၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်း ( ၃-၂-၂၀၁၉ ) မှ ( ၉-၂-၂၀၁၉)အထိ
lotaya.mpt.com.mm
|
2019-02-03

၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း

ဗြဟ္မဏပုဏ္ဍားနက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့်လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၃-၂-၂၀၁၉ ) မှ ( ၉-၂-၂၀၁၉)အထိဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေသားသမီး

တနင်္ဂနွေသားသမီး ငွေအစုအခဲရပါမယ်။အဖိုးတန်ရတနာဝင်အံ့။အလုပ်အကိုင် ကောင်းအံ့။ သောကြာအကျိုးပေး၏။ ရည်ရွယ်ချက်များ ဆန္ဒပြည့်စုံအံ့။ စီပွားရေးအနေနဲ့ ကြောငြာလုပ်ငန်း၊ ဂီတတီထွင်မှုလုပ်ငန်း၊အိမ်ဆောက်ပစ္စည်းနှင့်အိမ်၊ခြံ၊မြေအရောင်းအဝယ်၊ ကုန်ပစ္စည်းသိုလှောင်၊ကုန်ကူး၊ ကုန်ရောင်း၊အလှကုန်ပစ္စည်းဖြန့်ချီခြင်းအလုပ်ဖြစ်၍ ငွေပေါ်အံ့။ ဗြဟ္မာရိုးရာ မိမိယုံကြည်ရာ နတ်ဒေဝတာများ ပူဇော်ပူပသခြင်း လာဘ်လာဘရွင်အံ့။ *၁.၁၀.၂၈*,*၃.၁၂.၂၁.၃၀.*,*၅.၁၄.၂၃*အထူးကံကောင်းပါမည်။

အချစ်ရေးနှင့်အိမ်ထောင်ရေး - ပျိုရွယ်သူများအချစ်ဟောင်းငယ်ဟောင်း သူငယ်ချင်းဟောင်း တွေ့ဆုံမယ်။ တစ်ဦးတစ်ယောက် မမြင်ဖူးအွန်လိုင်းချစ်သူများအပြင်မှာ တွေ့ဆုံရအံ့။အိမ်ထောင်ဘက်ရှင်အမျိုးသမီးများ မိသားစု သားသမီးများနှင့် မအားလတ်လုံးပတ်နေအံ့။ ပျော်ရွင်သာယာအံ။အိမ်ထောင်ရေ စန်းပွင့်၏ သဝန်တိုခံရမယ်။

ပညာရေး-အသင့်တင့်ကောင်း၏။ နိုင်ငံခြားဘာသာစာမေးဖြေများ၊အလုပ်အင်တာဗျူးအဆင်ပြေအံ့။

ကျန်းမာရေး-အသင့်တင့်ကောင်း၏။

အရှေမြောက်အရပ်အကျိုးပေး၏။ တောင်အရပ်စန်းပွင့်၏။ တနင်္လာအကျိုးမပေး။

မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဘုရားတွင် စတော်ဘယ်ရီအသီးလှူပြီးသွားပါ။

