိ လုပ်ဆောင်ရန်တွေကို ပြန်လည် သုံးသပ်ကြည်ဖို့အတွက်အချိန်ကျနေပြီ ဖြစ်ပြီး တကယ်အရေးကြီးတာတွေအတွက်အချိန်ပေးဖို့လိုနေပြီးဆိုတာကိုအချက်ပေးနေတယ်လို့ မှတ်ယူလို့ရပါတယ်။



၁၀။အခန်းတစ်ခန်း



brightside

အခန်းအသစ်တွေကို မြင်မက်တာဟာ ကိုယ့်ရဲ့ ပင်ကိုအသိနဲ့ သက်ဆိုင်တယ်။အိပ်မက်ထဲမှာ ဘယ်ကမှန်းမသိတဲ့အိမ်ထဲကအခန်းကို ရောက်နေခဲ့တယ်ဆိုရင် သင်က သင့်ကိုယ်သင် ကောင်းကောင်းနားမလည်းသေးဘဲ ကိုယ်ရဲ့ တခြားသော ပင်ကိုစရိုက်အပိုင်းအကန့်တွေကို လစ်လျူရှုထားဖို့ ကြိုးစားနေတာကြောင့်လို့အဓိပ္ပာယ်ကောက်လို့ရပါတယ်။အိပ်မက်ထဲက လွတ်နေတဲ့အခန်းတွေ၊ စိမ်းနေတဲ့အခန်းတွေက သင့်မမြင်တွေ့တဲ့ ပုန်းလျှိုးနေတဲ့အရည်အချင်းတွေ၊ ထူးချွန်မှုတွေ၊အခွင့်အလမ်းတွေပဲ ဖြစ်တယ်။

အဲ့ဒီမှာ တစ်ချို့သောအခန်းတွေက ကြိမ်းသေတဲ့ ပြောင်းလဲဖြစ်စဉ်တွေနဲ့ ဝိုးတဝါးဆက်နွှယ်နေတယ်လို့ စိတ်ပညာရှင် Eddie Traversa က ဆိုပါတယ်။ မီးဖိုးချောင်ကို မက်ရင် လက်ရှိမှာအတွင်းစည်ပြောင်းလဲမှုတွေဖြစ်ဖို့ရှိတယ်၊ ရေချိုးကို မက်ရင် မလိုလားအပ်တဲ့ ဝန်းတွေကို လွှတ်ချရမယ်၊ တနည်းအားဖြင့် ရေရှည်အတွက် မလိုအပ်တော့ တစ်စုံတစ်ရာကို လွှတ်ချဖို့အချိန်ကျပြီးဆိုတာကို ဖော်ပြနေတာဖြစ်တယ်။ ရေချိုးခန်းဟာ သန့်စင်ခြင်းရဲ့ သင်္ကေတဖြစ်လို့ ဒါဟာ လိုအပ်တဲ့ ကြည်စင်မှုကိုရရှိမယ်၊အမြင်တွေ ပြောင်းသွားမယ် စသဖြင့် ကောက်ယူနိုင်တယ်။အိပ်ခန်းကတော့ ချစ်မှုရေးရာပိုင်းမှာ သင် ပူပန်နေရတဲ့အရာတွေ ပတ်သက်ပြီး နိမိတ်ပြနေတာဖြစ်ပါတယ်။

Ref: Brightside

Matthew (ShweMOM)







Some text some message..