အကျိုးပေးဂဏန်း ➖ {၁-၈-၆}

အကျိုးပေးအရောင် ➖အပြာရောင်၊အညိုရောင်၊ ရှောင်ရန် ➖အနောက်တောင်

ဆောင်ရန် ➖ ဇွန်ပန်း သို့ ဇွန်၊ ဇီးအရွက် ဆောင်ပါ။

ယတြာ ➖ စားတော်ပဲဆွမ်းကပ်လှူပါ။

တနင်္လာသားသမီး

တနင်္လာသားသမီးအလုပ်အကိုင်အဆင်ပြေလာမည်။ ဘုရားတည်၊ ထီးတင်း၊ ရှင်ပြု၊အလှူတန်ပြုရအံ့၊၊သောကြာ၊ ကြာသပတေး၊ တနင်္ဂနွေသားသမီးအကျိုးပေး၏။အကြံအစည်းအောင်အံ့။အလုပ်အကိုင်စပ်တူဖြစ် ချမ်းသာသုခ တစ်ချီထဲအောင်အံ့။ သစ်၊မြေ၊ကျောက်အကျိုးထူး၍ စီပွားရေးအနေနဲ့အနုပညာလုပ်ငန်း၊ ပန်းချီ၊ ပန်တိမ်၊ ကုမ္ပဏီလုပ်ငန်း၊အစုရှယ်ယာဝင်၊ ရေတွင်းရေကန်တူးဖော်ခြင်းလုပ်ငန်းအကျိုးပေး၏။ လမ်းသွားလမ်းလာအထူးသတိထား သတ္တဝါရန်မှုခံရခြင်း၊ ထိခိုက်ဒဏ်ရအံ့၊အဆိပ်ထိတတ်။

ပညာရေး-ပညာရေးကောင်းပါမည်။ပညာရေးမှာအစိုးရပညာရေးနှင့် ခရီးဝေး ဌာနေပြောင်းရခြင်း၊နိင်ငံရပ်ခြား ပညာသင်ယူကြရကိန်းရှိ။

အချစ်ရေးနှင့်အိမ်ထောင်ရေး- ပျိုရွယ်သူများအနေဖြင့်အသွားအလာ၊အစားအသောက်အထူးသတိထားပါ။ တစ်ပါးသူ၏အကျွေးအမွေးမစားသင့်။ မိမိတို့၏ ချစ်ရေးရာတွင် တစ်ဖက်သတ်အချစ်ကြီး နှောက်ယှက်သူပေါ်လာတတ်လို့ပါ။အိမ်ထောင်ရေးအလုပ်နှင့်ပတ်သက်၍ လုံးပတ်နေလိမ့်မယ်။ မိသားစုကိုအချိန်ပေးပါ ၊ သာယာမည်။

ကျန်းမာရေး- မတည့်သည့်အစာများ ရှောင်ကြဉ်ပေးပါ။အစာအဆိပ်ဖြစ်အံ့။အခန့်မသင့် ဆေးရုံတက်ရအံ့။ဘေးမရှိ၊

အနောက်အရပ်အကျိုးပေး၏။တောင်အရပ်စန်းပွင့်၏။

မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဘုရားတွင် လိမ္မော်ရည်(၁)ဘူး လှူပြိးသွားပါ။

အကျိုးပေးဂဏန်း ➖ {၂-၅-၁}

အကျိုးပေးအရောင် ➖ နက်ပြာရောင်၊ ပန်းရောင်၊

ရှောင်ရန် ➖အရှေ့အရပ်

ဆောင်ရန် ➖ လိမ္မော်သီး သို့အရွက်ကိုင်းလက်တစ်ဆစ်

ယတြာ ➖ ဆမှုဆာ(၉)ခုဆွမ်းကပ်လှူပါ။

အင်္ဂါသားသမီး

အင်္ဂါသားသမီးများ မြေကြီးတူဖော်ရာ ထူးထူးခြားအရာဝတ္ထုများ တွေ့ရတတ်သည်။အထူး နတ်ပိုင်းဆိုင်ရာ မယုံကြည်ရင် နေ မစော်ကားမိပါစေနှင့်။ သူတပါးပစ္စည်းလက်မခံသင့်။ မိသားစုအကြီးအကဲ ကျန်းမာရေးချူချာမည်။အဖတ်မတင်။အကုန်အကျများမည်။ သူတစ်ပါးအပေါ် မှီခိုအားထားရန် မသင့်။ ကိုယ်ပိုင်မူနှင့် ဆုံးဖြတ်ထားသည့်အတိုင်းရှေ့တိုးလုပ်ပါ။ စီးပွားရေးအနေနဲ့ ရေတွင်းရေကန်၊အဝီစိတွင်းတူးခြင်း၊ ရေနံရှာဖွေ့ခြင်း လုပ်ငန်း၊အလှပြင်၊စက်ပစ္စည်းလုပ်ငန်းအကျိုးပေး၏။အိမ်ပြောင်း၊အခန်းပြောင်းရအံ့။အနောက်မြောက်အရပ်အသုဘရှိအစားအသောက်မစားနှင့်ပစ္စည်းပါလာခြင်း သတိပြုရမည်။ *၄.၁၃.၂၂.၃၁.*,*၆.၁၅.၂၄.*အထူးညံ့၏။

ပညာရေး-ကံဇာတာ ကောင်း၏။ ပြည်ပထွက်ရကိန်းရှိပြီးအလုပ်ရအံ့၊ ရာထူးတိုးအံ့။ နေရာအပြောင်းရှိ၊ စနေ့အထူးသတိထား။

အချစ်ရေးနှင့်အိမ်ထောင်ရေး- မေတ္တာရေးကိစ္စများတွင်အဆင်မပြေမှုများလွှမ်းမိုးမည်။အပြန်အလှန် စကားများရမည်။ ပဋိပက္ခဖြစ်ပေါ်မည်။အိမ်ထောင်ရေးအတွက် စိတ်ညစ်ရမည်။ ငွေအကြွေးတင်မည်။အလောင်းကစားအထူးရှောင်။အမျိုးသားများ၏ မှုးယစ်ပြောဆိုရိုက်ပုတ်ခြင်းခံရအံ့။

ကျန်းမာရေး- ကျန်းမာရေးမှာအသက်ရှူမဝ၊ရင်ဘက်အောင့်၊ ဦးခေါင်းရောဂါဝေဒနာ ခံစားရမည်။ ဥပါဒ်ဘေးမရှိပါ။

အရှေ့တောင်အရပ်အကျိုးပေး၏။ တောင်အရပ်စန်းပွင့်၏။

မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဘုရားတွင် လိမ္မော်သီး၊ ပန်းသီး၊ဖရဲသီး (၁)လုံးစီ လှူပြီးသွားပါ။

အကျိုးပေးဂဏန်း ➖ {၃-၂-ဝ}

အကျိုးပေးအရောင် ➖အဖြူရောင်၊အညိုရောင်၊

ရှောင်ရန် ➖အနောက်မြောက်အရပ်

ဆောင်ရန် ➖ ပန်းသီး

ယတြာ ➖အုန်းပေါင်းဆွမ်းကပ်လှူပါ။

ဗုဒ္ဓဟူးသားသမီး

ဗုဒ္ဓဟူးသားသမီးများ ဤလအစအကောင်းကြီး မဟုတ်ပါဘူး။အလုပ်ကိုထွင်ချဲ့ုပြိး လုပ်ချင်ပေမဲ့ လက်တွေ့မှာအဆက်မပြေသေးပါ၊အပြောင်းအလဲများရှိပါသည်။ လောင်းကစားနှင့်ပတ်သက်သော လုပ်ငန်းများမလုပ်သင့်ပါ။အမှုအခင်းဖြစ်ပါကရံှုးနိမ့်မည်။ စီးပွားရေးအနေနဲ့ ဆေးဝါးလုပ်ငန်း၊ ဆန်၊ဆီ၊ဆား၊ ဖုန်းနှင့်ဆက်စပ်ပစ္စည်း ရောင်းဝယ်ခြင်းအကျိုးပေး၏။ စက်ပစ္စည်းနှင့် မတော်တဆထိခိုက်ဒဏ်ရာရတတ်သည်။ဒဏ်ရာရယုံပါ။အမျိုးသားများ သရုပ်ဆောင်၊ မော်ဒယ်၊ စာပေ စာရေးသားခြင်းဆိုင်ရာအကျိုးပေး၍ နာမည်ရအံ့။ စနေ့၊ဗုဒ္ဓဟူးနှင့်စပ်တူ့ရှယ်ယာများမလုပ်ပါနင့်။အတိုက်အခံအခက်အခဲများကြားမှအောင်မြင်မည်။

အချစ်ရေးနှင့်အိမ်ထောင်ရေး-အချစ်ရေးမှာ ၃ပွင့်ဆိုင်ပြဿနာများဖြစ်လာတတ်သည်။ လူမသိကိစ္စအရှက်တကွဲများ ကြုံတွေ့ရတတ်သည်။ ချစ်သူနှင့် တစ်ခြားမိန်ကလေးတစ်ဦး စေ့စပ်၊ လက်ထက် သတင်းကြားရတတ်။အိမ်ထောင်ရေး ကံကောင်းပါမည်။

ကျန်းမာရေး- ထွေထွေထူးထူး မရှိပါ။ ဆွေးမျိုးများ ဆေးကုသမှုခံယူခြင်းအိမ်မှာ လာကုခြင်းကြုံအံ့၊ မိမိအိတ်ထဲစိုက် ငွေကုန်ဖြစ်အံ့။

တောင်အရပ်အကျိုးပေး၏။အနောက်အရပ်စန်းပွင့်၏။

မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဘုရားတွင် သနပ်ခါးညွန့်၊ သံပုရာသီး (၁)လုံး လှူပြိးသွားပါ။ မှတ်ချက်-သနပ်ခါးညွန့်အရွက်ကိုင်းဖြစ်ရမည်။အဖူး၊ပန်း မပါရ။

အကျိုးပေးဂဏန်း ➖ {၈-၄-၃}

အကျိုးပေးအရောင် ➖ နု့ိနှစ်ရောင်၊ မီးခိုးရောင်၊

ရှောင်ရန် ➖ မြောက်အရပ်

ဆောင်ရန် ➖ သနပ်ခါးညွန့်၊ သံပုရာသီး

ယတြာ ➖ ဒံပေါက်အလွတ်ဆွမ်းကပ်လှူပါ။

ကြာသပတေးသားသမီး

ကြာသပတေးသားသမီးများ စနေနံပစ္စည်း မြောက်အရပ်က ဝင်လာပေးလျှင်ထီးထိုးပါ။ (၄-၅-၈)ထိုဂဏန်းအပါ မြောက်အရပ်ကဆိုင်တွင်ထိုးပါ။ ဘုရားဖူးခရီးသွားရမည်။ မိတ်ဆွေဟောင်းများနှင့်ပြန်ဆုံမည်။

စီးပွားရေးအနေနဲ့ ကြာသပတေးနံ စနေနံ မြေ၊ မီးသွေးလုပ်ငန်း၊ထီး၊ဖိနပ်၊အထည်၊ဓား လုပ်ငန်းများအစစအကျိုးပေး၏။ ရွှေငွေရတနာဝင်ကိန်းရှိသည်။ ဝန်ထမ်းများရာထူးတိုးမည်။ ဘာသာရေးကိုအထူးဂရုပြုလုပ်ဆောင်ပါ။

၁၃၈၀-ခု တပို့တွဲလဆန်း(၃)ရက် ကြာသပတေးနေ့ နံနက်(ရး၄၂) ရှင်ပြုနားသ၊ စေ့စပ်၊ လက်ထပ် ဝိဝါဟမင်္ဂလာ၊ တိုင်ထူ၊ လှေကားတင်၊အိမ်ပြောင်း၊အိမ်တက်၊ ကလေး နာမည်မှည့်၊ ထီထိုး၊ မိတ်ဆွေသစ်ဖွဲ့ခြင်း၊ ခွဲစိတ်ကုသခံယူခြင်း၊အစုရှယ်ယာဝင်ခြင်း၊ ရေတွင်းရေကန်၊ တူးဖော်ခြင်း၊ ဆံရိတ်၊ ဆံသ၊အလှပြင်၊အလုပ်သစ်လျှောက်ခြင်း၊ ကုမ္ပဏီထူထောင်ခြင်း၊ ငွေကြေးချေးငှားခြင်း၊အလုပ်စကားပြောခြင်း ကောင်း၏။

အချစ်ရေးနှင့်အိမ်ထောင်ရေး- ပျော်ရွင်သော ခရီးဝေး သွားခြင်း၊အဖိုးတန်ပစ္စည်းများရတတ်လို့ ခရီးဝေးချစ်သူတွေ့အံ့၊အချစ်ရေးပြောဆိုခြင်းကောင်း၏။အဖြေရအံ့။ ရှင်ပြုနားသ၊ စေ့စပ်၊ လက်ထပ် ဝိဝါဟမင်္ဂလာ၊ တိုင်ထူ၊ လှေကားတင်၊အိမ်ပြောင်း၊အိမ်တတ်ပြုလုပ်ရအံ့။ ပညာရေး-အသင့်အတင့်ကောင်း၏။ ကျန်းမာရေး - ကိုုယ်ခန္ဓာညာဘက်ခြမ်း ဝေဒနာခံစားရအံ့။

မြောက်အရပ်အကျိုးပေး၏။အနောက်အရပ်စန်းပွင့်၏။

မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဘုရားတွင် (၁)လုံး လှူပြီးသွားပါ။

အကျိုးပေးဂဏန်း ➖ {၄-၅-၈}

အကျိုးပေးအရောင် ➖ လိမ္မော်ရောင်၊ ကြည်ပြာရာင်၊

ရှောင်ရန် ➖ တောင်အရပ်

ဆောင်ရန် ➖ ထန်းလျှက်(၃)လုံး

ယတြာ ➖ နံနက်(ရး၄၂) ဒေါနညွန့်နှင့် လမုန့်(၅)ဆွမ်းကပ်လှူပါ။

သောကြာသားသမီး

သောကြာသားသမီးများ စိတ်ထဲမငြိမ်မသက်ဖြစ်ပြိး ဟိုသွားချင် ဒီသွားချင်ဖြစ်နေမည်။ နောက်ပြီးဟုတ်တာလဲမဟုတ်ပါ။ စိတ်မြန်ခြင်း၊အလောတကြီးဆုံးဖြတ်ခြင်းလျှော့ပါ။ မတော်တဆထိခိုက်မှုအန္တရာယ် ဂရုစိုက်ရမည်။ နဂါးရုပ်ထု၊ ပုံအဝင်၊အဝယ်မကောင်း၊ လက်ဆောင်ပေးလဲ မယူသင့်ပါ။

စီးပွားရေးအနေနဲ့ ဆံရိတ်၊ဆံသ၊အလှပြင်၊ ဖက်ရှင်ဒီဇိုင်းတီထွင်ခြင်း၊ ရတနာရောင်းဝယ်ခြင်း၊ တူးဖော်ခြင်း၊အိမ်၊ခြံ၊မြေရောင်းဝယ်ခြင်း၊အာမခံ၊ ဥယျာဉ်ခြံလုပ်ခြင်း၊ စက်မှုလုပ်ငန်းအကျိုးပေး၏။

အနှောင့်အယှက်များမည်။ စကားကတိမတည်သောသူများနှင့် တွေ့မည်။ ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး ပြောတတ်သောသူများအပေါ်ယုံစား၍ ဒုက္ခတွေ့မည်။

၁၃၈၀-ခု တပို့တွဲလဆန်း(၄)ရက် သောကြာနေ့ နံနက်(၉း၂၅)အတွင်း ဘုရားပင့်ဆောင်ခြင်း၊ ရှင်ပြု၊ နားသ၊ စေ့စပ်၊အာမခံ၊ ဥယျာဉ်ခြံလုပ်ခြင်း၊ စက်မှုတီထွင်ခြင်း၊ မြေသန့်မင်္ဂလာ၊ ရေကြောင်းခရီသွားလာခြင်းကောင်း၏။

အချစ်ရေးနှင့်အိမ်ထောင်ရေး- ချစ်သူပေါ်မိမိအား သံယောဇဉ်ထားခြင်း၊အလိုလိုက်ခြင်း၊ ဥပေက္ခာပြု စိတ်နာကျည်းခြင်းဖြစ်ပေါ်တတ်။ ချစ်မြတ်နိုးမှုကိုအလွန်တောင့်တရအံ့။အိမ်ထောင်ရေး သာယာအံ့။ ဘုရားဖူးခရီးသွားလာရကိန်းရှိသည်။ တနေတကျေး ပြည်ပရှိ မောင်နှမ၊ ဇနီးမောင်နှံအိမ်ထောင်ဘက်ထံမှ ငွေအစုအခဲပို့လိမ့်မည်။

ကျန်းမာရေး-မိဘအကြီးအကဲ ကျန်းမာရေးချူချာမည်။

အရှေ့အရပ်အကျိုးပေး၏။ မြောက်အရပ်စန်းပွင့်၏။

မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဘုရားတွင် ဒန်ညွန့်၊နှင်းဆီးပန်း (၃)ပွင့် လှူပြိးသွားပါ။

အကျိုးပေးဂဏန်း ➖ {၅-၃-၈}

အကျိုးပေးအရောင် ➖အနီရောင်၊ ပန်နုရောင်၊

ရှောင်ရန် ➖အနောက်အရပ်

ဆောင်ရန် ➖ ဒန်းညွန့် လက်တစ်ဆစ်

ယတြာ ➖ နံနက်(၉း၂၅)အတွင်း ဒန်းညွန့်(၉)ညွန့်နှင့်အုန်းဆွမ်းကပ်လှူပါ။

စနေသားသမီး

စနေသားသမီးများ မိသားစုနှင့်ပတ်သက်သော ကောင်းသတင်းနှင့်တိုးတက်မှုဖြစ်ရပ်ကြုံမည်။ တနင်္ဂနွေသားသမီး ထံအကူအညီရအံ့။အကျိုးပေး၏။အခြေအနေသစ်များ၊အခွင့်အရေးသစ်များရရှိမည်။ ကမ်းလှမ်းလာသောအခွင့်အလမ်းများကိုလက်ခံနိုင်သည်။ စီးပွားရေးအနေနဲ့ စာပေကိရိယာဖြန့်ချီခြင်း၊ ပုံနှိပ်တိုက်၊ စာပေ၊စာရေးနှင့်စာနယ်ဇင်း၊မီဒီယာ၊အွန်လိုင်းရှော့ပင်၊ ရေကြောင်းခရီသွားလာလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းအကျိုးပေး၏။

၁၃၈၀-ခု တပို့တွဲလဆန်း(၅)ရက် စနေနေ့ ဘုရားတည်၊ ထီးတင်း၊အနေကဇာတင်၊အဓိဌာန်ဝင်ခြင်း၊ သိက္ခာတင်၊ တိုင်ထူ၊အုတ်မြစ်ချ၊ ကလေးထမင်းခွံ၊ ကင်းပွန်းတပ်၊ ဆိုင်းဘုတ်တင်ခြင်း၊အနုပညာသရုပ်ဆောင်ခြင်း၊ ဆေးဖော်၊ ဆေးခန်းဖွင့်၊ နံနက်(၁၀း၅၆)နာရီလွန် ရေကန်တူးဖော်ခြင်း၊ ဘဏ်စာရင်းဖွင့်၊ ထီးထိုးနှင့်စာပေကိရိယာဖြန့်ချီခြင်း၊ ရေကြောင်းခရီသွားလာခြင်း၊ ပျိုးကြဲ၊ သစ်ပင်စိုက်၊အချစ်ရေးစကားပြောခြင်းကောင်း၏။

ဂဠုန်

ပညာရေး-အတိုက်အခိုက်များအံ့၊ ဆရာသမားနှက့်ရန်တိုက်ခံရအံ့၊ ဆရာနှင့်တပည့်အမှားယွင်းဖြစ်အံ့။

အချစ်ရေးနှင့်အိမ်ထောင်ရေး-အချစ်ရေးစကားပြောခြင်းကောင်း၏။ နှစ်ပတ်လည်အိမ်ထောက်ရေး ပြုလုပ်ရခြင်းအဖိုးတန်းအိမ်၊ မြေ၊ လက်ဝတ်ရတနာ နှင့် လုပ်ငန်းပေးအပ်ခြင်း ရအံ့။အချစ်ရေးကံ စံပွင့်၏၊ သစ္စာရှိပါ။ သြဇာပြောစကားဆိုခြင်း ရှောင့်သင့်၏။

အနောက်တောင်အရပ်အကျိုးပေး၏။ မြောက်အရပ်စန်းပွင့်၏။

မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဘုရားတွင်အုန်း၊သြဇာ၊သပြေ (၃)ညွန့် လှူပြိးသွားပါ။

အကျိုးပေးဂဏန်း ➖ {၇-၁-၅}

အကျိုးပေးအရောင် ➖ ကြက်သွေးရောင်၊အဝါရောင်၊

ရှောင်ရန် ➖အရှေ့မြောက်အရပ်

ဆောင်ရန် ➖ သပြေညွန့်

ယတြာ ➖ နံနက်(၁၀း၅၆)အုန်း၊သြဇာ၊သပြေ(၇)ညွန့်စီ ကပ်လှူ ကြက်ဆီထမင်းဆွမ်းကပ်လှူပါ။

ရာဟုသားသမီး

ရာဟုသားသမီးများ လုပ်ငန်းဖက်စပ် လုပ်ငန်းရှင်း ကမ်းလှမ်းလာသောအခွင့်အလမ်းများကိုလက်ခံရရှိနိုင်သည်။ ကာလအတန်ကြာဆုံးဖြတ်ရန်ခက်ခဲသည်များကို ယတိပြတ်ဆုံးဖြတ်နိုင်မည်။အပြောင်းအလဲများရှိပါသည်။ လောင်းကစားနှင့်ပတ်သက်သောလုပ်ငန်းများမလုပ်သင့်ပါ။အမျိုးသမီးရှင်များ မိတ်ကပ်၊အလှပြင်၊ ရတနာဝတ်ဆင်အငှားလုပ်ငန်း၊ဖက်ရှင်ဒီဇိုင်နာအကျိုးပေး၍ နာမည်ရအံ့။

စီးပွားရေးအနေနဲ့ ဆန်၊ဆီ၊ဆား၊စတိုးဆိုင်၊ကုန်ဝယ်ကုန်ရောင်း၊ကုန်ကူးသန်းရေးအကျိုးပေး၏။

အချစ်ရေးနှင့်အိမ်ထောင်ရေး-အချစ်ရေးမှာ ဘုရားသိ၊နတ်သိ ကိုယ်ဝန်ဖြစ်ပေါ်ခြင်း လူမသိကိစ္စအရှက်တကွဲများ ကြုံတွေရတတ်သည်။အိမ်ထောင်ရေးထောင်ရေးကံကောင်းပါမည်။ မိသာစုအတွင်းရေးများ ဝင်ရောက်ဖြေရှင်းပေးရတတ်သည်။ စေတနာဝေဒနာဖြစ်အံ့။

ပညာရေး-အသင့်တင့်ကောင်း၏။ ခေါင်ဆောင်နေရာနှင့် လက်အောက်ငယ်သား ရာထူးတိုးအုပ်ချုပ်ရအံ့။

ကျန်းမားရေး- ကျောက်ကပ်၊ ဆီးရောဂါ ဝေဒနာဖြစ်တတ်သည်။

မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဘုရားတွင် ရွက်လှညွန်(၈)ညွန့် သံပုရာသီး (၁)လုံး လှူပြိးသွားပါ။

တောင်အရပ်အကျိုးပေး၏။နောက်အရပ်စန်းပွင့်၏။အကျိုးပေးဂဏန်း ➖ {၃-၄-၈}

အကျိုးပေးအရောင် ➖အညို့ရောင်၊ ဖက်ဖူးရောင်၊ ရှောင်ရန် ➖ မြောက်အရပ်

ဆောင်ရန် ➖ သံပုရာသီး

ယတြာ ➖ ရွက်လှညွန်(၈)ညွန့်နှင့် ကော်ဖီဆွမ်းကပ်လှူပါ။




Some text some message..